Subscribe to our RSS Feed

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၈ ရပ်ကွက် မီးလောင်

From : ရဲဇာနည်

၂၂-၂-၂၀၁၃ ရက်နေ့ ၁၁၃၀ ချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၈ ရပ်ကွက်၊ မင်းကြီးညို လမ်း၊ သစ်အရောင်းအိမ်ယာဝင်းအနီးရှိ လမ်းဘေးတွင် (၁၉)ရပ်ကွက်နေ မသန္တာလွင်(၃၈)နှစ် ပိုင်ဆိုင် သည့် ““ကောင်းမွန်”” စက်သုံးဆီအရောင်းဆိုင်တွင် ဓါတ်ဆီပီပါထဲမှ ၄ ဂါလံအား သံပုံးထဲသို့ ဆီတုံကင် ဖြင့် ဆီဖြည့်နေစဉ် အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွပ်နေပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁၄၅ ချိန် မီးငြိမ်းသွားခဲ့သည်။


မီးလောင်မှုကြောင့် မသန္တာလွင်တွင် ၀ဲလက်ဖျံနှင့် ၀ဲလက်ဖမိုးတို့၌ မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ၁၀ ပေ ပတ်လည်သွပ်မိုးထရံကာမြေစိုက် ၁ လုံး မီးလောင်ခဲ့ပြီး တန်ဖိုးငွေ ၁၀၆၀၀၀ိ/- ခန့် ဆုံးရှုံးခဲ့သဖြင့် မသန္တာလွင်အား တောင်ငူအမှတ်(၁)ရဲစခန်း(ပ)၁၁၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်