Subscribe to our RSS Feed

ရဲကို သေနတ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရ

From : hot news



ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည်၏ အရှေ့  ဘက်ကမ်းရှိ ကရင်ကျေးရွာအုပ်စု၊  နန်းဟူးကျေးရှိနေအိမ်တစ်အိမ်အား ဘိန်းစိမ်းများဝယ်ယူသိုလှောင်ထား သည်ဟူသော သတင်းအရ တောင်ကြီးမူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့  ၀င်များက ဖေဖော်ဝါရီ ၂၁ ရက်  နံနက်တွင် ၀ိုင်းဝန်းဖမ်းဆီးရာနေ အိမ်အတွင်းမှ တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်  ခဲ့သူ အမျိုးသားတစ်ဦးမှာ မော်တော်  ကားဖြင့် မောင်းနှင်ထွက်ပြေးလွတ် မြောက်သွားကြောင်း ဒေသခံများ     ထံမှ သိရသည်။

အဆိုပါနေ့ နံနက် ၅ နာရီ  ခန့်အချိန်က တောင်ကြီးမူးယစ် အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ်ရဲတပ် ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်အင်အား ၁၃ ဦးခန့်တို့ဟိုင်းလက်ကားနှစ်စီးဖြင့် နန်းဟူးကျေးရွာသို့ရောက်ရှိလာပြီး  ဆန်းနိုင် (၂၅ နှစ်) ၏ နေအိမ်ကို ၀ိုင်းဝန်းခဲ့ကြကြောင်း ဆန်းနိုင်၏ နေအိမ်ခြံဝင်းမှာ ဧက၀က်ခန့်ကျယ်  ၀န်းပြီး ရှစ်ပေခ့်အမြင့်ရှိအုတ်တံ  တိုင်းဖြင့် ကာရံထားကြောင်း ခြံတံ ခါးကိုသော့ခတ်ထားကြောင်း ဆန်းနိုင်က ဓားပြဗျို့ ဓားပြဗျို့ဟု နေအိမ်အတွင်းမှ အော်ဟစ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့ဝင်မျာက ကားမီးများကို ဖွင့်ကာရဲတပ်ဖွဲ့၏  ယူနီဖောင်းများကို ကျေးရွာနေ ပြည်သူလူထုမှ မြင်သာစေရန် အတွက် အပေါ်အင်္ကျီများကို ချွတ်နေကြစဉ်နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် လှမ်းပစ်လိုက် သောကြောင့် တောင်ကြီးမူးယစ်  အထူးအဖွဲ့မှ ရဲအုပ်သန်းဇော်ဝင်း  ၏၀ဲဖက်တင်ပါးတွင် သံတိုသံစ တစ်ခုထိမှန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်ခြင်းမပြု ကြပဲ ခြံဝင်းအပြင်မှ စောင့်ဆိုင်း နေခဲ့ကြကြောင်း နံနက် ၉ နာရီ အချိန်ခန့်တွင် ဖယ်ခုံမြို့နယ်ဒုတိယ  ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး  ခန့်ထပ်မံရောက်ရှိလာပြီး ဆန်းနိုင်  ၏ နေအိမ်ကို ၀ိုင်းဝန်းခဲ့ကြောင်း  ထိုအချိန်မှာပင် ဆန်းနိုင်မှာ တူမီး သေနတ်ကို လက်တစ်ဖက်မှ ကိုင် ဆောင်လျက် ဆပ်(ဖ်)ကားအနက်  ရောင်ကိုမောင်းနှင်ထွက်ပြေးရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်  “၄၅”ချက်ခန့်ပစ်ခတ်ဖမ်းဆီးသော် လည်း ထွက်ပြေးလွတ်မြောက်သွား  ကြောင်း အဆိုပါကျေးရွာနေရပ် မိရပ်ဖတစ်ဦးကပြောသည်။

“ဆန်းနိုင်ရဲ့နေအိမ်က နှစ်ထပ်  တိုက်အိမ်ပါ။ မြေအောက်ခန်းလည်း  ရှိပါတယ်။ မြေအောက်ခန်းထဲမှာ  ဘိန်းစိမ်းအနံ့တွေလည်းရပါတယ်။  ဘိန်းစိမ်းအကြွင်းအကျန်တွေကို  လည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွား  ပါတယ်။ များများစားစားတော့ မတွေ့ရတော့ပါဘူး။ ဆန်းနိုင်က  မော်တော်ကားပေါ်ကို အထုပ်ငါး   ထုပ်လောက်ပစ်တင်သွားတာကို  ပတ်ဝန်းကျင်အိမ်တွေက လှမ်းမြင်  ရတယ်လို့ပြောပါတယ်။ ပစ်္စည်း တွေက ကားပေါ်မှာပါသွားတယ် ထင်ပါတယ်။ ဆန်းနိုင်က ကားကို   မောင်းနှင်ထွက်ပြေးတော့ အေး အေးဆေးဆေးပဲ။ အေးအေးဆေး  ဆေးပဲလို့အော်သွားပါသေးတယ်”  ဟု ယင်းကထပ်မံပြောကြားသည်။

အဆိုပါနေ့က အခင်းဖြစ်ပွား   ရာနေရာသို့တောင်ကြီးခရိုင်ရဲတပ် ဖွဲ့မှူးလည်းရောက်ရှိလာခဲ့ပြီး ဆန်း နိုင်အားဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာဆန်းနိုင်ကိုဖမ်းဆီး ရမိခြင်းမရှိသေးသော်လည်း ဆန်း နိုင်မောင်းနှင်ခဲ့သည့်မော်တော် ကားကို လွိုင်ကော်မြို့နယ်၊ ကုန်း သာကျေးရွာအုပ်စုအတွင်းရှိခဲ တောင်အနီးတွင် သေနတ်ထိမှန်  ထားသော ဒဏ်ရာခုနှစ်ချက်ခန်း နှင့် အတူတွေ့ရှခဲ့ကြကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူဒေသခံတစ် ဦးထံမှ သိရသည်။

ယခုအခါဆန်းနိုင်၏ နေအိမ်  တွင် ဆန်းနိုင်၏ ဇနီး၊ ဆန်းနိုင်၏  သုံးနှစ်သားခန့်ကလေးတစ်ဦး၊ ဆယ်ရက်သားခန့်ကလေးတစ်ဦး၊ ဆန်းနိုင်၏ ခယ်မတစ်ဦး ခြံအလုပ်  သမားအမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦးတို့နေထိုင်လျက်ရှိပြီး အဆိုပါနေအိမ်ကိုချိတ်ပိတ်သွား ဖွယ်ရာရှိကြောင်း အဆိုပါကျေးရွာ  နေသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်  ၍ ဖေဖော်ဝါရီ ၂၄ ရက်က မိုးဗြဲ ရဲစခန်းသို့လူကိုယ်တိုင်သွားရောက်  ၍လည်းကောင်း၊ ဖယ်ခုံရဲစခန်း ဖုန်းနံပတ် ၀၈၁-၅၆၀၁၀ သို့လည်း  ကောင်းဆက်သွယ်မေးမြန်းရာ မိုးဗြဲရဲစခန်းတွင်တွေ့ရှိရသည့် ဒုရဲအုပ်တစ်ဦးက “ဘာမှမသိပါဘူး” ဟု ဖြေကြားပြီး ဖယ်ခုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ “ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာမှန်ပါတယ်။ အသေး စိပ်ကိုတော့ အထက်လူကြီးတွေ မှ သိမှာပါ”ဟု ဖြေကြားသည်။

ယခုအခင်းဖြစ်ပွားရာနေရာ  အနီးဝန်းကျင်ရှိဒေသများတွင် ရေ၊  မြင်ကောင်းမွန်ပြီး စပါးနှင့် အခြား သီးနှံများစိုက်ပျိုးပါကဖြစ်ထွန်း အောင်မြင်သော်လည်း ဘိန်းစိုက် ပျိုးသူများပြားနေပြီး ယခုနှစ်တွင်  ဘိန်းစိမ်းတစ်ပိဿာလျှင် ကျပ်ခုနှစ်  သိန်းပေါက်ဈေးရှိကြောင်း ဒေသ ခံအချို့ထံမှ သိရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်