Subscribe to our RSS Feed

ဝန်ကြီးဌာနများတွင် အကြံပေးအရာရှိများအစား ပညာရှင်များ ခန့်အပ်တော့မည်

From : http://mmdailystar.blogspot.com/2013/01/blog-post_6267.html



ဝန်ကြီးဌာနများတွင် အကြံပေးအရာရှိများအစား ပညာရှင်များကိုသာ ခန့်အပ်ထားတော့မည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးဌာနများတွင် အကြံပေး အရာရှိများ မထားတော့ဘဲ ပညာရှင်များသာ ထားရှိတော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြောကြားချက်ကို ပညာရှင်များက ပြောဆိုကြခြင်း ဖြစ်သည်။ ပညာရှင်တို့၏ အကြံပြုချက် များကို မူဝါဒပိုင်းဆိုင်ရာအရ လက်ခံဆောင်ရွက်တော့မည်ဖြစ်၍ အဆိုပါဌာနများ၏ အရည်အသွေး တက်လာနိုင်မည် ဖြစ်ကြောင်း ပညာရှင်အချို့ က ဝေဖန်ပြောကြားကြ သည် ။ နိုင်ငံရေး လေ့လာသူ ဦးကျော် လင်းဦးက “အရင်က စစ်တပ်ဘက်က လာတဲ့သူတွေကို ဌာနဆိုင်ရာ တချို့တွေမှာ အကြံပေး အနေနဲ့ ထားခဲ့ကြတယ်။

 အဲဒီကနေမှ ညွှန်မှူး၊ ညွှန်ချုပ်တွေထိတောင် တက်ဖြစ်ကြတယ်။ ဗျူရိုကရက်ဆန်ဆန် အုပ်ချုပ်ခဲ့ကြ တာပေါ့။ အခု နိုင်ငံတော်သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်လို့ မြင်တယ်” ဟု ယင်း က ပြောကြား ခဲ့သည်။ ဝန်ကြီးဌာနတိုင်းတွင် ပညာရှင်များ မလိုအပ်ကြောင်း၊ မူဝါဒပိုင်းဆိုင်ရာ အရေးကြီး လိုအပ်သည့် ဌာနတို့တွင်သာ ခန့်ထားသင့်ကြောင်းလည်း ယင်းကဆိုသည်။ “ဌာနဆိုင်ရာ တိုင်းတော့ ပညာရှင်တွေထားဖို့ မလိုအပ်ဘူး ထင်တယ်။ နိုင်ငံခြားရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဌာနတွေ ကတော့ တတ်သိပညာရှင်တွေ တကယ်လိုအပ်တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာတွေ ထုတ်ပြန်ဖို့ ပညာရှင်တွေ လိုအပ် တယ်” ဟု ဆိုသည်။

 ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင်အချို့တို့လည်း ပြန်လည်ရောက်ရှိလာကြပြီး နိုင်ငံတော်မှ ဌာန အချို့ တို့ တွင် ပညာရှင်များအနေဖြင့် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ပညာ ရှင် ဆယ်ဂဏန်းမျှသာ ရှိသော ပုဂ္ဂိုလ်တို့နှင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မလုံလောက်သေးကြောင်း တတ်သိပညာ ရှင်တို့က ဆိုကြသည်။ “ပညာရှင်တွေက မြန်မာနိုင်ငံသားတွေ ပညာရှင်တွေဆိုရင်တော့ ကိုယ့်မျိုးချစ်စိတ်နဲ့ လုပ်ဆောင်နိုင်မယ်ဆိုရင် ကောင်းတာပေါ့။ နိုင်ငံခြားသား ပညာရှင်တွေကိုလဲ ခန့်ထား သင့်တယ်။ အနောက်နိုင်ငံသားတွေဆိုရင် အားမနာတတ်ဘူး။

သူတို့ကို ခန့်ထားရင် လစာကောင်း ပေးထားနိုင်ရမယ်။ ဒါမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဖို့ လိုပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ဒု-ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည့် ဦးသန်းလွင် က ပြောပြခဲ့ကြောင်း သိရှိရပါသည်။

 www.MyanmarExpress.net
 

3 comments:

မြန်မာနိုင်ငံကြီးတိုးတက်ကောင်းမွန်ဖို့အတွတ်အကြံပေးပညာရှင်
အများအပြားလိုအပ်ပါတယ်။

No need to appoint others.Only U Ye Htut 's the most reliable,very wise & thoughtful!He is the Myanmar future leader.He is very elegant,smart & attractive.His past record is as clear as mirror.We love him a lot.He is the person we will never substitute.

sure.he seems to be your mothet's fucker

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်