Subscribe to our RSS Feed

မအူပင်၊မလက်တို တွင် လယ်သမားများ အကြမ်းဖက်ရိုက်နှပ်မှုကြောင့် ရဲ တစ်ဦး သေဆုံး

From : rfa

ဖေဖော်ဝါရီ ၂၆ ရက်နေ့ညနေက ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ် မလက်တိုအုပ်စုကျေးရွာတွင် ဒေသခံလယ်သမားများနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ဒေသခံ လယ်သမား ၁၅ ဦးကို မအူပင်ဆေးရုံမှာ တက်ရောက်ဆေးကုသခံနေရတယ်လို့ သိရှိရပါတယ်။

ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးအပါအဝင် အခြားအဆင့်ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကိုလည်း မအူပင်ဆေးရုံနဲ့ရန်ကုန်ဆေးရုံကြီးသို့ တင်ပိုပြီး ဆေးကုသမှု ခံယူစေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှုး ဒုရဲမှုးကြီး ဦးထွန်းမင်းက RFA ကိုအတည်ပြုပြောဆိုပါတယ်။

ဒဏ်ရာပြင်းထန်သဖြင့် မနေ့ညက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ပြီး ဆေးကုသမှုခံယူနေရတဲ့ ဆားလင်းကြီးရဲစခန်းက ရဲတပ်သား ရဲကျော်သူဟာ ဦးခေါင်းကို ဓားခုတ်မိတဲ့ဒဏ်ရာကြောင့် ဒီကနေ့မနက်က သေဆုံးသွားပါတယ်။


 . www.MyanmarExpress.net
 

2 comments:

လုပ်ထုးံ လုပ်နည်းအတိုင်း
စုံစမ်းရေးကော်မရှင်ဖွဲ့ တော့မယ်နဲ့ တူတယ်

နိင်ငံတော်ကြီးကတော့သွားပါင်္ပြီ...........လူအခွင့်အရေး ထက်ပိုပြီးတောင်းးနေကျပြီ။အချင်းချင်းလဲပြသာနာရှာနေ ကျတယ်။ လောဘဒေါသမောဟ တွေလျော့ကြပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်