Subscribe to our RSS Feed

KIA အဖွဲ့မှ တပ်သားသစ်စုဆောင်းခြင်းအား စီးပွားရေးလုပ်ငန်းတစ်ခု သဖွယ်လုပ်ဆောင်နေ

From : .http://www.kachindailynews.com/2013/02/kia_25.html

KIA အဖွဲ့များသည် မြို့ရွာများတွင် တပ်သားသစ်များကို စုဆောင်းမှုများကို လုပ်ဆောင်၍ ငွေကြေးများ ယူကာ ပြန်လည်လွှတ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ KIA နှင့် အစိုးရ တို့သည် ယခုလအစောပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားမှု မရှိသလောက်ဖြစ်နေခဲ့သော်လည်း KIA အဖွဲ့များက လူသစ်စုဆောင်းမှုများကို ပြုလုပ်နေခဲ့ကြပါသည်။ ဗဟိုမှ လူသစ်စုဆောင်းမှု မပြုစေရန်အတွက် ညွှန်ကြားချက်များ ထုတ်ထားခဲ့ သော်လည်း KIA အောက်ခြေ တပ်ရင်းများ
အနေဖြင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် ဒေသခံများကို လူသစ်စုဆောင်းပြီး ငွေကြေးဖြင့် လာရောက် ခေါ်ယူခိုင်းကာ ပြန်ပေးဆွဲသည့် အနေအထားမျိုးဖြင့် လုပ်ဆောင်နေကြသည်ဟု ၎င်းဒေသခံများမှ ပြောဆိုခဲ့ ပါသည်။


ဗဟိုမှ ထောက်ပံ့မှုနည်းသဖြင့် အောက်ခြေငယ်သားများကို ထောက်ပံ့ပေးနိုင်ရန်အတွက် ပြန်ပေးဆွဲ သည့် ပုံဖြင့် ငွေကြေးများကိုရယူနေရကြကြောင်း၊ ဗဟိုမှ လူသစ်စု ဆောင်းခြင်းကို ပြုလုပ်ပြီးငွေကြေး တောင်းခံ မှုများ မပြုလုပ်ရန်၊ ပြုလုပ်ပါက အရေးယူမည်ကို ညွှန်ကြားထား သော်လည်း KIA တပ်ရင်းမှူးများက တပ်သား သစ် စုဆောင်းမှုကို စီးပွားရေးလုပ်ငန်းတစ်ခုလို လုပ်ဆောင် နေကြသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆိုခဲ့ ပါသည်။
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်