Subscribe to our RSS Feed

မြန်မာ-မလေးရှားကုန်သွယ်မှု ယခုနှစ်ကုန်တွင် ရင်းဂစ် ၃ ဘီလီယံအထိရှိရန် ရည်မှန်း

From :myanma age


မြန်မာနှင့် မလေးရှားတို့၏ နှစ်နိုင်ငံကုန်သွယ်မှုသည် ယခုနှစ်
အကုန်တွင် ရင်းဂစ် ၃ ဘီလီယံအထိရှိလာရန် ရည်မှန်းထား
ကြောင်း မလေးရှား ပြည်ပကုန်သွယ်ရေး ဖွံ့ ဖြိုးရေးကော်ပို
ရေးရှင်း ၏ လက်ထောက်အမှုဆောင်အရာရှိချုပ် ဒါတွတ်ခမာ
ရူဒင် ဟာဆန်က ပြောကြားလိုက်သည်။

၎င်းက မြန်မာတွင် စီးပွားရေးလွတ်လပ်မှုများကို အစိုးရက
ဖေါ်ဆောင်လာသည်နှင့်အမျှ မလေးရှားပို့ကုန်များ မြန်မာသို့ တင်ပို့ခြင်းသည်လည်း ပိုမိုများပြားလာမည်ဖြစ်ကြောင်း
ပောကြားသည်။

ကွာလမ်ပူမြို့တော်တွင် ပြုလုပ်သော မြန်မာ့ရင်းနှီးမြှပ်နှံမှုဆိုင်ရာ
ဆွေးနွေးပွဲတွင် ၎င်းက သတင်းထောက်များအား “ပြီးခဲ့တဲ့
အတိတ်ကာလ တိုး တက်မှုစံနှုန်းတွေအရ ဒီနှစ်ထဲမှာပဲ ကုန်
သွယ်မှု ပမာဏ ရင်းဂစ် ၃ ဘီလီယံပမာဏကို ရောက်မယ်လို့
ကျွန်တော် အကောင်းမြင်ထားပါတယ် ”ဟု ပြောကြားသည်။

မြန်မာနှင့် မလေးတို့၏ ပြီးခဲ့သည့် ၂၀၁၂ တွင် နှစ်နိုင်ငံ
ကုန်သွယ်မှု တန်ဖိုးမှာ ရင်းဂစ် ၂ ဒသမ ၇၄ ဘီလီယံရှိ
ခဲ့သည်။

မလေးကုမ္ပဏီများသည် မြန်မာတွင် ရင်းနှီးမြှပ်နှံမှုများကို
အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာသည်နှင့်အမျှ ထပ်မံ တိုးမြှင့်သင့်ကြောင်းလည်း ၎င်း က ပြောကြားသည်။

မစ္စတာ ဒါတွတ် ခမာရူဒင် ဟာဆန်က “မြန်မာဟာ အခြေခံ အဆောက်အအုံဖွံ့ ဖြိုးရေး ကြီးကြီးမားမား လိုအပ်နေနေတာ
ပါ။ ဒီထဲမှာ လမ်းတွေ ၊ လေဆိပ်တွေနဲ့ အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံတွေပါဝင်ပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် နှစ်က မြန်မာတွင် မလေးရှား၏ ရင်းနှီးမြှပ်နှံမှုမှာ
ရင်းဂစ် ၃ဒဿမ ၁၈ ဘီလီယံ ရှိခဲ့ပြီး အများစုမှာ ရေနံ၊
သဘာဝဓါတ်ငွေ့နှင့် ဟိုတယ် လုပ်ငန်း၊ ပလတ်စတစ်
လုပ်ငန်းနှင့် ပင်လယ်ထွက်ကုန်အစားအစာ လုပ်ငန်းများ
တွင် ဖြစ်ကြသည်။



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်