From : မောင်ပြည့်စုံ
၁။ လက်ရှိအစိုးရ စတက်လာကတည်းက ပြည်တွင်းပြည်ပ အ မနာပ မျိုးစုံကြားမှ
ကြိုးစားပမ်းစား ယနေ့တိုင်အားထုတ်နေဆဲဆိုတာ အသိအမှတ်ပြုရပါမည်။
၂။ သူတို့ဖြတ်သန်းနေရသည်မှာ အသစ်အသစ်တွေနဲ့ရှေ့တက်ဖို့ အဟောင်းမကောင်း
တွေကို သူတို့ကိုယ်တိုင်ရော ယန္တယား တစ်ခုလုံးကိုပြုပြင်နေကြတာလည်း အမှန်
မြင်တွေ့နေရတာလည်းမငြင်းနိုင်ပါ။
၃။ အပြုသဘောဆန်စွာမြင်ပြီးဝိုင်းဝန်းကြသူတွေရှိသလို ပုထုဇဉ်သဘောအရ
လောဘမသတ်နိုင်သူတွေကလည်း အပြုသဘောမဆန်ဘဲလုစားရန်ကြံစည်နေကြ
တာလည်း ပြောင်ပြောင်တင်းတင်းဖြစ်လာတာ တကယ့်လက်တွေ့ဖြစ်ပါတယ်။
၎။ ကျနော်တို့နိုင်ငံ ဒီမိုကရေစီဆန်ဆန် သွားချင်ကြတာအမှန်ဆိုရင် နတ်ရေကန်ထဲ
ပစ်ချသလို လိုချင်နေကြရင် ရှေ့မရောက်ဘဲ မှောက်ယက်လဲသွားနိုင်တာမြင်နေရ
ပါတယ်။
၅။ လွတ်လပ်မှုသိပ်ပြီးအလွန်အကျွံ ရယူနေကြရင် လွတ်လပ်ရေးကိုပါ ထိပါးလာနိုင်
တဲ့ အရိပ်အရောင်တွေ မြင်နေရသလိုပါပဲ။
၆။ ဥပမာအားဖြင့် တရုတ်ရဲ့နာကျည်းမှုဟာလည်း မျက်ကွယ်ပြုထားလို့မဖြစ်တော့တဲ့
အနေအထားလို့မြင်ရပါတယ်။ အနောက်နားက တံခါးခေါက်နေတာဟာလည်း
သတိမမူရင် ဂူမမြင်သလိုဖြစ်သွားနိုင်ပါတယ်။
၇။ အမေရိကန် ဥရောပ သဘောကျစရာလို့ထင်လောက်အောင် ပြောင်းလဲလာတဲ့
ဆက်ဆံရေးဟာ ကမ္ဘာကိုကိုင်လှုပ်နေကြသူတွေဖြစ်တာမို့ မြန်မာတို့ထင်ထား
တာထက် လျှင်ကြမယ်ဆိုတာလည်းထည့်တွက်သင့်ပါတယ်။
၈။ တရုတ်ကြီးက အဟောင်းတွေနဲ့ပဲ ချွေးသိပ်လေ့ရှိလို့ မကောင်းဘူးဆိုနိုင်
သလို အမေရိကန်အစစ်ကလည်း အသစ်တွေပေးမယ်လို့ထင်နေရင်လည်း
မဖြစ်နိုင်တာ ခုချိန်ထိ လက်တွေ့မပါသေးပါ ၊အာသာပြေဆက်ဆံခံနေရတာကို
ကျေနပ်နေကြရင် တဖြည်းဖြည်းနဲ့ အနေကြပ်ပြီး လင်းယုန် နဂါး ဆင်တို့ကြား
ပြားသွားနိုင်တာလည်း သတိမူသင့်ပါတယ်။
၉။ တကယ်တော့ဒီအချိန်ဟာ ဟိုလူမကောင်း ဟိုဟာမကောင်း တစ်ဦးနဲ့တစ်ဦး
တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယိုးမယ်ဖွဲ့ အပြစ်ရှာ အပြစ်ဖို့ အာဏာရဖို့ပဲ အားပြိုင်နေကြမယ်
ဆိုရင် ရင်လေးစရာ အခြေအနေ ဖြစ်နေသလို အထင်သေးစရာတွေလို့ ဆိုရမှာ
ဖြစ်ပါတယ်။
၁၀။ အစိုးရပိုင်း ကလည်း ပြုပြင်ပြောင်းလဲဖို့ အတော်ကြိုးစားနေပေမဲ့ ခေါက်ရိုးကျိုး
နေတဲ့ ယန္တယားကြီးက တင်းခံနေတာ တွေ့နေရပါတယ်။
၁၁။ ဒါကို ၀ိုင်းအော်နေရုံနဲ့ဖြုံမယ်တော့မထင်ဘူး ။ ပြင်ချင်ရင် အစိုးရ ၊လွှတ်တော်၊
ပြည်သူ၊ တာဝန်ရှိသူဟာအားလုံပါ။ ကျနော်လည်းပါတယ်။ဝိုင်းပြင်မှရမှာပါ။
၁၂။ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အသက်သွေး
မကအရေးနေပါတယ်ဆိုတာကို အခွ့င်ကောင်းယူနေတာက ကေအိုင်အေ. ပါ
မရိုးသားတာကြောင့်ဆိုတာလည်း မြင်နေရပေမဲ့ အထင်ကရ ၀င်မွှနေတဲ့ ၈၈ အဖွဲ့
တို့ မမြင်ကြသလိုဖင်ခွထိုင်နေသူတွေ စစ်တပ်ကို အပစ်ရပ်ခိုင်းပြီး ကိုင်းကောင်း
ကောင်းတက်ထိုင်ဖို့ ဖန်တီးနေကြသူတွေတို့ မီဒီယာလွတ်လပ်ခွင့်ဆိုတာကိုအသုံး
ချပြီး ပွဲဆူအောင် ဒွဲဘူတို့အုပ်စုနဲ့ပေါင်း တိုင်းပြည်ကိုရောင်းစားဖို့ဝန်မလေး
သရဲမရဲ အငမ်းမရ eleven မက မိုက်လှတဲ့ voice ကလည်း အတို့အထောင်
ခွေးတောင်ထမင်းကျွေးတဲ့လက်ကိုမကိုက်ပေမဲ့ အခုတော့ပြန်ကိုက်နေလေရဲ့။
ဒါကြောင့်လည်း စတုတ္ထမဏ္ဍိုင် ဆိုတာကြီးကို ဒုက္ခမဏ္ဍိုင် လို့. ကင်ပွန်းတပ်ပေး
ခဲ့သူဟာ မှန်လိုက်တာဗျာလို့ထောက်ခံရမလို စတုတ် လို့ သမုတ်ပေးခဲ့သူလည်း
ရင်ထဲမှာ မှားပြီလို့ ထင်နေမလားလို့? ။
၁၃။ တပိုင်းဖြတ်ပြီးသုံးသပ်ရရင် ကျနော်တို့မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက.
ဒေါ် စု ၀င်ကလည်း ခဏပဲရမယ် ညစ်တစ်တစ်နဲ့ ၈၈ အဖွဲ့ ဆိုလည်း မဖြစ်ညစ်
ကျယ်လောက်ပဲဖြစ်မှာပဲ တခြားသော တအားရော လုပ်ချင်နေသူတွေဆိုလည်း
အပိုပဲဖြစ်မှာ ဖြစ်သင့်တာပြောရရင်
- အစိုးရ၊ လွှတ်တော်၊ ပါတီ၊ အဖွဲ့အစည်းများ (တွင်း/ပ)၊အဓိကပြည်သူ ညီတူစွာ
လက်မတွဲရင် ၀က်ဝက်ကွဲသွားနိုင်ပါတယ်။
-ငြိမ်းချမ်းရေးဆိုတာဖြစ်မလာသေးရင် ၂၀၁၄ မှာအထင်သေးစရာ
နိုင်ငံဖြစ်သွားနိုင်တာမို တပ်မတော်ကိုချည်းပဲ အပြစ်ဖို့ အပစ်ရပ်စို့ဆိုတာလည်း
အမှန်ပဲလို့မှတ်ထားရင် မြန်မာပြည်မြေပုံ အထက်ပိုင်းပြတ်သွားနိုင်တဲ့အရေးမို့
ပြတ်ပြတ်သားသားတာဝန်ပေးရင်လည်းပေးလိုက် ကဲ ဒွဲဘူ အလိုလိုက်
တစ်ဖက်သတ်အပစ်ရပ်လိုက်တော့လည်း ဟိုငမိုက်တွေ လိုက်မလာတော့
သုံးသပ်ဖို့ အလေးအနက်တွေးသင့်သလို အပျက်အပျက်နဲ့ နှာခေါင်းသွေးမထွက်
ရအောင် အချိန်ဇယား နဲ့ စကားပြောရောရောနှောနှောတွေပြောပြီး
ဖောရှောဆက်လုပ်နေရင် နိုင်ငံတကာကိုကြေငြာ သေချာအုပ်ဖို့ လုပ်သင့်ပြီ
ဒါဟာပြည်သူ့ဆန္ဒ အမှန်တစ်ထပ်တည်းကျမှာမို့ ဖောက်ပြန်သူတွေ မထောက်ခံ
လည်း နောက်ပြန်မလှည့်ဖို့ အရေး ပြတ်ပြတ်သားသားတွေးသင့်ပါသည်။
၁၄။ နိုင်ငံရဲ့ အနာဂတ်အရေး နှောင့်နှေးစေမယ်ဆိုရင် ဆူးညှောင့်ခလုပ် အသေး
ဆွဲနှုတ်ဖို့ အတ္တတွေအဝေးမှာထား ညီညာတဲ့အားနဲ့ ဆက်သွားကြပါစို့လို့
တိုက်တွန်းအပ်ပါကြောင်း။
www.MyanmarExpress.net

1 comments:
စုကြည် နဲ့ မဖြစ်ညစ်ကျယ် ၈၈ အဖွဲ့ အပါအဝင် ဒီမိုလုပ်စားကောင်တွေ မောင်ပြည့်စုံဆီမှာ သင်တန်းသွားတက်ကြ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်