Subscribe to our RSS Feed

လိုင်ဇာကို ပိတ်ဆို့ ထားခြင်းသေနင်္ဂကို တစ်ကယ် စဉ်းစားကြည့် စေချင်ပါသည်

From : http://mmdailystar.blogspot.com/2013/01/blog-post_27.html



(၁)မြန်မာစစ်တပ်အင်အားနှင့် ကချင်စစ်တပ်အင်အားကို လက်တွေ့ကျကျ နှိုင်းယှဉ်ကြည့်စေချင်သည်။

 (၂)မြန်မာစစ်တပ် ကေအိုင်အေ စခန်းကို တစ်ကယ်တက်သိမ်းလို့မရတာလား၊ တက်မသိမ်းသေးတာ လား ကို လဲ ဆင်ခြင်ကြည့်စေချင်သည်။

 (၃)ကချင်မီဒီယာများမှာပြောနေသလိုပင် "စိတ်ဓါတ်တရာ၊ ခွန်အားဗလာ" နဲ့ ခံချနေတာလား၊ ဒီသေနင်္ဂက အလုပ်ဖြစ်နေတာလား ဆိုတာ တစ်ချက်လောက် ထပ်တွေးကြည့်ကြပါဦး။

 (၄)ပထဝီကို ယဉ်ပါးကျွမ်းကျင်သော ကချင်တပ်များက ပိုမိုအသာစီးရသည်ဟု ယေဘုယျဆိုနိုင်သော်လဲ လက်နက်ကြီး တပ်ရှိသော၊ လေတပ်ရှိသော အစိုးရတပ်အတွက် ကေအိုင်အေသည် ပြိုင်ဖက် ဖြစ်နိုင် မည်လား သေသေချာချာ စဉ်းစားကြည့်စေချင်သည်။

 (၅)နောက်ပြီး လေကြောင်းထိုးစစ်ဟု ပြောနေကြသည်။ လေကြောင်းထိုးစစ်တို့၏ သဘောသဘာဝကို အရင် လေ့လာကြစေချင်ပါသည်။ လေကြောင်းထိုးစစ်နှင့် လိုင်ဇာ၏ (Geographical Vulnerability) ထိခိုက်ပျက် စီးနိုင်ခြေ၊ လိုင်ဇာပတ်ချာလည်မှ အစိုးရတပ်များ၏ ဝန်းရံထားပုံနှင့် ကချင်တပ်မှ အရေးပေါ် ဆုတ် ခွာနို င်သည့် လမ်းကြောင်းများ စသည်တို့ကို မြေပုံတွင် ထောက်ကာ ထောက်ကာ ကြည့်စေ ချင် ပါသေးသည်။

 ထိုအခါ ခပ်ရေးရေးသဘောပေါက်လာမည်ထင်ပါသည်။ ကျနော်စစ်ရေးစစ်ရာများကို အလွန်တတ်သိနား လည်သူမ ဟုတ်။ မိမိသိသမျှကိုသာ ဆန့်ထွက်တွေးကြည့်မိခြင်းဖြစ်သည်။ ကျနော်ထင်သည် ကတော့ လေကြောင်း များသည် ထိုးစစ်အတွက် ဖြစ်ဟန်မတူ၊ ပိတ်မိနေသော အစိုးရတပ်များကို ကာပေး ရန်၊ သို့မဟုတ် လိုင်ဇာကို စစ်ရေးဖိအားပေးပြီး ပိတ်မိနေသော စစ်ကြောင်းများ အပေါ်သို့ ကျနေ သည့် စစ်ရေးဖိအား လျှော့ချရန်ဖြစ်နိုင်လောက်ပါသည်။

 တစ်ကယ့်တစ်ကယ် လိုင်ဇာကို လေကြောင်းထိုးစစ်နှင့် ခြေလျင်တပ်ရင်းများက တစ်ပြိုင်နက် "ထိုးစစ်" ပြုပြီဆိုပါက ရက်ပိုင်းပင်တောင့်ခံနိုင်မည်ဟု မထင်မိပါ။ ဒါဆိုဘာလို့ ဒီစစ် ဒီမျှ ရှည်ကြာနေရသနည်း။

 နောက်ကွယ်မှ နိုင်ငံရေးအကျိုးအမြတ်၊ စီးပွားရေးအကျိုးအမြတ်များကို တူးဖော်တွေးဆကြည့်ကြစေ ချင်ပါသေးသည်။ (နိုင်ငံရေး+ စီးပွားရေး)အကျိုးအမြတ်အကြီးဆုံး၊ အကျအဆုံးအလေအလွင့် အနည်းဆုံး ဆိုသည့် ရှုထောင့်မှစဉ်းစားမည်ဆိုလျှင် လိုင်ဇာကို ပိတ်ဆို့ထားခြင်းသေနင်္ဂကို နည်းနည်းလေး ရိပ်စားမိ လာ မည်ထင်ပါသည်။
 
 www.MyanmarExpress.net
 

1 comments:

acctually, KIA KIO stragity breaken by myanmar army.They want freedom. myanmar want unity.This is really comflit of mind.This is mind game.But Kachin mind gain is depend on narrow way .So they will lose at all at last.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်