Subscribe to our RSS Feed

ဖားကန့် ဒုက္ခသည် ဦးရေတိုးလာ

From :Myit Makha Mediagroup 




ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (အေအိုင်အေ)တို့ အကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဖားကန့်ဒေသတွင် ဒုက္ခသည် (၂)သောင်းခန့် တိုးလာကြောင်း သိရသည်။
 
အဆိုပါ ဒုက္ခသည်များသည် ကျေးရွာပေါင်း (၄၀)ဆယ်ကျော်မှ တိမ်းရှောင်လာခြင်းဖြစ်ပြီး ဖါးကန့်၊ ဆိုင်းတောင်၊ လုံးခင်းမြို့များရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြသည်ဟု ဖားကန့်မြို့ရှိ မော်ရှန်ခရစ်ယာန်အသင်းတော်မှ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
 
 ထိုဒုက္ခသည်များနေထိုင်စားသောက်ရေးအတွက်အခက်အခဲများရှိသည်ဟု ဆိုင်းတောင် နှစ်ခြင်း ခရစ်ယာန်အသင်းတော် ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီအဖွဲ့မှ ဦးဘရန်တောင် ကပြောသည်။
 
 လက်ရှိဒုက္ခသည်များကို ဘာသာရေးအဖွဲ့အစည်းများနဲ့ ဒေသခံ အလှူရှင်များမှ ကူညီထောက်ပံ့မှုနဲ့ စားရေးသောက်ရေး ကို ဖြေရှင်းနေရတယ်။ အခြားလူမှုကယ်ဆယ်ရေးအဖွဲ့များက အကူအညီမရှိသလောက် နည်းပါးနေတယ်ဟု ဦးဘရန်တောင်က ပြောသည်။
 
ယခင်က ဖားကန့်ဒေသတွင် ဒုက္ခသည်(၃)ထောင်ခန့်သာရှိခဲ့ရာမှ ယခုဇန်န၀ါရီလထဲတွင် လူဦးရေ သောင်းဂဏန်းအထိ တိုးလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
 
ဇန်န၀ါရီ ၁၆ ရက် နောက်ပိုင်းပိုပြီးရောက်လာကြတယ်။ တိုက်ပွဲလည်း အဲဒီချိန်မှာ ပိုပြီးပြင်းထန်လာတယ်။ အရင်တုန်းက မပြေးရတဲ့ ရွာတွေလည်း ပြေးကြရတယ် ဟု ဦးဘရန်တောင်က ဆက် ပြောသည်။
 
 ပြီးခဲ့သည့် အပတ်အတွင်းက ကချင်ပြည်ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လိုင်ဇာမြို့ အနီး ဖွန်လွန်ယန်ဒုက္ခသည်စခန်းသို့  ဒုက္ခသည် (၂၀၀) ၀န်းကျော် ထပ်မံရောက်ရှိလာသည်ဟု စခန်းတာဝန်ရှိ သူတဦးကပြောသည်။
 
 မြန်မာနိုင်ငံတော်သမ္မတက ယခုလ (၁၈)ရက်နေ့တွင် ကချင်ပြည်နယ် လဂျားယန်ဒေသတွင် ထိုးစစ်များကိုရပ်စဲကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

ကေအိုင်အေကလည်းလည်း ယခုလ (၁၉) ရက်နေ့စွဲဖြင် ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် လဂျားယန်ဒေသတစ်ခုတည်းမဟုတ် ချင်ပြည်နယ်တစ်ခုလုံးတွင်ရှိနေသော ထိုးစစ်လျှော့ချသင့်ကြောင်း ဖော်ပြထားသည်။
 
 မြန်မာအစိုးရနှင့် ကေအိုင်အေ တို့မှာ ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၂၀၁၁ ဇွန်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲများပြန် လည်ဖြစ်ပွားသောကြောင့် ယခုလက်ရှိတွင် ကချင် ပြည်နယ်တွင်း၌ စစ်ပြေးဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိနေပြီဖြစ်သည်။
 
  www.MyanmarExpress.net

2 comments:

Continue to attack KIA terrorist group so that
Army can control the whole State

ဒုက္ခသည်စခန်းများတွင် kia များ ဝင်ရောက်ခိုလုံနေ သည်ဟုကြားသိရပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်