Subscribe to our RSS Feed

မုံရွာမြို့ နွေရာသီတွင် အရေးပေါ်ဓာတ်အားလိုအပ်ချက်ဖြည့်တင်းနိုင်ရန် အမေရိကန်နိုင်ငံ ထုတ် CATERPILLAR မီးစက်ကြီးတစ်လုံးတပ်ဆင်

From :hot news



စစ်ကိုင်းတိုင်းဒေသကြီး ၏မြို့တော်ဟုတင်စားရသော မုံရွာမြို့တွင် နွေရာသီတွင်အရေးပေါ်ဓာတ်အားလိုအပ် ချက်များဖြစ်ပေါ်လာပါက ဓာတ်အားများအချိန်မှီဖြည့်တင်းပေးနိုင်ရန်အတွက် အမေရိကန်နိုင်ငံမှထုတ်လုပ်သော CATERPILLAR မီးစက်ကြီးတစ်လုံးအား မုံရွာမြို့ နန္ဒ၀န်ခွဲရုံတွင်တပ်ဆင်ပြီးဖြစ်နေကြောင်း မုံရွာမြို့နယ်လျှပ်စစ် ဌာနမှတာဝန်ရှိသူတစ်ဦးမှပြောသည်။“အခုတပ်ဆင်ထားတဲ့ CATERPILLAR မီးစက်ကြီးက အမေရိကန်နိုင်ငံထုတ်ဖြစ်ပါတယ်။လာမယ့်နွေရာသီမှာ မုံရွာမြို့ရဲ့အရေးပေါ်ဓာတ်အားလိုအပ်ချက်ကို တစိတ်တစ်ဒေသအဖြစ်တော့ အထောက်အကူဖြစ်မယ့် မီးစက် ကြီးတစ်လုံးဖြစ်မှာပါ။ဒီမီးစက်ကြီးက ၁.၈ မဂ္ဂါဝပ်တော့ထုတ်နိုင်တယ်။(၁)နာရီရဲ့ဆီစားနှုန်းက ဒီဇယ်ဂါလံ(၈၀) လောက်ကုန်တယ်။full load မောင်းရမယ်ဆိုရင်တော့ (၁)နာရီမှာ ဂါလံ(၁၀၀)လောက်တော့ကုန်မယ်။မုံရွာတစ်မြို့လုံးအတွက်တော့မဖြစ်နိုင်ဘူး။မုံရွာတစ်မြို့လုံးရဲ့အမြင့်ဆုံးသုံးအားက (၁)ရက်မှာ(၂၂)မဂ္ဂါဝပ်ရှိ တယ်။အခုတပ်ဆင်ထားတဲ့ နန္ဒ၀န်ခွဲရုံမှဖြန့်ဖြူးနေတဲ့ သလ္လာမြို့သစ်ဖီဒါ ၊တိုင်းအဆင့်ဌာနဆိုင်ရာဖီဒါ ၊အရာတော်ဖီဒါ ဆိုပြီး(၃)ခုရှိတဲ့အထဲကနေ သလ္လာမြို့သစ် နဲ့ တိုင်းအဆင့်ဌာနဆိုင်ရာ(၂)ဖီဒါကိုဘဲပေးနိုင်မယ်။ အရာတော်မြို့ကိုတော့ ဒီမီးစက်ကြီးကနေပေးနိုင်မှာမဟုတ်ဘူး။ အရာတော်ကလည်း(၁)ရက်ကို(၁.၂)မဂ္ဂါဝပ် လောက်သုံးတယ်။ရပ်ကွက်တွေထဲမှာရှိနေတဲ့ အသေးစားစက်မှုလုပ်တွေကိုလည်း ညနေ(၄)နာရီကနေည(၁၁) နာရီအထိ ဓာတ်အားသုံးစွဲမှုလျှောချဘို့စာထွက်ထားပြီး ဓာတ်အားသုံးစွဲခွင့်ပိတ်ထားခိုင်းနေပါပြီ။ ” ဟု မုံရွာမြို့ နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။(9-1-2013)နေ့မှစတင်ပြီး မုံရွာစက်မှုဇုန်အား ဓာတ်အားဖြန့်ဖြူးမှုလျှောထားပြီး မုံရွာမြို့ပေါ်ရှိရပ်ကွက်များ၏ အရေးပေါ်ဓာတ်အားလိုအပ်ချက်များဖြစ်ပေါ်လာက ဖြည့်တင်းပေးရန်အတွက် mobile 500 kv မီးစက်တစ်လုံး ကိုလည်းရရှိရန် အင်ဂျင်နီယာချုပ်ထံတင်ပြထားကြောင်း သိရပါသည်။


 www.MyanmarExpress.net
 

6 comments:

မုံရွာကို လုပ်သလို

လှိုင်သာယာ နှင့် ဒလ ကိုလည်းလုပ် ပေးပါ
နွေရာသီတောင် မရောက်သေးဘူး. မီးကမလာဘူး
ပြောသာပြောရတာ.
သိပ်ပြီးမထင်ဘူး. Downtown ၆ မြို့နယ်ကလူတွေကိုပဲ အလေးထားတာလေ. သူတို့ က internet သုံးတတ်တော.
Downtown 6 မြို့နယ်ကလူတွေက မီးဖျက်ရင် internet ကနေအော်တယ်လေ

ဒေါ်စုကြည်ကမြန်မာလူမျိုးတွေကိုသူမွေးထားတဲ့ခွေးလောက်တောင်စောက်သုံးမကျဟုပြောကြား
" My dog is honest. If only people could be more clear about their intentions like my dog we could get to peace sooner."

နှမ်းဖြူးမယ်တော်ညုကြည်

စုကြည်သွားလေရာမှုတ်ပေးဘို့တကောက်ကောက်ခေါ်သွားတဲ့ဇေယျာသော်ခွေးကိုပြောခြင်းဖြစ်ပါကြောင်း ငိငိငိ

ဇေယျာသော်သည်စုကြည်လက်သပ်မွေးထားတဲ့အမှုတ်ကောင်းတဲ့ခွေးကလေး

သန်းထွဋ်အောင်တောင်ဇေယျာသော်ကိုမနာလိုဖြစ်နေဘီ ခွိခွိခွီး
အဟက်

အဲဒီဒေါင်းတောင်းခြောကမမြို့နယ်မှာနေတာ တ ရုတ်နဲ့ ကုလား ကွမြို့ပြင်မှာနေတာမှမြန်မာတွေကွ
။။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်