Subscribe to our RSS Feed

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များမှ ကချင်ပြည်နယ် အတွင်း ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

From :MWD 

နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ် အတွင်း ယမန်နေ့က တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့မှ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၁) နှင့် (၂) သည် ပူတာအို နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁ဝဝ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၃) သည် ဒုတ္ထာန် ကျေးရွာမှ ဒေသခံ ပြည်သူ ၁၄ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၄) သည် ဇီဒမ်း ကျေးရွာမှ ဒေသခံ ပြည်သူ လေးဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၅) သည် စာရိတ္တ ကျေးရွာမှ ဒေသခံပြည် သူ ၁၂ ဦး၊ စုစုပေါင်း ၁၃ဝ ဦးအား ကျန်းမာရေး စောင့်ရှောက် ကုသမှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ကချင်ပြည်နယ် အတွင်း တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ ၂၃ ရက် အထိ ဒေသခံ ပြည်သူ ၅၃၃၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး  နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိ သည်။
 www.MyanmarExpress.net
 

1 comments:


ဒါမျိုး ကို KIA က လုံးဝ မလုပ်ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်