Subscribe to our RSS Feed

မြန်မာတွင် သြစတေးလျ ကုန်သွယ်ရေးရုံးခွဲ(မြန်မာပြည်) Austrade (Burma) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်

From : myanma age


သြစတေးလျ ဖက်ဒရယ်အစိုးရသည် မြန်မာတွင် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်မည့် သြစတေးလျကုမ္ပဏီများအတွက်
လုပ်ငန်း အခွင့်အလမ်း များ ရှာဖွေရာတွင် ကူညီနိုင်ရန် သြစတေးလျကုန်သွယ်ရေးရုံးခွဲ(မြန်မာပြည်) Austrade
(Burma)ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

ရန်ကုန်တွင် အခြေစိုက်ဖွင့်လှစ်မည့် ယင်းရုံးခွဲတွင် သြစတေးလျ
အစိုးရသည် ကုန်သွယ်ရေးကော်မရှင်နာတစ်ဦး ခန့်အပ်ထားမည်
ဖြစ်ကာ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းဖွံ့ ဖြိုးရေး မန်နေဂျာများ
ကိုလည်း ခန့်အပ်ထားရှိသွားမည်ဟု သိရသည်။

သြစတေးလျသည် မြန်မာအပေါ် ပိတ်ဆို့ မှုများကို ယမန်နှစ်က
စတင်၍ ရုပ်သိမ်းပေးခဲ့ပြီးနောက် ၎င်း၏ကုမ္ပဏီများသည် အရှေ့
တောင်အာရှ၏ အကြီးဆုံးနိုင်ငံဖြစ်သော မြန်မာတွင် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများရှာဖွေရန် ရောက်ရှိလာနေကြသည်။

သြစတေးလျကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ်ျ အီမာဆန်က
မြန်မာတွင် ကုန်သွယ်ရေးရုံးခွဲ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍
“ဒါဟာ သြစတေးလျ အစိုးရရဲ့ အာရှမှာ သံတမန်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ချဲ့ထွင်ဖို့ ကြိုးစားမှုမှာ နောက်ထပ်
ခြေလှမ်း တစ်ရပ်ပါ။ ရုံးခွဲသစ်ဟာ သြစတေးလျ စီးပွားရေး
လုပ်ငန်းတွေကို ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံဆိုင်ရာ ကဏ္ဍတွေ၊ သတ္တုတွင်းလုပ်ငန်းနဲ့  ခရီး သွားလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ကူညီထောက်ပံ့ပေးသွားမှာပါ” ဟု
ပြောကြားသည်။

ယခုလအတွင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် သြစတေးလျဝန်ကြီးချုပ် တို့၏ နှစ်စဉ်တွေ့ ဆုံမှု အစည်းအဝေးတွင် မြန်မာ့အပြောင်းအလဲ
များကို အသိအမှတ်ပြုခဲ့ပြီး ရင်းနှီးမြုပ်နှံမှုများ တိုးတက်လုပ်ဆောင်
သွားရန် သဘောတူခဲ့ကြသည်။


 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်