Subscribe to our RSS Feed

ငွေလဲနှုန်းကို မျက်ကွယ်ပြုနေသော အစိုးရအား သူရဦးရွှေမန်း မေးခွန်းထုတ်

From : 7day

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ တရားဝင်လဲလှယ်ခွင့်ပြုခဲ့သည့်အချိန်မှ ယနေ့အထိ တစ်ဒေါ်လာလျှင် ၈၅၀ ကျပ်ဝန်းကျင်သာရှိနေပြီး အစိုးရက ပြည်သူများ အကျိုးရှိသောနှုန်းသို့ရောက်အောင် ထိန်းညှိပေးခြင်း မရှိသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းထုတ် ဆွေးနွေးခဲ့သည်။

“နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်ဦးချင်းဝင်ငွေကို နိုင်ငံခြားငွေဖြင့် ဖော်ပြရာမှာ အမြင်ကောင်းကောင်း ကိန်းဂဏန်း များအောင် တစ်ဒေါ်လာငွေလဲနှုန်း ၈၅၀ ကျပ်ဝန်းကျင်မှာပဲ ထားနေတာလား။ ၉၅၀၊ ၁၀၀၀ ကျပ် ၀န်းကျင်ထားရှိမှ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းမှာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတာလား” ဟု သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံစီးပွားရေးကောင်းစေရန် ငွေလဲနှုန်းကို သင့်လျော်သကဲ့သို့ ထိန်းညှိပေးပြီး ကိုယ့်နိုင်ငံငွေ မလိုအပ်ဘဲ တန်ဖိုး မမြင့်အောင်လုပ်ပြီး စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံများကို တွေ့မြင်နေရပါလျက် မိမိနိုင်ငံက ထိုနိုင်ငံများကဲ့သို့ ဘာကြောင့်မကျင့်သုံးနိုင်သည်ကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု ငွေလဲနှုန်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လက်ခစား CMP လုပ်သားများ အခက်အခဲဖြစ်နေကြောင်း၊ သက်ဆိုင်ရာအနေဖြင့် တာဝန်ယူရန်၊ တာဝန်ခံရန် အခက်အခဲရှိနေလျှင်လည်း လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရန် လိုသည်ဟုလည်းဆိုသည်။ အကယ်၍ ဆောင်ရွက်ရမည်ဆိုပါက လိုအပ်သော ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်မှုများ အမြန်လုပ်ဆောင်ရန် လိုအပ်ကြောင်း ယင်းက တင်ပြပြောကြားသည်။

ငွေလဲနှုန်းသည် ၉၅၀ နှင့် ၁၀၀၀ ကျပ်ဝန်းကျင်တွင် သင့်လျော်ပြီး ယင်းသို့ဖြစ်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယမန်နှစ်က ပြုလုပ်သော အခမ်းအနား တစ်ခုတွင် ပြောကြားခဲ့ဖူး
သည်။

ငွေလဲလှယ်နှုန်းသည် ယမန်နှစ်အစောပိုင်းက ၈၂၀ ကျပ်ဝန်းကျင်နှုန်းရှိခဲ့ပြီး နှစ်ဝက်ကာလတွင်မူ ၈၈၀ ကျပ်အထိ ရောက်ရှိခဲ့ကာ ထို့နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ကျဆင်းပြီး လောလောဆယ်တွင် ကျပ် ၈၆၀ ကျော် ရှိသည်။

အောက်စ်ဖို့တက္ကသိုလ်မှ ပညာရှင်များက မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ရန် မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၀၀၀ ၀န်းကျင်နှင့်အထက် သတ်မှတ်ရန် လွန်ခဲ့သည့်နှစ်အနည်းငယ်က အကြံပြုခဲ့သည်။ ထို့ပြင် နိုင်ငံတကာငွေကြေးနှင့် ဘဏ်ပညာရှင်များကလည်း အလားတူ အကြံပြုခဲ့ဖူးသည်။

ကျပ်ငွေတန်ဖိုး မာသောကြောင့် ပို့ကုန်လုပ်ငန်းများ အားလုံးရသော ဒေါ်လာတန်ဖိုးနည်း၍ ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန် စသော ကုန်စည်များ ဈေးကျခြင်းနှင့် ရင်ဆိုင်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။ ဒေါ်လာတန်ဖိုးကျသော်လည်း သွင်းကုန်အများစုမှာ ဈေးမကျသည့်အတွက် ပြည်သူများမခံစားရဟု လုပ်ငန်းရှင်များက ထောက်ပြသည်။

နေပြည်တော်ရှိ ဆန်စက်လုပ်ငန်းရှင် ကိုနေစိုးက “မြန်မာက ဆန်တင်ပို့ကုန်ကို အများကြီး ပြောနေပေမယ့် ဈေးမရှိတော့ လယ်သမားတွေအတွက် မက်လုံးမရှိဘူး ဖြစ်နေတယ်။ ဒေါ်လာဈေးကောင်းလို့ စပါးဈေးမြောက်လာရင်တော့ လယ်ယာထွက်ကုန်တိုးလာမှာပဲ။ အခြားအကျိုးသက်ရောက်မှုတွေကိုတော့ ကျွန်တော် မပြောလိုပါဘူး” ဟု ပြောသည်။


  www.MyanmarExpress.net
 

5 comments:

ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက် လစာတိုးဖို့ ထက် မြန်မာငွေကြေး မာဖို့ကို ပိုစိတ်ဝင်စားပါတယ်။ ဥပမာ နိုင်ငံခြားမှတင်သွင်းတဲ့ ၁၀ ဒေါ်လာ တန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဟာ ငွေလဲနှုန်း တစ်ဒေါ်လာ ၁၀၀၀ ကျပ်ဖြစ်မယ်ဆိုရင် ၁၀၀၀၀ ကျပ် ပေးဝယ်ရမှာဖြစ်ပြီး ငွေလဲနှုန်း ၁ ဒေါ်လာ ၅၀၀ ကျပ်ဖြစ်ခဲ့ပါက ၅၀၀၀ ကျပ်သာ ပေးဝယ် ရမှာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်တော့ ဘယ်လိုလုပ်ပြီး သဘောကျမှာလဲ။ ဥပမာ အလုပ်သမား တစ်ယောက်ကို လစာ ၁၀၀၀၀ ကျပ် ပေးရမယ်ဆိုပါက ၁ ဒေါ်လာ ၁၀၀၀ ကျပ်ဆိုရင် ၁၀ ဒေါ်လာနှုန်းပဲ ပေးရမှာဖြစ်ပြီး ၁ ဒေါ်လာ ၅၀၀ ကျပ် ဆိုရင် ဒေါ်လာ ၂၀ ဖြစ်သွားမယ်။ သူတို့ အတွက်တော့ ဘယ်ကောင်း မလဲဗျာ။ ငွေလဲနှုန်းများတိုင်းသာ စီးပွားရေး အဆင်ပြေမယ်ဆိုရင် အမေရိကန်က မြန်မာငွေ တစ်ကျပ်ကို ဒေါ်လာ ၁၀၀၀ သတ်မှတ်ပါ့လား။

အရမ်းမဝေဖန်ပါနဲ့ 

ကျွန်တော်တို့လို အခြေခံ လူတန်းစားတွေ အတွက် လစာ တိုးဖို့ ထက် မြန်မာငွေကြေး မာဖို့ကိုပဲ မျှော်လင့်ပါတယ်။ ဥပမာ နိုင်ငံခြားက တင်သွင်းတဲ့ ၁၀ ဒေါ်လာတန် ပစ္စည်းတစ်ခုကို ငွေလဲနှုန်း ၁ ဒေါ်လာ ၁၀၀၀ ကျပ်မှာ ၁၀၀၀၀ ကျပ်ပေးရမှာဖြစ်ပြီး ငွေလဲနှုန်း ၁ ဒေါ်လာ ၅၀၀ ကျပ်သာဖြစ်ခဲ့မယ်ဆိုရင်တော ၅၀၀၀ ကျပ် သာ ပေးရတော့မှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်တော့ ဘယ်ကိုက်မလဲ။ အလုပ်သမား တစ်ယောက်ရဲ့ လုပ်အားခ ဟာ ၁၀၀၀၀ ကျပ်ဆိုပါဆို့။ ငွေလဲနှုန်း ၁ ဒေါ်လာ ၁၀၀၀ ကျပ်နှုန်းမှာ ၁၀ ဒေါ်လာပဲ ပေးရမှာ ဖြစ်ပြီး ငွေလဲနှုန်း ၁ ဒေါ်လာ ၅၀၀ သာဖြစ်ခဲ့ရင် ဒေါ်လာ ၂၀ တောင်ပေးရမှာ။ သူတို့ကတော့ ဘယ်ကြိုက် မလဲဗျာ။ အခြေခံ လူတန်းစားတွေအတွက် မြန်မာငွေကြေး မာတာ အလွန်ကိုကောင်းပါတယ်။ သမ္မတကြီးကိုလည်း ကျေးဇူး အလွန်တင်ပါတယ်ဗျာ။

စီပွားရေး လုပ်ငန်ရှင်တွေအတွက်တော့ စပါးတစ်တင်း ၁၀၀၀ ကျပ် ဆိုပါစို့။ ငွေလဲနှုန်း ၁ ဒေါ်လာ ၁၀၀၀ ကျပ်မှာ စပါးတစ်တင်း အတွက် ၁ ဒေါ်လာပဲ ပေးရမှာဖြစ်ပြီး ငွေလဲနှုန်း ၁ ဒေါ်လာ ၅၀၀ ကျပ်ဆိုရင် စပါးတစ်တင်းအတွက် ၂ ဒေါ်လာတောင် ပေးရမှာ။ အသိပညာနည်းတဲ အခြေခံ လူတန်းစားကို ငွေလဲနှုန်းမြှင့်ပြီး အကျိုးရှိအောင် ဘယ်လိုနည်းနဲ ဆောင်ရွက် နိုင်လိမ့်မယ်ဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ်ဗျာ။ ငွေလဲနှုန်း တိုးမြှင့်လိုက်တာနဲ နိုင်ငံခြားက ကျုပ်တို့ဆီက ထွက်တဲ့ ဆန်စပါးကို ဒေါ်လာတွေ ပိုပေးပြီး ၀ယ်မှာတဲ့လား။ သူတိုကသာ ဒေါ်လာတန်ဖိုး နဲနဲ နဲ့ တန်ဖိုးညီတဲ့ မြန်မာငွေ များများကို ပေးပြီး သူတို့ ကောင်းစားဖိုပဲလုပ်သွား လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ ဒေါ်လာတန်ဖိုးမြှင့်ပြီး ဆင်းရဲတဲ့ အခြေခံလူတန်းစားကို မက်လုံးပေးပြီး စီးပွားရှာတဲ့ ပုံစံမျိုး ဖြစ်လာမှာကို စိုးရိမ်မိတယ်ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်