From :မြဝတီ
www.MyanmarExpress.net
တရုတ် ကာကွယ်ရေး ဝန်ကြီး Liang
Guanglie သည် အာဆီယံ အဖွဲ့ အစည်း၏ ၂ဝ၁၃ ခုနှစ် အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်
ထမ်းဆောင်မည့် ဘရူနိုင်း နိုင်ငံအား ထောက်ပံ့ ကူညီ သွားမည် ဖြစ်ကြောင်း
ဇန်နဝါရီလ ၂၈ ရက် နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။
အဆိုပါ မှတ်ချက် စကားအား Liang သည်
ဘရူနိုင်း တော်ဝင် တပ်မတော်မှ ဗိုလ်ချုပ် Dato Paduko Seri Haji Aminuddin
Ihsan နှင့် တွေ့ဆုံ ဆွေးနွေးမှု အပြီး ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံ အနေဖြင့် ၂ဝ၁၃ ခုနှစ်၏ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်
ထမ်းဆောင်မည့် ဘရူနိုင်း နိုင်ငံ အတွက် ကူညီပေးရန် အသင့် ရှိကြောင်း၊
တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား အပြန်အလှန် ယုံကြည်မှု
တိုးမြှင့်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး တို့တွင်လည်း
အကူအညီ ပေးရန် မျှော်လင့် ပါကြောင်း Liang က ပြောကြား ခဲ့ပါသည်။ ဘရူနိုင်း
နိုင်ငံ၏ စစ်တပ်သည်လည်း တရုတ် စစ်တပ်နှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်
လာစေရေးသည် ဘရူနိုင်း နိုင်ငံ အတွက် အလွန် အရေးကြီး ပါကြောင်း၊ နှစ်နိုင်ငံ
ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု များအား ပိုမို အားကောင်းစွာ
ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Aminuddin က ပြောကြား ခဲ့ပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်