Subscribe to our RSS Feed

မအူပင်မြို့နယ် ပဠိပက္ခ တွင် ရဲ ၂၇ ဦးနှင့် ပြည်သူ ၁၅ ဦးဆေးရုံရောက်နေကြောင်းသိရ

From : popular

မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာတွင် ဖြစ်ပွားနေသော ပဠိပက္ခ ကြောင့် ရဲတပ်ဖွဲ့မှ ဒဏ်ရာရရှိသူ ၁၄ ဦးကို အတွင်းလူနာအဖြစ်လည်းကောင်း၊၁၃ ဦးကို ပြင်ပလူနာအဖြစ်လည်းကောင်း၊ဒေသခံတောင်သူများမှ ၁၅ ဦးကို ပြင်ပလူနာအဖြစ် မအူပင်ဆေးရုံတွင် ကုသနေရကြောင်း မအူပင် မြို့နေ ဒေသခံတစ်ဦးက ပေါ်ပြူလာ နယူးစ်ဂျာနယ်သို့
ပြောကြားသည်။

"မနေ့ည ၁၂ အထိ ရတဲ့ သတင်းပါ၊ခုချိန်ထိ အဲဒီကန်ဘောင်မှာ လူတွေ ရှိနေတုန်းပဲလောလောဆယ်
သေတဲ့ လူနာ စာရင်းမထွက် သေးပါဘူး" ဟု ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံများ၏ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဆက်စပ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တောင်းဆိုမှု ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
  

 . www.MyanmarExpress.net
 

1 comments:

Yအဲ သ လို ဖြစ် ကြ သ လား ဥ ပ ဒေ အ တိုင်း လုပ် ကြ ပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်