Subscribe to our RSS Feed

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးမြသိန်းကို ခန့်အပ်

From :7day

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးမြသိန်း (ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွန်ကြားရေးမှူးချုပ် အငြိမ်းစား)ကို ခန့်အပ်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခန့်အပ်လိုက်သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အတွက် နိုင်ငံတော်သမ္မတမှ သုံးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ သုံးဦးစီရွေးချယ်၍ ဖွဲ့စည်းခဲ့ပြီး
ဦးမြသိန်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။

ဖွဲ့ဝင် ကိုးဦးမှာ ဦးမြင့်ဝင်း၊ ဦးသန်းကျော်၊ ဒေါ်လှမျိုးနွယ် (နိုင်ငံတော်သမ္မတက ရွေးချယ်အမည်စာရင်းပေးပို့သော သုံးဦး)၊ ဦးတင်မြင့်၊ ဒေါ်ကျင်စန်း၊
ဦးမျိုးချစ် (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်အမည်စာရင်းပေးပို့သော သုံးဦး)၊ ဦးမြသိန်း(ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်
အငြိမ်းစား)၊ ဦးမြင့်လွင်၊ ဦးမြသိန်း( ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူး) (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်အမည်စာရင်းပေးပို့သော သုံးဦး)တို့ဖြစ်သည်။


  . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်