Subscribe to our RSS Feed

လုံခြုံရေးအရ ကာမိုင်းစာစစ်ဌာန မြစ်ကြီးနားသို့ ပြောင်းရွှေ့

From : Popular

လုံခြုံရေးအခြေအနေကြောင့် ကာမိုင်းစာစစ်ဌာနကို မြစ်ကြီးနား သို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ကျောင်းသား၊ကျောင်းသူ ၃၂၉ ဦးလျှောက်လွှာတင်ထားသော ကာမိုင်းမြို့နယ်ရှိ စာစစ်ဌာနကို မြစ်ကြီး နားသို့ပြောင်းရွှေ့ရန် ပညာရေးဝန် ကြီးဌာနမှ ဖေဖော်ဝါရီ ၁ဝ ရက် တွင် တရားဝင်ညွှန်ကြားခဲ့သည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်လူမှုရေးဝန် ကြီး ဒေါ်ဘောက်ဂျာက ''သက်ဆိုင်ရာမြို့နယ်
ပညာရေးမှူးတွေရဲ့တင်ပြချက်အရ နေရာပြောင်းရွှေ့ ပေးတာပါ''ဟုပြောသည်။ ကာမိုင်း ရဲစခန်း အတိုက်ခိုက်ခံရသည်အထိ ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုကဲ့သို့ စာစစ်ဌာန ပြောင်းရွှေ့ရခြင်းဖြစ်သည် ဟုသိရပြီး ယခင်နှစ် ကလည်း ဆင်ဘိုစာစစ်ဌာနကို အလားတူ ပြောင်း ရွှေ့ခဲ့သည်ဟု သိရသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအေးကြူက ''ကျောင်း သား ကျောင်းသူတွေရဲ့ လိုအပ်ချက် ရှိတယ်လို့ သတ်မှတ်ထားတဲ့အ တွက်ပါ''ဟု ပြောသည်။ ၂ဝ၁၃ ခု နှစ် မတ်လတွင်စစ်ဆေးမည့် တက္က သိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ် တစ်ဝန်းလုံး၌ ဖြေဆိုရန် ၂၂၆၄၈ ဦးလျှောက်လွှာတင်ထားပြီး စုစု ပေါင်းစာစစ်ဌာန ၄၈ ခု ဖွင့်လှစ်မည် ဟု သိရှိရသည်။

. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်