Subscribe to our RSS Feed

ထားဝယ်စီမံကိန်းကို စင်ကာပူနှင့် မလေးရှား ဖျက်နေသလော

From : popular


ထားဝယ်စီမံကိန်းကို စင်ကာပူ၊ မလေးရှားနိုင်ငံမှ ဖျက်လိုဖျက်ဆီးလုပ်နေသည်ဟု စီမံကိန်း ထောက်ခံသူများအကြား ကောလာဟလအသွင်ပြောဆိုနေသည်မှာ တစ်နှစ်ခန့် ရှိနေပေပြီ။ တနင်္သာ ရီတိုင်း ဒေသကြီး အောက်ခြေအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းအချို့ အကြားတွင် အဆိုပါအငြင်းပွားဖွယ်ရာ အယူအဆပျံ့နေသည်မှာ ၂ဝ၁၂ခုနှစ် နှစ်ဆန်းကတည်းက။

သို့သော်ထားဝယ်မြို့ မြို့တော် ခန်းမ၌ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်၊ရေနက်ဆိပ်ကမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက်
ညှိနှိုင်းအစည်းအဝေးတွင် ထားဝယ်စီမံကိန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဒုတိယဝန်ကြီးအဆင့်မှ ပုဂ္ဂိုလ်တစ်ဦးက လူသိရှင်ကြား ပထမဦးဆုံးအကြိမ် ပြောကြားလိုက်ပြန်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၏ အဆိုအရ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းဖြစ်ထွန်းလာလျှင် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ဆိပ်ကမ်းများအပေါ် သက်ရောက်မှု ရှိနိုင်သည့်အတွက် ယင်းနှစ်နိုင်ငံက စီမံကိန်းကိုကန့်ကွက်မည့် လူထုအခြေ ပြုအဖွဲ့အစည်းများအား ရန်ပုံငွေ များပေးပြီး ပျက်စီးအောင်လုပ်နေသည်ဟု ဆိုသည်။ သို့ဆိုလျှင် စီမံကိန်းကို မလေး ရှားနှင့်စင်ကာပူက ဖျက်လိုဖျက်ဆီးလုပ်နေပါသလော။

စင်ကာပူနဲ့ မလေးက
ဖျက်မဖျက်

ထားဝယ်စီမံကိန်းသည် ထိုင်း နိုင်ငံအစိုးရ၏ မဟာဗျူဟာမြောက် စဉ်းစားချက်ထဲတွင်ပါဝင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အင်မတန်ကြီးသည့် စီမံကိန်းဖြစ်သည့်အတွက် စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ
ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟူ သည့် ပြည်ထောင်စုဒုတိယဝန်ကြီး ၏ ပြောကြားချက်သည် မဖြစ်နိုင်ဟု တပ်အပ် မပြောနိုင်ဟု သမ္မတ ဦးသိန်းစိန်၏ လူမှုရေးနှင့် စီးပွားရေး အကြံပေးကောင်စီဝင် ဒေါက်တာဇော်ဦးက ပြောကြားသည်။

ယင်းသို့ စွပ်စွဲချက်သည်မှန်းဆ ပြောခြင်းသာဖြစ်ပြီး အမှန်တကယ် ခိုင်လုံလျှင် ချပြသင့်ကြောင်း၊ စင် ကာပူနှင့် မလေးရှားနိုင်ငံတို့သည် ယင်းသို့လုပ်နိုင်သည့် အနေအထား မရှိကြောင်း Eco Dev အဖွဲ့မှ
ဦးဝင်းမျိုးသူက မှတ်ချက်ပြုသည်။ ''ဒါမျိုးက စီအိုင်အေရဲ့ လုပ်ကွက် မျိုးပါ။ ဆရာ့အမြင်အရတော့ မဖြစ်နိုင်ဘူး'' ဟု မြန်မာနိုင်ငံ အတွင်း ထင်ရှားသော ပတ်ဝန်းကျင်ထိန်း သိမ်းရေး လှုပ်ရှားသူတစ်ဦးလည်း ဖြစ်သူ ဦးဝင်းမျိုးသူက ဆိုသည်။

စင်ကာပူနိုင်ငံအနေနှင့် ယင်း သို့လုပ်ဆောင်မည်မဟုတ်ဘဲ ထား ဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဖြစ် မြောက်လာလျှင်သာထိုင်းထံမှ အစု ရှယ်ယာများကိုဝယ်ယူရန် စိတ်ဝင် စားနိုင်ကြောင်း ဘန်ကောက်မြို့ တော်အခြေစိုက် သုတေသီဦးဇော် အောင်က ပြောသည်။

''ဘာမှ ရေရေရာရာ မရှိသေး တဲ့ဟာတစ်ခုအတွက် အဲလိုလုပ်မှာ မဟုတ်ဘူး။ အောင်မြင်လာမှ ရှယ် ယာတွေရအောင် ဝယ်လိမ့်မယ်'' ဟု ဦးဇော်အောင်က ဆိုသည်။ ထိုင်းနှင့်စင်ကာပူ နိုင်ငံတို့တွင် ယင်းသို့ ဖြစ်ရပ်များ ရှိခဲ့ပြီး ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက် ထက်က ၎င်းပိုင်ဆက်သွယ်ရေး လုပ်ငန်းများကို စင်ကာပူက မရ မကဝယ်ခဲ့ဖူးကြောင်း ဦးဇော်အောင် ကရှင်းပြသည်။

အစိုးရများသည် အစိုးရအချင်း ချင်းသာ ချိတ်ဆက်လုပ်ကိုင်လေ့ ရှိပြီး လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းအရနိုင်ငံနှစ်နိုင်ငံ၏ သံတ မန်ဆက်သွယ်ရေးအပေါ် အထူး အလေးထားလေ့ရှိသည်။
စင်ကာပူနိုင်ငံသည် မြန်မာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပို့ချပေးရန် ကမ်းလှမ်းခဲ့ဖူးသည့် အတွက် ထားဝယ်ကဲ့သို့သော စီမံ ကိန်းတစ်ခုအတွက် ယင်းသို့ပြုလုပ်
မည်မဟုတ်ဟု ဦးဇော်အောင်က မှတ်ချက်ပြုသည်။

ထားဝယ်စီမံကိန်း စတင် အ ကောင်အထည်ဖော်လာသည့် ၂ဝဝ၈ ခုနှစ်မှာကတည်းက စင်ကာပူနိုင်ငံ အနေနှင့် နိုင်ငံတကာအသိုင်းအဝိုင်း တွင် တုံ့ပြန်မှုတစ်စုံတစ်ရာ ပြုလုပ် သည်ကို မိမိအနေဖြင့် မတွေ့မိ ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (DDA) မှ ထားဝယ်ညှိနှိုင်း ရေးမှူးဦးသန့်ဇင်က ပြောကြား သည်။

မည်သို့ပင်ဆိုစေ ယုံသော်ရှိ၊ မယုံသော်ရှိ၊စင်ကာပူနှင့် မလေးရှား နိုင်ငံများက 'ငွေပေးဖျက်ဆီးခိုင်း နေသည်' ဟု ထားဝယ်စီမံကိန်းကို ထောက်ခံသူများအကြားတွင် ပျံ့နှံ့ နေပြီဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးပြည်ထောင် စုဝန်ကြီး ဦးဘုန်းဆွေက ''ဘယ် သူမှတော့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားကို အနှောင့်အယှက် မပေးဘူး။ ဘယ် သူမှလုပ်မနေနိုင်ဘူး ကိုယ့်ထမင်း ကိုယ်စားပြီးတော့'' ဟု ပြောခဲ့ သည်။

လူထုအခြေပြုအဖွဲ့များ
ကြိုးဆွဲခံရ မခံရ

ထားဝယ်ဒေသတွင် ထားဝယ်စီမံကိန်းကြောင့် ဒေသခံများ ထိ ခိုက် နစ်နာမှုနှင့်ပတ်သက်ပြီး ထား ဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA)၊ ထားဝယ်သုတေသနအဖွဲ့ (DDA)၊ ထားဝယ် ၈၈ မျိုးဆက်ကျောင်း
သားများ၊ နဘုလယ်ဒေသတွင် ကျေးရွာအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ ထားဝယ်-ထိုင်း လမ်းဖောက်လုပ်ရာဒေသတွင် ဖွဲ့ စည်းထားသည့် ၁၂ ရွာ စုပေါင်း ကော်မတီများ အပါအဝင်လူထု
အခြေပြု အဖွဲ့အစည်းများက သတင်းအချက်အလက်များ ဖြန့်ဝေ ပေးခြင်း၊ အသိပညာပေးခြင်း၊ လျော်ကြေးကိစ္စနှင့် ဒေသခံများ ရင်ဆိုင်ရသည့် မြေယာပြဿနာများကိုဝင်ရောက်ညှိနှိုင်းစသည်တို့ကို
ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

တို့အနေနှင့် စီမံကိန်းကို ဖျက်ဆီးနေခြင်းမဟုတ်ဘဲဒေသခံ များမနစ်နာရေး၊ ရေနံဓာတုကဲ့သို့သော အကြီးစားညစ်ညမ်းစက်ရုံများ မတည်ဆောက်ရေးကို သာ လုပ်ဆောင်နေကြောင်း ပြောဆို ထားသည်။

''ထားဝယ်မှာ လုပ်နေကြတဲ့ သူတွေက ဘယ်သူမှ ရော့ဆိုင် ကယ်၊ ရော့ကား၊ ရော့ရုံးခန်းဆိုပြီး ရလို့လုပ်နေတဲ့ သူတစ်ယောက်မှ မရှိဘူး။ အားလုံးက လုပ်သင့်လို့ လုပ်နေတာ''ဟုဦးသန့်ဇင်က ချေပ ပြောဆိုသည်။

စီးပွားရေးအကျိုးအမြတ်ဆိုင် ရာ ကိစ္စများကြောင့် လူထုအခြေ ပြု အဖွဲ့အစည်းများကို အသုံးချမှုများရှိပါက စီမံကိန်းအကောင်အထည် ဖော်ရေးထောက်ခံရန် လူမွေးခြင်း မျိုးသာရှိပြီး ယင်းသို့ ဆန့်ကျင်ရန် လူထုအခြေပြု အဖွဲ့အစည်းများကို အသုံးချသည့်နည်းမျိုး မကြားဖူးကြောင်း ဦးဝင်းမျိုးသူကဆိုသည်။

''ထိုင်းနိုင်ငံ မတ္တာပွတ် စက်မှု ဇုန် အတွေ့အကြုံအရဆိုရင်တော့ အစိုးရနဲ့ ကုမ္ပဏီကဖွဲ့တဲ့ မာဖီးယား ဂိုဏ်းတွေရှိတယ်။ အဲဒီ အဖွဲ့တွေထဲမှာ အုပ်ချုပ်ရေးမှူးတွေတောင် ပါတယ်''ဟု ဗဟုဖွံ့ဖြိုးရေး
အဖွဲ့မှ ဦးအောင်သူငြိမ်းက ရှင်းပြသည်။

စီမံကိန်းကို လူထုအခြေပြု အဖွဲ့များ ဖျက်ဆီးနေပြီဆိုကာ ထားဝယ်စီမံကိန်းကို ပြီးမြောက် အောင်မြင်ရန် မြို့မိမြို့ဖအဖွဲ့များ၊ ပြည်သူ့စစ်ကဲ့သို့သော လုံခြုံရေး အဖွဲ့များကိုအစိုးရ အစီအစဉ်ဖြင့်
စတင်ဖွဲ့စည်းရန် စီစဉ်နေပြီ ဖြစ်သည်။ ''ပြည်သူ့စစ်အဖွဲ့ လိုပေါ့။ ရန်သူကပေါ်လာပြီလေ။ ပြည်သူ့ စစ်ဆိုတာ ရန်သူရှိလို့ ဖွဲ့တာ မဟုတ်လား'' ဟု ဦးဘုန်းဆွေက ပြောသည်။

ထားဝယ်မည်သူ့အတွက်နည်း

ဦးဘုန်းဆွေ၏ အဆိုအရ ထားဝယ်ရေနက် ဆိပ်ကမ်း ဖြစ် မြောက်ခဲ့လျှင် စင်ကာပူဆိပ်ကမ်း မှ ကုန်သေတ္တာတစ်ဝက်ခန့်သည် ထားဝယ်ဆိပ်ကမ်းသို့ ရောက်လာ မည်ဖြစ်သည့်အတွက် ၎င်းတို့ စီးပွားပျက်မည်ကို စိုးရိမ်လျက်ရှိ သည်။ ပြည်တွင်း ပညာရှင်အချို့က လည်း ထားဝယ်ကြောင့် စင်ကာပူ နောက်ကောက် ကျသွားနိုင်ကြောင်း သုံးသပ်ဖူးသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ဖြစ်ထွန်းလာလျှင် ထားဝယ်သို့ ကုန်တင်သင်္ဘောများ ဝင်ရောက် မည်ဟု ယေဘုယျအားဖြင့် ပြော နိုင်သော်လည်း ဆိပ်ကမ်းကုန်တင် ကုန်ချ ဝန်ဆောင်မှုအနေအထား၊
လူဝင်မှုကြီးကြပ်ရေး အပါအဝင် အခြားဌာနဆိုင်ရာများနှင့် လုပ်ကိုင် ရသည့် ကိစ္စများ မည်မျှ မြန်ဆန် ချောမွေ့မှု အပေါ် မူတည်ပြီး စဉ်း စားမည်ဖြစ်ကြောင်း နိုင်ငံတကာ ကုန်တင်သင်္ဘောလိုင်းတစ်ခုမှကုန်း ပတ်အရာရှိတစ်ဦးက ဆိုသည်။

''ဘယ် သင်္ဘောလိုင်းပိုင်ရှင် ကမှ ကမ်းကပ်ဖို့ စောင့်နေရတာ ကို မကြိုက်ဘူး'' ဟု ၎င်းက ဆိုသည်။ ကမ္ဘာ့အကောင်းဆုံး ဆိပ်ကမ်းများအနက် တစ်ခုဖြစ်သည့် စင်ကာပူဆိပ်ကမ်းတွင် ကုန်တင်ကုန် ချပြုလုပ်နိုင်သည့် ကရိန်း တစ်ရာကျော်ရှိသည့်အတွက် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက် မည့် စီမံချက်ဒီဇိုင်းတွင် ယင်းသို့ပါမပါသာ စဉ်းစားရမည်ဖြစ်ကြောင်း ဦးဇော်အောင်က အကြံပြုသည်။

စီမံကိန်း အကောင်အထည်ဖော်သူများက ထားဝယ်စီမံကိန်းကို အင်ဒိုချိုင်းနား ကျွန်းဆွယ် အတွက်မြေသားဖြတ်လမ်းဟုပင် တင်စားပြောဆိုကြသည်။
သို့ဆိုလျှင် စီမံကိန်းက မည်သူ့အတွက်နည်း။

မြန်မာအစိုးရကလည်း ကျေး ရွာပေါင်း မည်မျှရွှေ့ပြောင်းရမည် ဟူသည့် အချက်အလက်မျိုးကိုသာ အကြိမ်ကြိမ်ပြောင်းလဲ ထုတ်ပြန် သော်လည်း ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံအတွက် မည်မျှ အကျိုး ရှိနိုင်သည်ဟူသည့် သတင်းထုတ် ပြန်ချက်မျိုးအား တိတိကျကျ တစ်ခါမျှ တွက်ချက်မဖော်ပြနိုင်ဟု ဦးသန့်ဇင်က နှိုင်းယှဉ်ပြောဆို သည်။

ထားဝယ်စီမံကိန်း စိတ်ကူး စီမံချက်အရ ကုန်စည်သယ်ဆောင် ရာတွင် အချိန်ကာလအားဖြင့် သက်သာမည်မှာ မှန်သော်လည်း ကုန်းလမ်းပို့ဆောင် စရိတ်ကိုပါ ထည့်တွက်လျှင် အခြား လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများအတွက် 'ထူးမခြားနား' သာဖြစ်ပြီး ထိုင်းမှ ဗီယက်နမ်သို့ ကုန်သေတ္တာတစ် လုံး၏ အသွားအပြန် သယ်ယူစရိတ် မှာ အမေရိကန် ဒေါ်လာ ၅၅ဝဝ ကျသင့်ဆဲ ဖြစ်သည်ဟု ဦးဇော်အောင်က ထောက်ပြသည်။

''ထားဝယ်စီမံကိန်းက ထိုင်း နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သီးသန့် ဒီဇိုင်းဆွဲထားတာပါ'' ဟု သူက ဆိုသည်။

စီမံကိန်း တာဝန်ရှိသူများ အနေဖြင့် ယင်းသို့ စွပ်စွဲနေမည့်အ စား မိမိတို့ လုပ်ငန်းစဉ်များတွင် မည်သည့်အားနည်းချက် ရှိသည်၊ မည်သို့ပြုပြင်မည်ကိုသာ အာရုံစိုက် သင့်ကြောင်း ၎င်းကပြောသည်။
ထားဝယ်စီမံကိန်းတွင် ပြန် လည် နေရာချထားရေးနေရာ အချို့ တည်ဆောက်ပြီးစီးနေပြီး ဒေသခံများကို လျော်ကြေး ကွဲပြား စွာ ပေးအပ်နေမှု၊ မညီမျှသော မူ ဝါဒများ စသည်တို့ ကြုံတွေ့နေ ရသည်။
''တကယ်ဖြစ်နေတဲ့ ပြဿနာ တွေကို လက်တွေ့ကျကျ မဖြေရှင်း ဘဲ အခုလို လျှောက်ရမ်းနေရင် ဘာတစ်ခုမှ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး'' ဟု ဦး သန့်ဇင်က ဆိုသည်။

ထားဝယ်စီမံကိန်းကို ၂ဝ၁ဝ ခုနှစ်ကတည်းက မြေပြင်လုပ်ငန်း များကို စတင်ခဲ့သော်လည်း နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းများ ၏ စိတ်ဝင်စားမှုအားနည်းသည့် အတွက် ဘဏ္ဍာရေးအခက်အခဲ များဖြင့် ရင်ဆိုင်နေရပြီး စီမံကိန်း အကောင်အထည်ဖော်ရန် လေးဖင့် လျက်ရှိသည်။
ယင်းနောက် မြန်မာနှင့် ထိုင်း အစိုးရ ပူးတွဲအကောင်အထည် ဖော်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့ပြီး တတိယနိုင်ငံ ဂျပန် ကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိသည်။သို့သော် ဂျပန်၏ စိတ်ဝင်စား မှု ထင်သလောက်မရသေးပေ။

ရေကြောင်းပိတ်ဆို့မှု မရှိစေ ရန် ထိုင်းနိုင်ငံ၊ မတ္တာပွတ် စက် မှုဇုန်ဆိပ်ကမ်းနှင့် လန်ချဘန် ကုန် တင်ကုန်ချဆိပ်ကမ်းကဲ့သို့ ထားဝယ် စီမံကိန်းရှိ အထူးစီးပွားရေးဇုန်နှင့် ကုန်တင်ကုန်ချ ဆိပ်ကမ်းကို သီး ခြားစီ ထားရှိရန် ဂျပန်အစိုးရက တောင်းဆိုထားသည်။

''ထိုင်းနိုင်ငံ အဆိုပြုထားတဲ့ ထားဝယ်က ဆိပ်ကမ်းနေရာတွေကို ဂျပန်အစိုးရက သဘောမတူဘူး'' ဟု ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးက ယခုလဆန်းက ဆိုထား သည်။

ယင်းအချိန် ထားဝယ်စီမံကိန်း ကို မလေးရှားနှင့် စင်ကာပူတို့က လူထုအဖွဲ့အစည်းများကို ပူးပေါင်း ၍ ဖျက်ဆီးနေကြောင်း ပြောဆို ချက်များပိုမိုကျယ်လောင်စွာ ထွက် ပေါ်လာခြင်း ဖြစ်သည်။
''ဒုဝန်ကြီး အနေဖြင့် အဲလို သံသယရှိလျှင် စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် မေးသင့်တယ်''ဟု ဦးသန့်ဇင်က ဆိုသည်။



 www.MyanmarExpress.net
 

3 comments:

i would like to give some idea . singapore and malaysia are really don;t like to build a shipyard industry in south of myanmar . if we buid shipyard or jetty in south of myanmar , almost vessel from euro are no need to come to singapore , if no come to singapore , no need to pass malaysia. if vessel no pass there , they must not get money. second thing is more expensive than myanmar include labour charges.
presently i m working in a shipyard in singapore, malaysia, indonesia. pls check our map if u all r no believe. i had a experience a shipyard in singapore. he being have a personger vessel . he build it for euro owner. but euro owner rejected it bcos no quality and delay schedule. but he try to sell it to myanmar govt to carry cements. but our president mr.uts is not buy may b luckly. he is look like too stupid but he is very clever. thx presidend . i would like to force all our myanmar pls build shipyard and jetty in myanmar. i must promise after we build singaporean and malaysian are must come to work in myanmr. presently we r need to working in malaysia and singapore as a me. if we done jetty and shipyard , presently stories must go to reverse.
best and regards
lovely myanmar

S'gapore & Malasia က ကြောက် မှာ ပေါ့။ ထား ၀ယ် ရေ နက် ဆိပ် ကမ်း ပြီး သွား ရင် သူ တို့ ဆိပ် ကမ်း တွေ ကော သွား မှာ ပေါ့။

anyway we must careful to singapore and Malaysia because of they don't want this project that one can impact to their business. they don't want to share their market to give to myanmar and thailand so we must care them and go ahead to finish within time limit. ... finally i miss my country and i fed up my economy refuge life in singapore...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်