Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg နှင့်တွေ့ဆုံဆွေးနွေး

From : သမ္မတရုံး

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၆) ရက် ညနေ(၃) နာရီတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အစိုးရ ဧည့်ဂေဟာ၌ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg နှင့်တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ 

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မိမိ၏ ဥရောပခရီးစဉ်တွင် နော်ဝေနိုင်ငံကို မိမိ ပထမဆုံး လာရောက်လည်ပတ်သည့် ဥရောပနိုင်ငံအဖြစ် လာရောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ စတင်ချိန်တွင် နော်ဝေနိုင်ငံမှ ပြည်သူများနှင့် အစိုးရတို့၏ ကူညီပံ့ပိုးခဲ့မှုများကို မိမိတို့အစိုးရနှင့် ပြည်သူများက အသိအမှတ်ပြု ကျေးဇူးတင်သည့် အနေဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆွေတော်ဝန်ကြီးချုပ်၏ ယမန်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည် အချိန်ကာလ တိုတောင်းသော်လည်း နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းဝင်မည့် အရေးကြီးသည့် မှတ်တိုင် တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နေသည့် ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများထံမှ အတိုးနှုန်း သက်သာသော ချေးငွေများ၊ အထောက်အပံ့များ မရရှိမှုကို ဖြေရှင်းရန်အတွက် ပဲရစ်ကလပ်  အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးရာတွင် နော်ဝေနိုင်ငံ၏ အကူအညီ ပေးခဲ့မှုသည် အရေးကြီးပါကြောင်း။

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးမြီများကို လုံးဝ ဖျက်သိမ်း ပေးခဲ့ခြင်းသည် ကျန်အဖွဲ့ဝင်နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကျန်ရှိနေသည့် ကြွေးမြီများ လျှော့ပေါ့ပေးရာတွင် များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ မိမိတို့ ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် နော်ဝေနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နော်ဝေနိုင်ငံ၏ သယံဇာတ အရင်းအမြစ်များကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံခန့်ခွဲခဲ့သည့် အတွေ့အကြုံများကို လေ့လာပြီး အသုံးချလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍများတွင် နော်ဝေကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့အတူ နော်ဝေနိုင်ငံဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များတွင် နော်ဝေနိုင်ငံမှ ဆက်လက် ကူညီပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် မိမိတို့၏ အတွေ့အကြုံများကို ဖလှယ်သွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်းရှိ ပဋိပက္ခများကို ဖြေရှင်းရန် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ များကိုလည်း ပိုမိုပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ နော်ဝေကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ယူမှုများဖြင့် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ၍ တွေ့ဆုံဆွေးနွေးခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား နော်ဝေနိုင်ငံဝန်ကြီးချုပ်က အော်စလိုမြို့ရှိ သမိုင်းဝင် Akershus ရဲတိုက်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


 www.MyanmarExpress.net
 

1 comments:

ဖေဖေါ်ဝါ၇ီ ၂၇ ၇က်က နော်ဝေးနိုင်ငံ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး နော်ဝေးနိုင်ငံသားခံယူထားသူတွေပါ မျိုးချစ်စိတ်တကယ်၇ှိတာမဟုတ်ပဲ မြန်မာနိုင်င်ငံကောင်းစားေ၇းကိုတကယ်လိုလားတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင်လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ အဲ့ဒီ နော်ဝေးကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတာပါ

နော်ဝေးနိုင်ငံကဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် နဲ့ ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေလဲစိတ်ပျက်နေကြပါပီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်