From : ပလေတို ဒီမို
အဒေါ်စု ပြောနေတာ ရှိတယ်။ ဘာအတွက် ဆနပြနေကြတာလဲ ဆိုတဲ့ မေးခွန်းပါ။
( မေးခွန်းမှာ အဓိပါယ်ရှိတယ်။ ဘာလိုချင်နေကြတာလဲ ဘာဖြစ်ချင်နေကြတာလဲ။ ဘာကိုရည်ရွယ်နေကြတာလဲ။ )
ဒေါ်စုနဲ့  NLD ဒီအတိုင်းသွားရင် ၂၀၁၅ ဟာ အောင်ပွဲဆင်မယ့်နှစ် ဖြစ်မယ်။
NLD အစိုးရ ဖွဲ့ နိုင်မယ်။ သမတ ဖြစ်မယ်။ ဒေါ်စု ဖြစ်တာ မဖြစ်တာတော့ မသေချာဘူး။ ဒါပေမယ့် NLD သမတဆိုရင် ဒေါ်စုက အိနိယက ဆိုနီရာ
ဂနီလို လူထုခေါင်းဆောင် ဖြစ်မယ်။
သူတို့ နောက်ပြန်မလှည့်ချင်ဘူး။
၈၈ အဖွဲ့ တွေ ပါတီထောင်ရင် လွှတ်တော်ထဲ အများစု ရောက်လာမယ်။ ကိုကိုကြီးက ပါတီထောင်၊ မင်းကိုနိုင်က အခုအတိုင်း ဆက်လုပ်။
သူတို့  နောက်ပြန် မလှည့်ချင်ဘူး။
ဦးသိန်းစိန်အစိုးရကလည်း အခုအတိုင်းလေး ကောင်းနေပြီ။ ပိုပြီးကောင်းဖို့ ပဲ ရှိတယ်။ ဒီကြားထဲ ကြံ့ဖွတ် အနေအထားကောင်းရင် ၂၀၁၅ ကို မျှော်နိုင်မယ်။
သူတို့ လည်း နောက်ပြန် မလှည့်ချင်ဘူး။
မြန်မာစစ်တပ်။ နောက်ပြန်လှည့်ရင် ၁၀၀% အကျိုး ဖြစ်မယ် လို့ ထင်နေကြတယ်။ စဉ်းစားကြည့်- စစ်တပ်က အာဏာပြန်သိမ်း-ဆန်ရှင်တွေ ပြန်လုပ်-ငြိမ်းချမ်းရေးသဘောတူညီချက်တွေ အကုန် ပျက်သွားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက
ဒီမိုကရေစီ Army တွေ ဖြစ်လာမယ်။ ပိုဆိုးလာမှာက အနောက်အုပ်စု တစ်စုလုံးက
အဲဒီ ဒီမိုကရေစီအာမီတွေကို အလုံးအရင်းနဲ့  ထောက်ပံ့မယ်။ မြန်မာပြည်
စစ်တလင်းဖြစ်မယ်။ အုံကြွ ဆူပူကြနဲ့  UG တွေ OG တွေနဲ့  ရှုပ်ရှက်ခတ်နေမယ်။
စစ်တပ် နာမည်ပျက်မယ်။
ဒီတော့ သူတို့ လည်း နောက်ပြန်လှည့်ချင်မှာ မဟုတ်ဘူး။
ဒါဆိုရင် Zero Sum Game လို့  အထင်အရှား သိထားကြတဲ့ ဒီဂိမ်းကို ဘာဖြစ်လို့  ကစားနေကြတာလဲ။ ဘာရည်ရွယ်ချက်နဲ့  ကစားချင်ကြတာလဲ။ စဉ်းစားဖို့  လိုလာပြီ။
အခု ကိုယ်တိုင် ၀င်ပြီး Play နေတာတွေက ဦးဝီရသူ၊ ကိုကိုကျော်(ဗကသ)၊ Generation Wave-GW စတဲ့ Platform ရှာနေကြတဲ့အဖွဲ့ ။ သူတို့ ကရော ဘာကြောင့် လုပ်နေတာလဲ။ ဒီဂိမ်းဟာ မဖြစ်မနေ ရွေးချယ်ရမယ့် တစ်ခုတည်းသော လမ်းကြောင်း ဟုတ်ပါရဲ့ လား။ ဒီဂိမ်းမှာ သံဃာတွေ နိုင်ငံရေးနဲ့  ဒွေးရောယှက်တင် ဖြစ်လာပြီ။ သံဃာဆိုတာ ရှေးကတည်းက မဲပေးခွင့်တောင် ခွင့်ပြုမထားတဲ့ဟာ။ ဒါကလည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်သွားတဲ့ မူဝါဒ။ သံဃာတွေ သာသနာရေးကိုပဲ လုပ်ဖို့  ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြတ်ပြတ်သားသား ပြောခဲ့ပြီးသား။
၁၂ သုံးလုံးအထိမ်းအမှတ် ဆိုပြီး မဖြစ်ညစ်ကျယ် လှုံ့ ဆော်မှု ဘယ်ကလာတာလဲ။
အခု ကြားသိရတဲ့ သတင်းက မကောင်းတော့ဘူး။
လက်ရှိ ဆနပြနေတဲ့ ဖြစ်စဉ်အားလုံးကို နိုင်အောင်နဲ့  ခင်ဥမာတို့ က ကြိုးကိုင်ထားတယ် လို့  ခိုင်လုံတဲ့ သတင်းရပ်ကွက်က သိရတယ်။
NDD အဖွဲ့ က အဓိက -သူတို့ နောက်မှာ ဘယ်သူတွေ ရှိသလဲ။ NED ရှိနေတယ်။
၈၈ ရဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း ဆိုတာ ဘီလျံနာဆိုးရော့စ်ရဲ့  Open Society ကို ဖော်နေတာပဲ။ ဒါပေမယ့် ဒါက မြေပေါ် လှုပ်ရှားမှု။
နိုင်အောင်နဲ့  ခင်ဥမာတို့ ရဲ့  နောက်က NED ဆိုတာလည်း အမေရိကန်ဘတ်၈ျက်နဲ့  Run နေတာပဲ။
ခင်ဥမ္မာ ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံကို ရောက်လာတယ်။ ခင်ဥမာ၊ နိုင်အောင်နှင့်အဖွဲ့တွေဟာ ဗကသ၊ GW နှင့် မနော်အုန်းလှ နောက်မှာ ရှိနေတယ်။ ငွေကြေးထောက်ပံ့နေတယ် လို့  ပြောတယ်။ အခု ဘုမသိဘမိ ပြနေကြတဲ့ သပိတ်ကြီးမှောက်ဖို့ နိုင်အောင်က အဓိက ထောက်ပံ့ ပြီး ကြိုးကိုင်ထားတယ် ဆိုတဲ့ သတင်း ထွက်လာတယ်။
ဒါတွေ ၈၈ တွေက သိတော့ ၊ လက်ရှောင်သွားပြီး ကော်မရှင်မှာ မပါချင်ဘူး ဆိုပြီး လုပ်လာတယ် လို့ ဆိုတယ်။ ၈၈ တွေရဲ့ Open Society က ဆိုးရော့စ်ရဲ့  Open Society နဲ့  အတူတူပဲ။ ဆိုးရော့စ်က မြန်မာပြည်အကြောင်း ဘာမှမသိဘူး။ ကြားက လော်ဘီတွေ ပြောသမျှ ငွေထုတ်ပေးနေတာ သက်သက်ပဲ။ ဒါပေမယ့် ဆိုးရော့စ်က ၈၈ တင်မကဘူး ကျန်တဲ့ အဖွဲ့ အစည်းအများအပြားကိုလည်း ထောက်ပံ့ပေးနေတာ ဖြစ်တယ်။ ၈၈ သွားနေတဲ့ လမ်းကြောင်းက ဒေါ်စုနဲ့  ခွဲလုပ်ဖို့  သက်သက်၊ ကိုယ့်လမ်းကိုယ်ဖောက်မယ့် ပုံစံ သက်သက်ပဲ။
ဒါပေမယ့် ခင်ဥမာနဲ့  နိုင်အောင်တို့  လုပ်နေတာက ဘာအတွက်လဲ။ မတည်မငြိမ် ဖြစ်-အာဏာရှင်ဖြစ်မှ သူတို့ ကို NED က တစ်သက်လုံး ထောက်ပံ့ပေးမှာ မဟုတ်လား။ ပြည်တွင်း ပြန်လာဖို့ ကိုလည်း သူတို့ က စိတ်ကို မကူးဘူး။ ဒီတော့ အခု ကိစတွေရဲ့ လက်သည် တရားခံက ခင်ဥမာနဲ့  နိုင်အောင်-သူတို့ နောက်က NED -NED နောက်က အမေရိကန် အစိုးရနဲ့  ကွန်ဂရက် ဖြစ်နေတာ တွေ့ ရတယ်။
NED ဆိုတာ အမေရိကန် ကွန်ဂရက်ရဲ့  ခွင့်ပြုဘတ်ဂျက်နဲ့  သွားနေတဲ့ဟာ။ ဒါကို ဟီလာရီကလင်တန်က သိတော့ USAID အောက်ကို ဆွဲသွင်းဖို့  ကြိုးစားနေတယ်။ ဒီမိုကရေစီပရိုမိုးရှင်း ဆိုပြီး ဒီလို မြေအောက်အဖွဲ့ တွေကို ပေးနေတာ အရင်ခေတ်က မှန်တယ်။ အခု ဦးသိန်းစိန်နဲ့  ဒေါ်စုတို့  တွဲလုပ်နေပြီ ဖြစ်တဲ့ဒီအချိန်မှာ မြန်မာနိုင်ငံနဲ့  ပတ်သက်ရင် USAID အောက်ကပဲ တစ်စုတစ်စည်းတည်း သွားရမယ်။ သွားသင့်တယ် လို့  ခံယူတယ်။ အဓိကအချက်က ဒီမိုကရေစီပရိုမိုးရှင်းမဟာ ဗျူဟာဟာ အမေ၇ိကန်နိုင်ငံခြားရေး မူဝါဒနဲ့  ဟန်ချက်ညီရမယ်လို့  ဆိုတယ်။
အိုဘားမားလက်ထက်မှာ USAID ကို နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ကို ဆွဲစေ့ထားပြီးပြီ။ ကျန်နေတဲ့ ကွန်ဂရက်က ဆွဲတဲ့ ဘတ်ဂျက်နဲ့  သွားတာတွေလည် USAID နဲ့  ထပ်တူကျဖို က အိုဘားမားကလည်း ပြောနေတာ ကြာပြီ။
GW-ဗကသ-သံဃာဦးဆောင်ကော်မတီ စတဲ့ လှုပ်ရှားမှုတွေဟာလည်း ဒီ-လှုပ်(ဒီမိုကရေစီရေးလှုပ်ရှားသူများ)တွေကို
အဓိက တည်ထားတာ ဖြစ်တယ်။ နော်အုန်းလှ ဆိုတာ ဆနပြ နေရရင် ထောင်ထဲ
ဝင်လိုက်ထွက်လိုက် လုပ်နေရရင် ကျေနပ်နေတဲ့ သဘောထား။ သူက ထောင်ဆိုတာ
အိမ်ဦးနဲ့  ကြမ်းပြင် ဆိုပြီး အခြောက်တိုက် ဂုဏ်ယူနေတာ၊ သူ့ မှာ
နိုင်ငံရေး ခံယူချက် ဆိုတာ မရှိဘူး။ ဒါကြောင့်လည်း ဒေါ်စုက သူ့ ကို
ထုတ်ပစ်ရတာ။
စိတ်ဓါတ်ကတော့ ကောင်းတယ်။ ဆနပြမယ် ဘာလုပ်မယ် ဆိုရင် နေမကောင်းတဲ့ကြားကကို ချက်ချင်း လိုက်လာတာ လို့ ပြောတယ်။
ဦးသိန်းစိန်အစိုးရကို မကျေမနပ် ဖြစ်နေတဲ့ ဘင်္ဂါလီကုလားတွေက အခု ဖြစ်စဉ်မှာ ဒို့  လူကလေးများ ဆိုသလေလေ မှာ ဝေလေလေ ရောကြိတ်တယ်။ အွန်လိုင်းမှာ ကုလားတွေ ဒီလောက်တက်ကြွတာ ဒီနေရာမှာ ဒီမိုလိုလိုနဲ့  ရောချတယ်။ အခန့်  မသင့်ရင် ဘုန်းကြီးနဲ့  အစိုးရ ထိပ်တိုက် တိုးမယ်။ ဒါပဲ ဒီကောင်တွေက ဖြစ်စေချင်တာ။
ဒီတော့ ဒီကိစကို သိပြီ ဆိုတာနဲ့  ရောက်ရာအရပ်က အမြန်ပြန်ရှင်းပါ။
NED ဟာလည်း ဒီလိုမျိုး အဖျက်လုပ်မယ့် သူတွေကို ဘာမှ မထောက်ပံ့သင့်ဘူး။ ထောက်ပံ့ချင်ရင် တရားဝင် မြေပေါ်မှာ ရှိနေတဲ့ CSO တွေကိုပဲ ပေးသင့်တယ်။
မြန်မာပြည်ရဲ့  ဒီမိုကရေစီကို ဒုကပေးမယ့် သူတွေလက်ထဲ ဒေါ်လာတွေ အလျှံပယ် မပေးသင့်ဘူး။
၈၈ ကလည်း ဒီကိစကို ၀ိုင်းပြီး ထိန်းသင့်တယ်။ ထိန်းရမယ်။ သွားနေတဲ့ လမ်းကြောင်းမှာ ဘယ်သူ့ ကိုမှ အကျိုး မပြုတဲ့ အရူးအပေါ ခေတ်ဆွေးဗကပ လုပ်နည်းတွေကို သိသိကြီးနဲ့  လွှတ်မပေးသင့်ဘူး။ တော်လှန်ရေး ဘာဆိုတာ ၈၈ တွေ သိပါတယ်။ အခုအချိန်ဟာ တော်လှန်၇မယ့်အချိန် ဟုတ်-မဟုတ်လည်း ၈၈ တွေ သိပါတယ်။
ခင်ဥမာနဲ့  နိုင်အောင်လည်း လုပ်စားစရာ မရှိရင် မြန်မာပြည် ပြန်လာဖို့  ကောင်းတယ်။ အနည်းဆုံး ဒေါ်စုကို အထောက်အပံ့ ပေးသင့်တယ်။ အခုလို လေညှာက အနေသာကြီး ဆိုသလို အပြင်မှာ နေ အတွင်းမှာ မီးလောင်ချင်လောင် သေချင်သေ ဆိုတာမျိုးကတော့ သိပ်ကို မိုက်ရိုင်းလွန်း အားကြီးတယ် လို့  ပဲ ပြောချင်တယ်။
ဗကသနဲ့  GW တွေကလည်း နိုင်ငံရေးကို နိုင်ငံရေးနဲ့  တူအောင် လုပ်တတ်ဖို့  ကြိုးစားသင့်တယ်။ ကောင်းတာက နိုင်အောင်နဲ့  ခင်ဥမာတို့  အနေနဲ့  ဒီအဖွဲ့ တွေကို ပြည်ပ ခေါ်ထုတ်- ပြီးတော့ နိုင်ငံရေးသိပံတွေ ကောင်းကောင်း သင်ပေးဖို့  လုပ်သင့်တယ်။
မိုက်ရူးရဲ တော်လှန်ရေးယောင်ယောင်နဲ့  အဖျက်သမား ဖြစ်မှန်းမသိ ဖြစ်နေရင် တိုင်းပြည် ဒုက ရောက်သွားမယ်။ အနည်းဆုံးတော့ အမေရိကန်သံရုံးမှာ ဖြစ်ဖြစ် ဗြိတိသျှကောင်စီမှာ ဖြစ်ဖြစ်၊ NLD ၈၈ တွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်အဆင့်ကို မြှင့်ကြဖို့  ကောင်းပြီ။ ၈၈ ရဲ့  ပွင့်လင်း လူ့ အဖွဲ့ အစည်း ကလည်း ကျော်ကိုကိုတို့ လို လုပ်ချင်ကိုင်ချင်တဲ့ လူငယ်တွေကို လမ်းမှား မရောက်အောင် ဆွဲခေါ်သင့်တယ်။ မင်းဇေယျာကို မုံရွာမှာ အနီးကပ်ထားတာ ဘာလုပ်ဖို့ လဲ။ ဒီလို ဦးနှောက်မရှိတဲ့ လုပ်ရပ်တွေကို ထိန်းဖို့  လား။ မှားနေတဲ့လမ်းမှာ အဆင်း ဘီးတပ်ပေးဖို့ လား။ ဒါကိုလည်း ၈၈ တွေပဲ သိမယ်။
ရှင်းရှင်း ပြောရရင် ဒီလှုပ်တွေကို လမ်းမှား မပို့ပါနဲ့ ။ ဒီလှုပ်တွေ မှားတာ များလာရင် ပြည်သူတွေ အကုန်လုံး လမ်းမှားထဲကို တစ်ပြုံကြီး ရောက်သွားမှာ ဖြစ်တဲ့အတွက် ပြောနေရတာ ဖြစ်တယ်။
(း မနေနိုင်လို့  ကြားဝင်ပြီး ရှင်းရှင်းပဲ ပြောရတာ ဖြစ်ပါတယ်။ ရိုင်းတယ်ထင်ရင်လည်း နားလည်ပေးပါ။ ဆဲချင်သလိုလည်း ဆဲနိုင်ပါတယ်။း)
www.MyanmarExpress.net
အဒေါ်စု ပြောနေတာ ရှိတယ်။ ဘာအတွက် ဆနပြနေကြတာလဲ ဆိုတဲ့ မေးခွန်းပါ။
( မေးခွန်းမှာ အဓိပါယ်ရှိတယ်။ ဘာလိုချင်နေကြတာလဲ ဘာဖြစ်ချင်နေကြတာလဲ။ ဘာကိုရည်ရွယ်နေကြတာလဲ။ )
ဒေါ်စုနဲ့  NLD ဒီအတိုင်းသွားရင် ၂၀၁၅ ဟာ အောင်ပွဲဆင်မယ့်နှစ် ဖြစ်မယ်။
NLD အစိုးရ ဖွဲ့ နိုင်မယ်။ သမတ ဖြစ်မယ်။ ဒေါ်စု ဖြစ်တာ မဖြစ်တာတော့ မသေချာဘူး။ ဒါပေမယ့် NLD သမတဆိုရင် ဒေါ်စုက အိနိယက ဆိုနီရာ
ဂနီလို လူထုခေါင်းဆောင် ဖြစ်မယ်။
သူတို့ နောက်ပြန်မလှည့်ချင်ဘူး။
၈၈ အဖွဲ့ တွေ ပါတီထောင်ရင် လွှတ်တော်ထဲ အများစု ရောက်လာမယ်။ ကိုကိုကြီးက ပါတီထောင်၊ မင်းကိုနိုင်က အခုအတိုင်း ဆက်လုပ်။
သူတို့  နောက်ပြန် မလှည့်ချင်ဘူး။
ဦးသိန်းစိန်အစိုးရကလည်း အခုအတိုင်းလေး ကောင်းနေပြီ။ ပိုပြီးကောင်းဖို့ ပဲ ရှိတယ်။ ဒီကြားထဲ ကြံ့ဖွတ် အနေအထားကောင်းရင် ၂၀၁၅ ကို မျှော်နိုင်မယ်။
သူတို့ လည်း နောက်ပြန် မလှည့်ချင်ဘူး။
မြန်မာစစ်တပ်။ နောက်ပြန်လှည့်ရင် ၁၀၀% အကျိုး ဖြစ်မယ် လို့ ထင်နေကြတယ်။ စဉ်းစားကြည့်- စစ်တပ်က အာဏာပြန်သိမ်း-ဆန်ရှင်တွေ ပြန်လုပ်-ငြိမ်းချမ်းရေးသဘေ
ဒီတော့ သူတို့ လည်း နောက်ပြန်လှည့်ချင်မှာ မဟုတ်ဘူး။
ဒါဆိုရင် Zero Sum Game လို့  အထင်အရှား သိထားကြတဲ့ ဒီဂိမ်းကို ဘာဖြစ်လို့  ကစားနေကြတာလဲ။ ဘာရည်ရွယ်ချက်နဲ့  ကစားချင်ကြတာလဲ။ စဉ်းစားဖို့  လိုလာပြီ။
အခု ကိုယ်တိုင် ၀င်ပြီး Play နေတာတွေက ဦးဝီရသူ၊ ကိုကိုကျော်(ဗကသ)၊ Generation Wave-GW စတဲ့ Platform ရှာနေကြတဲ့အဖွဲ့ ။ သူတို့ ကရော ဘာကြောင့် လုပ်နေတာလဲ။ ဒီဂိမ်းဟာ မဖြစ်မနေ ရွေးချယ်ရမယ့် တစ်ခုတည်းသော လမ်းကြောင်း ဟုတ်ပါရဲ့ လား။ ဒီဂိမ်းမှာ သံဃာတွေ နိုင်ငံရေးနဲ့  ဒွေးရောယှက်တင် ဖြစ်လာပြီ။ သံဃာဆိုတာ ရှေးကတည်းက မဲပေးခွင့်တောင် ခွင့်ပြုမထားတဲ့ဟာ။ ဒါကလည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိ
၁၂ သုံးလုံးအထိမ်းအမှတ် ဆိုပြီး မဖြစ်ညစ်ကျယ် လှုံ့ ဆော်မှု ဘယ်ကလာတာလဲ။
အခု ကြားသိရတဲ့ သတင်းက မကောင်းတော့ဘူး။
လက်ရှိ ဆနပြနေတဲ့ ဖြစ်စဉ်အားလုံးကို နိုင်အောင်နဲ့  ခင်ဥမာတို့ က ကြိုးကိုင်ထားတယ် လို့  ခိုင်လုံတဲ့ သတင်းရပ်ကွက်က သိရတယ်။
NDD အဖွဲ့ က အဓိက -သူတို့ နောက်မှာ ဘယ်သူတွေ ရှိသလဲ။ NED ရှိနေတယ်။
၈၈ ရဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း ဆိုတာ ဘီလျံနာဆိုးရော့စ်ရဲ့  Open Society ကို ဖော်နေတာပဲ။ ဒါပေမယ့် ဒါက မြေပေါ် လှုပ်ရှားမှု။
နိုင်အောင်နဲ့  ခင်ဥမာတို့ ရဲ့  နောက်က NED ဆိုတာလည်း အမေရိကန်ဘတ်၈ျက်နဲ့  Run နေတာပဲ။
ခင်ဥမ္မာ ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံကို ရောက်လာတယ်။ ခင်ဥမာ၊ နိုင်အောင်နှင့်အဖွဲ့တွေဟာ ဗကသ၊ GW နှင့် မနော်အုန်းလှ နောက်မှာ ရှိနေတယ်။ ငွေကြေးထောက်ပံ့နေတယ် လို့  ပြောတယ်။ အခု ဘုမသိဘမိ ပြနေကြတဲ့ သပိတ်ကြီးမှောက်ဖို့ နိုင်အောင်က အဓိက ထောက်ပံ့ ပြီး ကြိုးကိုင်ထားတယ် ဆိုတဲ့ သတင်း ထွက်လာတယ်။
ဒါတွေ ၈၈ တွေက သိတော့ ၊ လက်ရှောင်သွားပြီး ကော်မရှင်မှာ မပါချင်ဘူး ဆိုပြီး လုပ်လာတယ် လို့ ဆိုတယ်။ ၈၈ တွေရဲ့ Open Society က ဆိုးရော့စ်ရဲ့  Open Society နဲ့  အတူတူပဲ။ ဆိုးရော့စ်က မြန်မာပြည်အကြောင်း ဘာမှမသိဘူး။ ကြားက လော်ဘီတွေ ပြောသမျှ ငွေထုတ်ပေးနေတာ သက်သက်ပဲ။ ဒါပေမယ့် ဆိုးရော့စ်က ၈၈ တင်မကဘူး ကျန်တဲ့ အဖွဲ့ အစည်းအများအပြားကိုလည်း ထောက်ပံ့ပေးနေတာ ဖြစ်တယ်။ ၈၈ သွားနေတဲ့ လမ်းကြောင်းက ဒေါ်စုနဲ့  ခွဲလုပ်ဖို့  သက်သက်၊ ကိုယ့်လမ်းကိုယ်ဖောက်မယ့် ပုံစံ သက်သက်ပဲ။
ဒါပေမယ့် ခင်ဥမာနဲ့  နိုင်အောင်တို့  လုပ်နေတာက ဘာအတွက်လဲ။ မတည်မငြိမ် ဖြစ်-အာဏာရှင်ဖြစ်မှ သူတို့ ကို NED က တစ်သက်လုံး ထောက်ပံ့ပေးမှာ မဟုတ်လား။ ပြည်တွင်း ပြန်လာဖို့ ကိုလည်း သူတို့ က စိတ်ကို မကူးဘူး။ ဒီတော့ အခု ကိစတွေရဲ့ လက်သည် တရားခံက ခင်ဥမာနဲ့  နိုင်အောင်-သူတို့ နောက်က NED -NED နောက်က အမေရိကန် အစိုးရနဲ့  ကွန်ဂရက် ဖြစ်နေတာ တွေ့ ရတယ်။
NED ဆိုတာ အမေရိကန် ကွန်ဂရက်ရဲ့  ခွင့်ပြုဘတ်ဂျက်နဲ့  သွားနေတဲ့ဟာ။ ဒါကို ဟီလာရီကလင်တန်က သိတော့ USAID အောက်ကို ဆွဲသွင်းဖို့  ကြိုးစားနေတယ်။ ဒီမိုကရေစီပရိုမိုးရှင်း ဆိုပြီး ဒီလို မြေအောက်အဖွဲ့ တွေကို ပေးနေတာ အရင်ခေတ်က မှန်တယ်။ အခု ဦးသိန်းစိန်နဲ့  ဒေါ်စုတို့  တွဲလုပ်နေပြီ ဖြစ်တဲ့ဒီအချိန်မှာ မြန်မာနိုင်ငံနဲ့  ပတ်သက်ရင် USAID အောက်ကပဲ တစ်စုတစ်စည်းတည်း သွားရမယ်။ သွားသင့်တယ် လို့  ခံယူတယ်။ အဓိကအချက်က ဒီမိုကရေစီပရိုမိုးရှင်းမဟာ
အိုဘားမားလက်ထက်မှာ USAID ကို နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ကို ဆွဲစေ့ထားပြီးပြီ။ ကျန်နေတဲ့ ကွန်ဂရက်က ဆွဲတဲ့ ဘတ်ဂျက်နဲ့  သွားတာတွေလည် USAID နဲ့  ထပ်တူကျဖို က အိုဘားမားကလည်း ပြောနေတာ ကြာပြီ။
GW-ဗကသ-သံဃာဦးဆောင်ကော်မတီ
စိတ်ဓါတ်ကတော့ ကောင်းတယ်။ ဆနပြမယ် ဘာလုပ်မယ် ဆိုရင် နေမကောင်းတဲ့ကြားကကို ချက်ချင်း လိုက်လာတာ လို့ ပြောတယ်။
ဦးသိန်းစိန်အစိုးရကို မကျေမနပ် ဖြစ်နေတဲ့ ဘင်္ဂါလီကုလားတွေက အခု ဖြစ်စဉ်မှာ ဒို့  လူကလေးများ ဆိုသလေလေ မှာ ဝေလေလေ ရောကြိတ်တယ်။ အွန်လိုင်းမှာ ကုလားတွေ ဒီလောက်တက်ကြွတာ ဒီနေရာမှာ ဒီမိုလိုလိုနဲ့  ရောချတယ်။ အခန့်  မသင့်ရင် ဘုန်းကြီးနဲ့  အစိုးရ ထိပ်တိုက် တိုးမယ်။ ဒါပဲ ဒီကောင်တွေက ဖြစ်စေချင်တာ။
ဒီတော့ ဒီကိစကို သိပြီ ဆိုတာနဲ့  ရောက်ရာအရပ်က အမြန်ပြန်ရှင်းပါ။
NED ဟာလည်း ဒီလိုမျိုး အဖျက်လုပ်မယ့် သူတွေကို ဘာမှ မထောက်ပံ့သင့်ဘူး။ ထောက်ပံ့ချင်ရင် တရားဝင် မြေပေါ်မှာ ရှိနေတဲ့ CSO တွေကိုပဲ ပေးသင့်တယ်။
မြန်မာပြည်ရဲ့  ဒီမိုကရေစီကို ဒုကပေးမယ့် သူတွေလက်ထဲ ဒေါ်လာတွေ အလျှံပယ် မပေးသင့်ဘူး။
၈၈ ကလည်း ဒီကိစကို ၀ိုင်းပြီး ထိန်းသင့်တယ်။ ထိန်းရမယ်။ သွားနေတဲ့ လမ်းကြောင်းမှာ ဘယ်သူ့ ကိုမှ အကျိုး မပြုတဲ့ အရူးအပေါ ခေတ်ဆွေးဗကပ လုပ်နည်းတွေကို သိသိကြီးနဲ့  လွှတ်မပေးသင့်ဘူး။ တော်လှန်ရေး ဘာဆိုတာ ၈၈ တွေ သိပါတယ်။ အခုအချိန်ဟာ တော်လှန်၇မယ့်အချိန် ဟုတ်-မဟုတ်လည်း ၈၈ တွေ သိပါတယ်။
ခင်ဥမာနဲ့  နိုင်အောင်လည်း လုပ်စားစရာ မရှိရင် မြန်မာပြည် ပြန်လာဖို့  ကောင်းတယ်။ အနည်းဆုံး ဒေါ်စုကို အထောက်အပံ့ ပေးသင့်တယ်။ အခုလို လေညှာက အနေသာကြီး ဆိုသလို အပြင်မှာ နေ အတွင်းမှာ မီးလောင်ချင်လောင် သေချင်သေ ဆိုတာမျိုးကတော့ သိပ်ကို မိုက်ရိုင်းလွန်း အားကြီးတယ် လို့  ပဲ ပြောချင်တယ်။
ဗကသနဲ့  GW တွေကလည်း နိုင်ငံရေးကို နိုင်ငံရေးနဲ့  တူအောင် လုပ်တတ်ဖို့  ကြိုးစားသင့်တယ်။ ကောင်းတာက နိုင်အောင်နဲ့  ခင်ဥမာတို့  အနေနဲ့  ဒီအဖွဲ့ တွေကို ပြည်ပ ခေါ်ထုတ်- ပြီးတော့ နိုင်ငံရေးသိပံတွေ ကောင်းကောင်း သင်ပေးဖို့  လုပ်သင့်တယ်။
မိုက်ရူးရဲ တော်လှန်ရေးယောင်ယောင်နဲ့  အဖျက်သမား ဖြစ်မှန်းမသိ ဖြစ်နေရင် တိုင်းပြည် ဒုက ရောက်သွားမယ်။ အနည်းဆုံးတော့ အမေရိကန်သံရုံးမှာ ဖြစ်ဖြစ် ဗြိတိသျှကောင်စီမှာ ဖြစ်ဖြစ်၊ NLD ၈၈ တွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်အဆင့်ကို မြှင့်ကြဖို့  ကောင်းပြီ။ ၈၈ ရဲ့  ပွင့်လင်း လူ့ အဖွဲ့ အစည်း ကလည်း ကျော်ကိုကိုတို့ လို လုပ်ချင်ကိုင်ချင်တဲ့ လူငယ်တွေကို လမ်းမှား မရောက်အောင် ဆွဲခေါ်သင့်တယ်။ မင်းဇေယျာကို မုံရွာမှာ အနီးကပ်ထားတာ ဘာလုပ်ဖို့ လဲ။ ဒီလို ဦးနှောက်မရှိတဲ့ လုပ်ရပ်တွေကို ထိန်းဖို့  လား။ မှားနေတဲ့လမ်းမှာ အဆင်း ဘီးတပ်ပေးဖို့ လား။ ဒါကိုလည်း ၈၈ တွေပဲ သိမယ်။
ရှင်းရှင်း ပြောရရင် ဒီလှုပ်တွေကို လမ်းမှား မပို့ပါနဲ့ ။ ဒီလှုပ်တွေ မှားတာ များလာရင် ပြည်သူတွေ အကုန်လုံး လမ်းမှားထဲကို တစ်ပြုံကြီး ရောက်သွားမှာ ဖြစ်တဲ့အတွက် ပြောနေရတာ ဖြစ်တယ်။
(း မနေနိုင်လို့  ကြားဝင်ပြီး ရှင်းရှင်းပဲ ပြောရတာ ဖြစ်ပါတယ်။ ရိုင်းတယ်ထင်ရင်လည်း နားလည်ပေးပါ။ ဆဲချင်သလိုလည်း ဆဲနိုင်ပါတယ်။း)
www.MyanmarExpress.net

8 comments:
Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)
လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်
အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။
စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။
စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။
နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။
မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။
· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။
· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။
· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။
· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။
ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။
· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။
· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။
· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊
· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။
· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။
· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။
· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။
မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။
နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။
အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။
ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။
အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။
တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။
နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။
(ဒီဇင်ဘာလ (၂၃) ၇က် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်း ဖြစ်ပွါးခဲ့သည် ။
မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။ လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)
that right very right because they are stupid killer north stste we don't liked the fuck couple they bought myanmar country we hate that we think myanmar present or goverment do something that couple and mo the zon kill it
ဒေါ်စုသာ..သမ္မတဖြစ်ရင်..မြန်မာဗုဒ္ဒဘာသာဝင်တွေ..ဘ၀ပြက်မှာသေချာတယ်...အခုသု့အဖွဲ့သားတွေက...လွတ်လပ်စွာမုဒိမ်ကျင့်တယ်...ရခိုင်ပြည်ကကိစ္စမှာလဲ..မွတ်စလင်ဘက်ကရပ်တည်တယ်..ရန်ကုန်ကကိစ္စမှာလဲ...ညိမ်နေတယ်...ဒီစီတ်ဓာတ်လား..မိမိတိုင်ရင်သားကိုချစ်တာ
ဒေါ်စုသာ..သမ္မတဖြစ်ရင်.. မြန်မာဗုဒ္ဒဘာသာဝင်တွေ.. ဘ၀ပြက်မှာသေချာတယ်...
အခုသု့အဖွဲ့သားတွေက... လွတ်လပ်စွာ မုဒိမ်ကျင့်တယ်...
ရခိုင်ပြည်ကကိစ္စမှာလဲ.. မွတ်စလင်ဘက်က ရပ်တည်တယ်..
ရန်ကုန်ကကိစ္စမှာလဲ... ညိမ်နေတယ်...
ဒီစီတ်ဓာတ်လား.. မိမိတိုင်ရင်သားကိုချစ်တာ
သေချာ စုံစမ်းပြီး သေ ဒဏ်ပေး ကြ ပါ။
အသက်ငယ်ရွယ်သေးတဲ့ကျောင်းသားကျောင်းသူတွေ့ကို လှုံဆော် စည်းရုံးပြီးနိုင်ငံရေးလောကထဲကို ပို့ဆောင်တဲ့သူတွေ့မှာအပြစ်ရှိတယ် အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ဘဝလမ်းကြောင်းကိုတောင်သေချာမရွေးချယ်နိုင်သေးတဲ့အရွယ်မှာ နိုင်ငံရေးလောကထဲဝင်လာတာကိုတော့ အရမ်းအံသြမိတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်