Subscribe to our RSS Feed

“ရိုဟင်ဂျာ” ဟူသည့် စကားလုံး မသုံးရန် ကုလကိုယ်စားလှယ်အား အစိုးရ အကြိမ်ကြိမ် သတိပေးခဲ့

From : .. mizzima


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၆ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီးလီ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့စဉ် “ ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းအား မသုံးရန် အစိုးရက ထပ်ခါထပ်ခါ သတိပေးခဲ့သည်ဟု မစ္စရန်ဟီလီက သတင်းမီဒီယာများအား ထုတ်ဖော် ပြောဆိုလိုက်သည်။


အစိုးရ ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ မစ္စ ရန်ဟီလီက “ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုမထားဘူး၊ ဒါ့ကြောင့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးလို့ မရဘူးလို့ ကျွန်မကို အစိုးရက အကြိမ်ကြိမ်ပြောခဲ့တယ်”ဟု သတင်းမီဒီယာများအား ပြန်လည် ပြောပြခဲ့သည်။

ထိုသို့ အစိုးရက “ ရိုဟင်ဂျာ”ဟု ခေါ်ဝေါ်ခွင့် ပိတ်ပင်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံသား၊ လူမျိုးစု၊ ဘာသာရေး၊ ဘာသာစကားဆိုင်ရာ စရိုက်လက္ခဏာတို့အား အခြေခံပေါ်ပေါက်လာကာ မိမိတို့ကိုယ် မိမိ အသိအမှတ်ပြုခြင်းသည် လူနည်းစုများ၏ အခွင့်အရေးဖြစ်ပြီး ထိုသူများအပေါ်တွင် ခွဲခြား ဆက်ဆံမှုများ မရှိစေရန်မှာ အစိုးရ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်သည်ဟု မစ္စရန်ဟီးလီက ပြောသည်။ မစ္စရန်ဟီလီမှ မိမိမှာ လွတ်လပ်သည့် လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သူ တစ်ဦးဖြစ်သဖြင့် ပြောဆိုခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ရာတွင် ဗုဒ္ဒဘာသာများ နေထိုင်သည့် စခန်းများနှင့် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် စခန်းများကို သွားရောက်ခဲ့ပြီး နှစ်ဘက်လုံးတွင် အခက်အခဲများ ရှိနေသည်ဟု သူမက ပြောသည်။ စခန်းများတွင် လျှပ်စစ်မီးများ၊ အိမ်သာများ မရှိသဖြင့် စခန်းတွင်း နေထိုင်သည့် အမျိုးသမီးများနှင့်
ကလေးများမှာ ခက်ခဲသည့် နေ့စဉ် ဘ၀များကို ဖြတ်သန်းနေရသည်ဟုလည်း မှတ်ချက်ပြုသွားသည်။

ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်နှင့် တွေ့ဆုံကာ ၁၉၈၂ ခုနှစ် ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်များကိုလည်း မေးမြန်းခဲ့သည်။

မစ္စရန်ဟီးလီမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်သည့် ကျွမ်းကျင်သည့် ပါမောက္ခတစ်ဦးဖြစ်ပြီး လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၊ ဆောင်ကျိုဝမ်တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။


.. www.MyanmarExpress.net
 

6 comments:

ဘင်္ဂလီတွေကို ရိုဟင်ဂျာလို့ခေါ်စေချင်ရင် အရင်ဆုံး မင်းတို့အမေရိကန်မှာ ခိုးဝင်နေထိုင်နေတဲ့ မက္ကဆီကန်တွေကို မှတ်ပုံတင်ထုတ်ပေးပြီး အမေရိကန်ပါလို့ ရဲရဲဝင့်ဝင့်ခေါ်ပြလိုက်။ ပြီးရင်ပြည်နယ်တစ်ခု ခွဲပေးလိုက်။

နိုင်ငံသား၊ လူမျိုးစု၊ ဘာသာရေး၊ ဘာသာစကားဆိုင်ရာ
စရိုက်လက္ခဏာတို့အား အခြေခံပေါ်ပေါက်လာကာ မိမိတို့ကိုယ် မိမိ အသိအမှတ်ပြုခြင်းသည်
လူနည်းစုများ၏ အခွင့်အရေးဖြစ်သည်ဟု
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၆ရက် ညနေပိုင်းက
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည်မြန်မာနိုင်ငံရှိ နိုင်ငံသားများ၊
လူမျိုးစုများ ကိုကောင်းစွာလေ့လာထား
သူတစ်ဦး မဟုတ်တာ သေချာပြီး။
၎င်းမှာ ပြည်ပမှ( ရိုဟင်ဂျာ RSO)ဘင်္ဂလီသောင်းကျန်သူများရဲ့
ဖိအားပေးခြင်းကိုခံထားရသူတစ်ဦးဖြစ်မည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ တာဝန်မှာ လူနည်းစုများရဲ့ ဖုံးကွယ်ထားရမှာမဟုတ်ဘဲ၊အမှန်တကယ် လူမျိုးစုလူမျိုးအမည်ကို မှန်ကန်သော
လူမျိုးစုလူမျိုးအမည်ကို ဖော်ထုတ်ရမည်ဖြစ်သည်။
ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် လုံးဝမရှိသော လူမျိုးဖြစ်သည်။
ဘင်္ဂလီလူမျိုး များသည် ပြည်တွင်းပြည်ပ မီဒီယာကို အသုံးချပြီး၊
ရိုဟင်ဂျာ လူမျိုး အမည်ခံနေခြင်းဖြစ်သည်။


rohinga+daw su=?[ parasite=nld [muslinsociety]

She is implying that she recognizes these Begali are one of Myanmar ethnic races. If she does she is definitely not a person to be welcomed to our Rakhine and all Myanmar states any more. People should condemn her statement made at the Airport.
I have predicted that she is the bean in the same basket as her predecessor Quintana.

Send her to North Korea.

MYANMAR SHOULD BAN THE ABOVE NAME IN
ALL MATTERS IN MYANMAR.
SHOULD NOT ALLOW TO USE SIGN BOARD NAME..
SHOULD NOT ALLOW TO USE ASSOCIATION
NAME AND GROUP NAME ETC...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်