Subscribe to our RSS Feed

ရက်ပေါင်း ၇၀၀ကျော်ကြာမြင့်မည့် ကမ္ဘာလှည့် ယာဉ်တန်း မန္တလေးမြို့သို့ရောက်ရှိ

From : YMG


ရက်ပေါင်း ၇၀၀ကျော်ကြာမြင့်မည့် The Sea Bridge for Motor Home ကမ္ဘာလှည့် ယာဉ်တန်းသည် မန္တလေးမြို့သို့ဖေဖော်ဝါရီ၂၆ရက်နေ့ကရောက်ရှိ လာကြောင်းသိရသည်။ ထိုယာဉ်တန်းသည် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ရက်နေ့က ဂျာမနီနိုင်ငံမှစတင်ထွက်ခွါလာပြီးရှရှား၊ တူရကီ၊အီရန်၊ဘူတန်၊နီပေါ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့နှင့်အိန္ဒိယနိုင်ငံများ ကိုဖြတ်ကျော် ကာမြန်မာနိုင်ငံ မန္တလေးမြို့သို့ ရာက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

The Sea Bridge for Motor Home အဖွဲ့တွင် ဂျာမနီလူမျိုး ၄၆ ဦး ဆွစ်ဇာလန်လူမျိုး ၄ ဦး စုစုပေါင်း ၅၀ ဦးပါဝင်ကာ ယာဉ် ၂၈ စီးဖြင့် ကမ္ဘာတစ်ပတ်လှည့်ပတ်ရန်နှင့် ဂရင်းနစ် စံချိန်ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်ကြောင်း သိရသည်။

"ဂျာမနီ နိုင်ငံကနေ စတင်ထွက်ခွာလာပြီးတော့ မြန်မာနိုင်ငံအပါအ၀င် ၁၀ နိုင်ငံ ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ် အချိန်လေးလကျော်ကြာမြင့်ခဲ့ပါတယ်။ အဓိကအကြောင်းကတော့ နိုင်ငံအသီးသီးရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုလေ့လာဖို့ အတွက်ရည်ရွယ်ပြီး ကမ္ဘာပတ်ရခြင်းဖြစ် ပါတယ်။ "ဟုအဖွဲ့စီစဉ်သူ မစ္စ ခရစ္စတင်း ကပြောသည်။

အဆိုပါအဖွဲ့သည် မန္တလေး ၊ ကလော ၊ နေပြည်တော် ၊ ရန်ကုန် ၊ မြ၀တီ ၊ ထိုင်း သို့ ဆက်လက်ထွက်ခွာပြီး အမေရိကားအထိ ယာဉ်တန်းဖြင့်သွားရောက်ကြမည် ဖြစ်ကြောင်းသိရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်