Subscribe to our RSS Feed

မိုးလုံးမှိုင်း-သွေးမုန်တိုင်းနဲ့ အော်စလိုမှ သူရဲကောင်းကြီးများ

From : ပလေတို ဒီမို


ဒီကနေ့ မြင်တွေ့လိုက်ရတဲ့ အော်စလိုဆန္ဒပြပွဲတွေကို ကြည့်၊ တက်လာတဲ့ စတေးတပ်တွေကိုဖတ်ပြီး ဒီနုတ်ကို ရေးပါတယ်။ စိတ်မကောင်းခြင်း ကြီးစွာနဲ့လည်း ရေးလိုက်ရခြင်း ဖြစ်ပါတယ်....



ဦးသိန်းစိန်တည်းတဲ့ဟိုတယ်ရှေ့မှာ အချိန်ကိုက် ကြိုတင်စီစဉ်ပြီး လုပ်ခဲ့တဲ့အတွက် နော်ဝေအစိုးရကတောင် အရမ်းကို အံသြသွားရပါသတဲ့....

ကြွေးကြော်ကြတဲ့ တောင်းဆိုချက်တွေကို ကြည့်ပါ....
၁)  စစ်အစိုးရ                      အလိုမရှိ
၂) ၂၀၀၈ ဖွဲ့စည်းပုံ               အလိုမရှိ
၃)  ကြံ့ဖွံ့အစိုးရ                  အလိုမရှိ
၎)  သိန်းစိန်                        လူလိမ်
၅)  ဒီမိုကရေစီ                     ချက်ချင်းပေး            တဲ့ ......

ဆန္ဒပြတဲ့သူတွေကို ကြည့်ပါ
မွန်းအောင်နဲ့အဖွဲ့ စုစုပေါင်း ၂၀ ဝန်းကျင် သီချင်းလေးဆိုလိုက် ဟစ်လိုက်အော်လိုက် ပျော်ပျော်ပါးပါးနဲ့

ပြီးရင် တင်လာတဲ့ စတေးတပ်တွေကို ကြည့်ပါ
အရှက်ကွဲသွားတဲ့ သမ္မတ၊ နော်ဝေအစိုးရကတောင် အံ့သြသွားတယ် ဆိုတဲ့ ဟာတွေ

အင်တာဗျူးမှာ ပြောတဲ့စကားတွေ ကြည့်ပါ
လဒလောက်တော့ ငှက်တိုင်းလှပါတယ်....
စစ်ဖွဲ့စည်းပုံ ရှိနေသရွေ့ ဒီနိုင်ငံ နောက်ထပ် အနှစ်ငါးဆယ်လည်း မတိုးတက်ဘူး..
အနှစ် ၂၀ လုံးလုံး ခံလာရတာ တဲ့

စိတ်မကောင်းပါ .................
သမ္မတဦးသိန်းစိန် ဒီနိုင်ငံတွေကို ဘာကြောင့် သွားရသလဲ ပဲရစ်ကလပ်နိုင်ငံတွေပါ
ဒီနိုင်ငံတွေက အကြွေးတွေလျော်ပစ်တာ တလောက၊ လက်ကျန်အကြွေးတွေက ၄၀% လောက်ကျန်သေးတယ်....
ပြီးတော့ နော်ဝေဆိုတာ ပဲရစ်ကလပ်မှာ မြန်မာနိုင်ငံက ရမယ့် သူ့အကြွေးတွေ အကုန်လျော်ပစ်ခဲ့တဲ့ နိုင်ငံ
ဦးသိန်းစိန် ဘာအတွက် သွားတယ် ဆိုတာ သာမန်လူပြိန်းတောင် နားလည်နိုင်တဲ့ ကိစ္စပါ .....

ကျနော်တို့လည်း ပြည်ပမှာ နေကြတာပါပဲ...ဒါပေမယ့် ပြည်တွင်းမှာနေကြတဲ့သူတွေကို စာနာဖို့လိုပါတယ်..
တလောက မင်းကိုနိုင် နော်ဝေမှာ တွေ့တဲ့အချိန် ဒီလူတွေပဲ ပြောခဲ့တဲ့စကားတွေ ပြန်ကြည့်ပါ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီတစ်ကယ်ရပြီလို့ အာမခံနိုင်ပါသလား...
ဒီမှာ(နော်ဝေမှာ) ရနေတဲ့ အနေအထားမျိုး လစာမျိုး ခံစားခွင့်မျိုး ပေးနိုင်မလား....တဲ့

ဒီဆန္ဒပြနေတဲ့ သူတွေကို ပြန်ကြည့်ပါ
ထိုင်းကို ထွက်ပြေး တတိယနိုင်ငံရှာ
နော်ဝေက လက်ခံပေးတော့ နော်ဝေကို သွား
ဒုက္ခသည်အမည်ခံ နိုင်ငံရေးခိုလှုံခွင့်တွေ ယူ
တစ်ဆွေလုံးတစ်မျိုးလုံးကို ခေါ်
ကောင်းကောင်းနေ ကောင်းကောင်းစား
စည်းစိမ်တွေခံနေကြပြီး တစ်လျှောက်လုံးမှာ နိုင်ငံရေး ဆိုတာ ဘာတွေလုပ်ခဲ့ကြသလဲ
နိုင်ငံအတွက်ဆိုပြီး ဘာတွေလုပ်နေကြသလဲ

အခုအချိန်ဟာ ဗိုလ်ချုပ်အောင်ဆန်းပြောသလို တစ်နိုင်ငံလုံး တက်ညီလက်ညီ လုပ်ရမယ့်အချိန်-စားဖားတွေ အခွင့်အရေးသမားတွေ ညီညွတ်တာမျိုး မဟုတ်ဘဲ အမျိုးသားရေး လုပ်ကြရမယ့်အချိန်
၇ခိုင်ပြည်နယ်မှာ ကိုယ့်ရခိုင်တိုင်းရင်းသားတွေ အနာဂတ်ပျောက်ဆုံးနေတဲ့အချိန်
အမေရိကန်သိမ်းငှက်ကြီးနဲ့ တရုတ်နဂါးကြီးနှစ်ကောင်အကြား ဘာဖြစ်လာမယ်မှန်း မသိတဲ့အချိန်
အခုမှ မြေစမ်းခရမ်းပျိုး စမ်းသပ်ဒီမိုကရေစီလမ်းစဉ်နဲ့ ဒီလမ်းစဉ်မှာတွေ့လာရတဲ့ အခက်အခဲတွေကြောင့် နောက်ကြောင်းပြန်လှည့်မှာ စိုးရိမ်နေရတဲ့အချိန်

နော်ဝေက သူရဲကောင်းကြီးတွေ တောင်းဆိုတာတွေကို လက်တွေ့ကျ/မကျ ပြန်စဉ်းစားကြည့်ပါ
ဦးသိန်းစိန်အစိုးရ နှုတ်ထွက်ပေးလိုက်ရင် လိုတရ နတ်ရေကန်ထဲ ရောက်သွားမယ်တဲ့လား........
၂၀၀၈ ဖွဲ့စည်းပုံကို ဒီလို လူလေး ၂ယောက် ၁ ပိုင်း အော်လိုက်တာနဲ့ ပြန်ပြင်ရေးကြမယ်တဲ့လား......
ဦးသိန်းစိန် ထွက်ပေးရင် ဒေါ်စုတက် အားလုံး ကောင်းပါသည် ရွှေပြည်တော်ကြီး ရောက်ပါပြီ ဖြစ်လာမယ်တဲ့လား.......

ကျနော်တို့ ပြည်တွင်းမှာ ရှိစဉ်တုန်းက ကိုနေ၀င်း ၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ မွန်းအောင် စတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို တပ်မက် တိမ်းမူးခဲ့ကြဖူးပါတယ်....
တက္ကသိုလ်မှာလည်း လ္ဘက်ရည်ဆိုင်ထိုင်...သူတို့ သီချင်းတွေ နားထောင်....မူးပြီး အဆောင်ရှေ့ သွားအော်....ဒီလို နေခဲ့ကြဘူးပါတယ်.....
မိုးလုံးမှိုင်းကနေ လွမ်းရတဲ့ညတွေ လွန်ပါစေအထိ ကျနော်တို့ ခံစားခဲ့ဖူးပါတယ်
၈၈ တုန်းက နိုင်မြန်မာရဲ့ ကမ္ဘာမကြေ သီချင်းကို ဟော်လိုဂစ်တာ ရစ်သမ်သက်သက်နဲ့ ကြက်သီးမွေးညှင်းထအောင် ဆိုခဲ့ဘူးပါတယ်......
မဲဆွယ်ပွဲတွေမှာ ခမောက်ကို သင်္ကေတ လုပ်--ခွပ်ဒေါင်းတွေ ရဲရဲနီအောင်လည်း လုပ်ခဲ့ဘူးပါတယ်..............

ဒါပေမယ့် ဒီကနေ့မှာတော့ အမြင်တွေ အားလုံး ပြောင်းခဲ့ပါပြီ....
ကျနော်ဟာ ဦးသိန်းစိန်ကို အကြွင်းမဲ့ ထောက်ခံသူတစ်ယောက်တော့မဟုတ်ပါဘူး.......
လက်တွေ့ကျကျ ကြည့်ရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းဟာ ဦးသိန်းစိန်အပေါ်မှာ မူတည်နေပါတယ်....
ဒေါ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့လို့လည်း အခုလို အထင်တကြီး ဖြစ်လာတာပါ...ဒါဟာ မငြင်းနိုင်တဲ့အချက်ပါ.....
ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဆင်းရဲသားပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကို မရရှိကြသေးပါဘူး....
မြန်မာနိုင်ငံဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံ ဖြစ်နေတုန်းပါပဲ......
ခုပဲ ချက်ချင်း တိုးတက်တော့မလိုလို ထွက်ပေါ်နေတဲ့ အလားအလာဆိုတာတွေကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝဖို့ ကျန်နေပါသေးတယ်....

သွေးမုန်တိုင်းတွေ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်မကမ်းချင်ပါဘူး.......
စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းကြီးက နှစ် ၂၀ အတွင်းမှာ အပြိုင်းအရိုင်း ကြီးထွားလာခဲ့တာ.....
လက်နက်ကိုင်တိုက်ပွဲတွေ ရှိနေသေးတဲ့အတွက် စစ်တပ်ရဲ့အခန်းကဏ္ဍကို ဖယ်ထုတ်လို့ မရနိုင်သေးတာ.....
အမေရိကန်ဒီမိုကရေစီ လို ချက်ချင်း မဖြစ်နိုင်သေးတာ...
စစ်တပ်ကို ပျော့ပျောင်းလာအောင် ပရော်ဖက်ရှင်နယ် ပီသလာအောင်..ဆွဲဆောင်ပူးပေါင်းမယ့် အလုပ်ဖြစ်ရေးသဘောတရားတွေ ထွက်ပေါ်မလာသေးတာ....
ဘယ်သူတွေကြောင့်လဲ....စစ်တပ်က ပျော့ပျောင်းလာတဲ့အချိန်မှာ ဘယ်လမ်းကြောင်းကို ဆွဲခေါ်ရမယ် ဆိုတဲ့ အမြင်ကျယ်ကျယ် မရှိသေးတာ အဓိကအချက်ပါပဲ....

ပြီးခဲ့တဲ့ ၇ခိုင်ပြည်နယ်အရေးအခင်းကို ပြန်ကြည့်ပါ စစ်တပ်သာလျှင် အရေးကြုံရင် အားကိုးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေတုန်းပါပဲ..
အမျိုးသားလုံခြုံရေးပြဿနာတွေနဲ့ ယှဉ်လာရင် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ်ပါပဲ
ဒီစစ်တပ်ကို ပြန်ကြည့်ရင်လည်း ကျနော်တို့ ပြည်သူတွေရဲ့ သားတွေနဲ့ပဲ တည်ဆောက်ဖွဲ့စည်းထားတာပဲ မဟုတ်လား.......

အခု လွှတ်တော်ထဲမှာ စစ်တပ်ဘတ်ဂျက်ကို ဖြတ်ဟ တောက်ဟ အော်ကြီးဟစ်ကျယ် လုပ်နေကြတာ .... သူတို့ အခုလို ခမ်းခမ်းနားနား ကျယ်ကျယ်လောင်လောင် သောက်ကြီးသောက်ကျယ်တွေ လျှောက်ပြောနိုင်ဖို့ စစ်တပ်က ကိုယ့်တိုင်းရင်းသားချင်း စစ်ခင်းခဲ့ရတာပါ...စစ်ခင်းနေရတာပါ..........

ဘယ်နို်င်ငံမှာပဲ ဖြစ်ဖြစ် စစ်တပ် ထောက်ခံမှု မရရင် ဘာမှ လုပ်လို့ မရပါဘူး........................
အမေရိကန် ဒီလို အရပ်သားအုပ်ချုပ်ရေးအောက်မှာ အမိန့်နာခံတတ်ဖို့ စစ်ဗိုလ်ချုပ်ကြီးတွေ သမ္မတ အဆက်ဆက် လုပ်ခဲ့၇တာပါ...
ခိုင်မာတဲ့ ဥပဒေတွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့ကြတာပါ...
သူတို့ လွှတ်တော်အမတ်တွေကို စစ်တပ်နဲ့ပတ်သက်လာရင် စစ်သားတွေရဲ့ ခံစားခွင့် ကျန်ရစ်သူမိသားစု ခံစားခွင့် ဘယ်လောက်အထိ အလေးထားပြီး ဆောင်ရွက်ပေးခဲ့ကြတယ် ဆိုတာကို နားလည်ကြပါရဲ့လား....
အခုချိန် လွှတ်တော်ထဲမှာ ပုတ်ခတ်ပြောဆိုနေကြတဲ့ စစ်တပ်က ရဲဘော်တွေရဲ့ နေထိုင်မှု၊ ပင်စင်ယူရင် နေစရာမရှိတဲ့ဘ၀ သိကြပါသလား...........

ဦးသိန်းစိန်ဟာ စစ်တပ်က လာတာနဲ့ လူလိမ်-ဖြုတ်ချပစ် ဆိုတာမျိုးတွေ ကြွေးကြော်နေတာနဲ့ ဒီနိုင်ငံကြီးက ကောင်းသွားပြီတဲ့လား...
စစ်တပ်ထဲမှာ ထမ်းဆောင်ခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် စစ်ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ပေမယ့် သန့်ရှင်းမှု ရိုးသားမှုတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ မှတ်တမ်းကို တွေ့ကြပါရဲ့လား...............
၂၀၁၅ ဟာ ဖြတ်သန်းသွားရမယ့် မှတ်တိုင်တစ်ခု ဆိုတာ မှန်ပါတယ်....
ဒီလိုအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဒီလိုခေါင်းဆောင်မျိုး ရရှိခဲ့တဲ့ နိုင်ငံရဲ့ ကံကြမ္မာကြောင့် ပြည်သူတွေ ဘယ်လောက် မျှော်လင့်နေကြတယ် ဆိုတာ နော်ဝေက သူရဲကောင်းကြီးတွေ သိကြပါသလား........
ဦးသိန်းစိန်ရဲ့ ပဲရစ်ကလပ်နိုင်ငံတွေ သွားရောက်တဲ့ ခရီးစဉ်ကနေ ဘာတွေ ရလာမလဲ ဆိုတာကို စောင့်စားနေတဲ့ Local NGO တွေ၊ စီးပွားရေးသမားတွေ ရှိနေတာ သိကြပါသလား.................

အာမခံချက် ရှိမှ ပြန်လာမယ် ဆိုတဲ့..............
ဘယ်လို လစာနှုန်းထားတွေ ရလာမှလဲ ဆိုတဲ့.............
ပြန်လာရင် အရင်လို မဖြစ်တော့ဘူး လို့ ပြောနိုင်လား ဆိုတဲ့...........
နော်ဝေက သူရဲကောင်းကြီးတွေကို အလေးအနက် ပြောချင်ပါတယ်
ကိုယ်မစားရတဲ့ အမဲ သဲနဲ့ မပက်ကြပါနဲ့............
ဒီနိုင်ငံနဲ့ ဒီပြည်သူတွေ ဒီလိုအခြေအနေမှာ ဘယ်လောက် ရုန်းကန်ကြိုးစားနေရတယ် ဆိုတာ သိကြပါသလား...........
နိုင်ငံရေးခိုလှုံခွင့်နဲ့ ဒုက္ခသည်တွေ အဖြစ် အလုပ်အကိုင်တည်တည်တံ့တံ့နဲ့ တစ်ဆွေလုံးတစ်မျိုးလုံး ခေါ်ထားကြတဲ့ ခင်ဗျားတို့လို...
သားသမီးတွေ ကျောင်းကောင်းကောင်းတွေတက် လူမှုဖူလုံရေးအထောက်အပံ့တွေ ပြည့်ပြည့်၀၀ယူ စည်းစိမ်ခံစားနေကြတဲ့ ခင်ဗျားတို့လို....
ကျနော်တို့ ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူတွေ မရကြပါဘူး............
ဒီပြည်သူတွေဟာ အနှစ် ၂၀ လုံးလုံး ဆိုပြီး သောက်ကြီးသောက်ကျယ်တွေပြောနေတဲ့ ခင်ဗျားတို့လို အပြင်ထွက်ပြေးကြတဲ့သူတွေ မဟုတ်ပါဘူး......
စစ်တပ်အုပ်ချုပ်မှုအောက်မှာ မှောက်လိုမှောက် သွန်လိုသွန် နေလာခဲ့ကြတာပါ...ခင်ဗျားတို့လို အပြင်ထွက်ပြေးကြတဲ့ သူတွေ မဟုတ်ပါဘူး..................

ငါတို့လုပ်တာကြောင့် ဦးသိန်းစိန် သိက္ခာကျသွားပြီ ကွ....
နော်ဝေအစိုးရတော့ အရှိုက်ထိသွားပြီ ငါတို့ လုပ်လိုက်တာကွ....
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သောက်အဆင့်မရှိဘူးလို့ ငါတို့ ချလိုက်ပြီကွ...
ဆိုတဲ့ နော်ဝေက သူရဲကောင်းကြီးတွေ

ခင်ဗျားတို့လုပ်ရပ်ကြောင့် ၂၀၀၈ အခြေခံဥပဒေ ပြင်မှာ မဟုတ်ပါဘူး
ခင်းဗျားတို့ သိက္ခာ ချလိုက်လို့ ဦးသိန်းစိန် အစိုးရ ပြုတ်ကျ မသွားပါဘူး
ခင်ဗျားတို့ ဆန္ဒပြလိုက်လို့ ပြည်သူတွေ ထမင်းဝမှာ မဟုတ်ပါဘူး

ကမ္ဘာက ၀ိုင်းပြီး ချီးကျူးနေတဲ့....
ပတ်ဝန်းကျင်နိုင်ငံတွေက မနာလို တိုရှည် ဖြစ်နေကြတဲ့....
ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ ပြည်သူတွေ သိက္ခာကျသွားရုံ သက်သက်ပါ...

ဘာအတွက် သိက္ခာကျရသလဲ ဆိုတော့ ဒီလိုနိုင်ငံနဲ့ ဒီလို ပြည်သူတွေမှာ အပြင်မှာနေပြီး ဘယ်သူ့မှ အကျိုးမရှိတဲ့ ဒီလို အခွင့်အရေးသမားတွေ ရှိနေပါသေလား ဆိုတာကြောင့်ပါပဲ ....
  • ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်တဲ့အချိန်မှာ အော်စလို သူရဲကောင်းကြီးတွေ ဆန္ဒပြခဲ့ပါသလား....
  •  နော်ဝေမှာ ကြီးထွားနေတဲ့ ဘင်္ဂါလိမ် လော်ဘီတွေကို ဘယ်လိုမျိုး တန်ပြန် ဆန္ဒပြခဲ့ပါသလဲ ....
  • နော်ဝေအခြေစိုက် မီဒီယာတွေက ရိုဟင်ဂျာဘက်က ရပ်တည်ပြီး ပြောခဲ့တဲ့ အော်စလို သူရဲကောင်းကြီးတွေ ဘာလုပ်နေခဲ့ကြပါသလဲ
  • ဟန်ညောင်ဝေနဲ့ ၀ါကာအူဒင် စည်းဝါးကိုက်ပြီ ရိုဟင်ဂျာ ပရိုမိုးရှင်းလုပ်ခဲ့တုန်းက အော်စလို သူရဲကောင်းကြီးတွေ သာပေါင်း ညာစားလုပ်ခဲ့ကြတာ မေ့သွားပြီလား...

ခင်ဗျားတို့ ပြန်မလာကြပါနဲ့....
လဖြူဂျီခံ နိုင်ငံရေးခိုလှုံပြီး နေကြပါ...
တစ်ဆွေလုံးတစ်မျိုးလုံး ခေါ်ထားကြပါ....
သားသမီးတွေကို ကျောင်းကောင်းကောင်းတွေမှာ ထားကြပါ....
ဝင်ငွေမြင့်မားလှတဲ့ အလုပ်ကောင်းကောင်းတွေ ပြောင်းပြောင်းပြီး လုပ်ကြပါ...


ပြီးရင် အခါကြီး ရက်ကြီးတွေမှာ အနေအစားချောင်အောင် အခုလိုမျိုး များများ လုပ်ကြပေါ့ဗျာ......

  www.MyanmarExpress.net
 

15 comments:

ဟုတ်ပါတယ်။ နိုင်ငံရေးအကြောင်းပြ လုပ်စားသွားကြတဲ့ ဒုက္ခသည် အယောင်ဆောင် လူလိမ်တွေပါ။ မြန်မာပြည်တိုးတက်ရင် သူတို့လုပ်စားလို့မရမှာစိုးတဲ့ အကောင်တွေပါ။ ခေတ်ပြောင်းသွားပြီး မအေxx ခွေးတွေ ကျဆူံးပါစေ

မွန်းအောင်အနုပညာအားကောင်းပေမယ့်စိတ်ဓါတ်ယုတ်မာလှချီလား

ခွေးစိတ်မပျောက်သေးတဲ့ကောင်တွေပဲ...
သူများBALL ပွတ်မှ ထမင်းစားနေရတဲ့ကောင်တွေ...

မအေလိုးနော်ဝေရောက်ဒီမိုလုပ်စားတွေမင်းတို့အကြောင်းသိပြီသားအနေချောင်အစားချောင်အောင်လုပ်နေတာမြန်မာနိုင်ငံဒီမိုကရေစီရတာကြာပေါ့သူတောင်းစားရဲ့

ဒီလို စောက်ရှက်မရှိ လုပ်လိမ့်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဘာလို့ဆိုတော့ စောက်ရှက်မရှိ စောက်သိက©ာမရှိ အလုပ်လက်မဲ့ ပါးစပ်လေးနဲ့ အချောင်နှိုက်စား ပြည်သူကိုလိမ်စား နေတဲ့ (၈၈)က မင်းကိုနိုင်တို့လို ကောင်တွေကို အရင်ခေါ် ဂွင်ဖန်လုပ်စားထားတော့ သမတလည်း လာရော ရော အသုံးချပြလိုက်တာပဲလေ။ နိုင်ငံအပေါ် ခွေးတစ်ကောင်လောက်တောင် မစောင့်ရှောက်တတ် မသိတတ်တဲ့သူတွေ ၊ အဲဒီက ပေးစာကမ်းစာကို သူတောင်းစားလို လိုက်တောင်းပြီးယူလာတဲ့ မင်းကိုနိုင်တို့လိုကောင်တွေ ရှိနေသမျှ မြန်မာတွေ သိက©ာကျနေအုံးမှာပါပဲ။ ကိုယ့်အိမ်မှာ ခြံစည်းရိုးတောင် မကာဘူးသေးတဲ့ မင်းကိုနိုင်တို့လို ကောင်တွေက တပ်မတော်ရဲ့ စစ်အသုံးစရိတ်တွေ လာမေးနေတော့ သိတော့ရော ဘာလုပ်ပေးနိုင်မှာမို့လို့လည်း ? ။ နော်ဝေမှာ မင်းကိုနိုင်တို့ကို ဒေါ်လာ (၅၀၀၀) ကျော်လောက် အလှူခံရလိုက်ပြီး အဲဒီပွဲ လုပ်ပေးလိုက်တဲ့ မွန်းအောင်တို့ နိုင်အောင်တို့ကရော ဘယ်လောက်ဂွင်တည့်သွားလဲ ဘယ်သူမှ မသိလိုက်ဘူး မဟုတ်လား။
အဲဒီ့ နိုင်ငံ တစ်ကာလှည့် မြန်မာ့ ဂုဏ်ကျအောင် ကိုယ့်အတွက်လုပ်စားနေတဲ့ (၈၈) ခေါင်းဆောင်ဆိုပြီး ပြောနေတဲ့ မင်းကိုနိုင်ကို အမှန်တကယ် ကျောင်းသားထုက ပြန်ရောက်ရင် စာရင်းစစ်ကြည့်ပါ။ ဘာတွေ တွေ့မလဲ သိရတာပေါ့။

From: OppositEyE
နော်ဝေးနိုင်ငံရှိ ဒုက္ခသည်များမှ သမ္မတကြီးအား ရွှေပန်းဖြင့် ကြိုဆိုပါ၏ ရိုင်းစိုင်းစွာ ဆန္ဒပြခဲ့
Feb 28, 2013

နော်ဝေးနိုင်ငံတွင် ဒုက္ခသည် အဖြစ် ရောက်ရှိ နိုင်ငံရေး ခိုလှုံနေကြသော အဆိုတော် မွန်းအောင် အပါ အ၀င် ဒုက္ခသည် အမည်ခံများသည် မနေ့က သမ္မတကြီးနှင့် တာဝန်ရှိသူများအား ရိုင်းစိုင်းစွာဖြင့် ဆန္ဒပြ ခဲ့ကြပါ သည်။

အဆိုပါ ဆန္ဒပြမှုများအား ပြည်တွင်းမှ Eleven ဂျာနယ်နှင့် မီဒီယာအချို့မှ သတင်းအဖြစ် ထူးခြားစွာ ဖော်ပြ ခဲ့ပြီး ပြည်တွင်း ထုတ် The Ladies ဂျာနယ်မှ မေဇင်အေးကမူ ရွှေပန်းဖြင့် ကြိုဆိုပါ၏ ဓာတ်ပုံအား ဖော်ပြ ပီး သမ္မတ ကြီး အပေါ် ပုတ်ခတ်မှုများ ရေးသားခဲ့ပါသည်။

ထို ဆန္ဒပြသူများအား သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ တွေ့ဆုံခဲ့ရာ ဒုက္ခသည် စခန်းများတွင်သာ တစ်သက် လုံး နေခဲ့ကြောင်း၊ မြန်မာနိုင်ငံမရောက်ဖူးကြောင်း၊ နော်ဝေးနိုင်ငံတွင် ဆန္ဒပြစဉ် ကြွေးကြော်သံများ အော် ခွင့် မရှိသဖြင့် သီချင်းဆို၊ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။

နော်ဝေး အကျဉ်းထောင်မှာ ကမ္ဘာ့အသက်သာဆုံး အကျဉ်းထောင် ဖြစ်ကြောင်း သိရပြီး အကျဉ်း သားများ မှာ ကိုယ်ပိုင်အခန်း၊ တီဗွီ၊ တေးဂီတ၊ တစ်ဦးချင်းစီအတွက် ကျန်းမာရေး အကူ တစ်ဦးစီ ဖြင့် အင်မတန် ဇိမ် ကျ သော နိုင်ငံဖြစ်သည့် အတွက် ဒုက္ခသည်အချို့က ထောင်ကျရင်တောင် ဂရုမစိုက်၊ ဒုက္ခသည် စာရင်းမှ ပယ် ဖျက် မှာ ကိုသာ ကြောက်သည်ဟု ပြောဆိုခဲ့ပါသည်။

မွန်းအောင် ရေ သီချင်း ကို ခင်ပြီး ခင်ဗျား ကို ရွံ တယ်။နားမထောင်တော့ဘူး။

မွန်းအောင် နဲ့ အောက်တန်းစားတွေ
ယုတ်မာလိုက်ကြတာ ခွေးထက် အောက်တန်းကျပါလားးး
မင်းတို့ ဒီလို ယုတ်မာကောက်ကျစ်တဲ့အတွက် ပြန်ပေးဆပ် ရမယ်

ဖေဖေါ်ဝါ၇ီ ၂၇ ၇က်က နော်ဝေးနိုင်ငံ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး နော်ဝေးနိုင်ငံသားခံယူထားသူတွေပါ မျိုးချစ်စိတ်တကယ်၇ှိတာမဟုတ်ပဲ မြန်မာနိုင်င်ငံကောင်းစားေ၇းကိုတကယ်လိုလားတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင်လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ အဲ့ဒီ နော်ဝေးကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတာပါ

နော်ဝေးနိုင်ငံကဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် နဲ့ ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေလဲစိတ်ပျက်နေကြပါပီ

နော်ဝေက မြန်မာတွေဦနှောက်ကိုမရှိဘူး။ ဒီမိုကရေစီကို နေ.ချင်းညချင်း ပြောင်းလို. ရမယ်ထင်နေလား။ နှစ်ပေါင်းများစွာ တည်ဆောက်ရဦးမှာ။ တစ်တိုင်းပြည်လုံးမွဲနေ ပါတယ်ဆိုမှ လစာကို သူများနိုင်ငံနဲ. တန်းတူလိုချင်နေသေးတယ်။

သမ္မတကြီးဘယ်လောက်ကောင်းကောင်း ဒီအမျိုးယုတ်တွေကတော့ အဆိုးပဲမြင်ကြမှာပါ

I agree with this article. But not all (100%)of Myanmar peoples who living in Norway or Oslo involved in that demonstration. There are some thousands Myanmar peoples living in Norway and some hundreds in Oslo area. The persons who involved in that demonstration are from Oslo and from other towns. There are about 40 persons in that demonstration.
It was so so shameful and unforgivable behavior they acted.

thank you for writing this article. they will be go their own way..just ignore them. they cant do anything..they are just like fool, somekind of low interlect living thing.

မွန်းအောင် နွား။နွားလို့ပြောတာတောင်နွားသိက္ခာကျတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်