Subscribe to our RSS Feed

မေဇင်အေး(ခေါ်)ဒီမိုဖက်တီး(ခေါ်)ခွန်ဒီးယမ်အကြောင်း ပြောကြားမှု

From : ပလေတို ဒီမို

ဝိကလီးအလဲဗင်းအယ်ဒီတာချုပ်က -

ဒီမိုဖက်တီးရဲ့ အကောင့်ခွဲတွေကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာငွေပေးသွင်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ကြောင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊

သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမိုဖက်တီးအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်းအထန် ပြုလုပ်လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည်ကို လေ့လာတွေ့ရှိရကြောင်း၊

မိမိတို့ အနေဖြင့် တရားဝင် တာဝန်ခံ၊ တာဝန်ယူထားသော မီဒီယာ ဖြစ်ကြောင်း၊ မေဇင်အေးအနေဖြင့်လည်း လေဒီးဂျာနယ်မှ သတ္တိရှိရှိ ဖော်ပြခြင်းများ ပြုလုပ်ကာ သိက္ခာရှိသော မီဒီယာအဖြစ် နောင်တွင် ရပ်တည်သွားသင့်ကြောင်း၊

ခွန်ဒီးယမ်၊ ဒီမိုဖက်တီး စသည့် facebook account များက ဤသို့ တိုက်ခိုက် စော်ကားမှုများ ပြုလုပ်နေသည်မှာ မေဇင်အေး ဖြစ်သည်ကို ခေတ်မီ နည်းပညာများအရ အစိုးရအနေဖြင့် သိရှိထားနိုင်ဖွယ်ရာ ရှိကြောင်း၊ မေဇင်အေးကြောင့် facebook ပိတ်ပင်ခြင်းမှာလည်း လက်ရှိ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေ မရှိကြောင်း၊ လွတ်လပ်စွာ ပြောကြားခွင့်နှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့်အနေအထားတွင် အစိုးရဘက်က ဆင်ခြင်သုံးသပ်နေသည်ဟု ခန့်မှန်းရကြောင်း၊

ဤသို့သော အောက်တန်းကျသော လုပ်ရပ်များကို မည်သည့်ဘက်ကဖြစ်စေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း၊ ဒီမိုဖက်တီးဘက်မှလည်း ဆက်လက်ဖော်ပြခြင်း မပြုရန်လိုအပ်မည် ဖြစ်ကြောင်း၊ မီဒီယာသည် ပြည်သူလူထုဘက်မှ ရပ်တည်ရမည်သာ ဖြစ်၍ ပြည်သူ့အကျိုးကို ထိခိုက်လာနိုင်သည် facebook ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း စသည်တို့ ဖြစ်ပေါ်လာပါက မိမိတို့ ယနေ့ ပြောကြားထားသည့်အတိုင်း ဖန်တီးလှုံ့ဆော်သူများကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း

ပြောကြားသည်။ 


 www.MyanmarExpress.net
 

3 comments:

ဒီအောက်တန်းစား ခွေးဖက်တီးမကို လူငှားပြီးသတ်မှ ရ တော့မယ် ။ ဘာမှ မခက်ဘူး လွယ်တယ်

မိုက်ရိုင်းလချည်လား

သူ့ပညာနဲ့သူ

==========

Nay Min
2013 April 19

တစ်နေ့သောအခါ လူငယ်တစ်ယောက် ရန်ကုန် -နေပြည်တော် အလုပ်ကိစ္စ တစ်ခုအတွက် အထူးအမြန် Myanmar Express ကားဖြင့် စီးလာရာ ကံကောင်းစွာဖြင့် ခေတ်မီ တိုပြတ် အမျိုးသမီး တစ်ဦးနှင့် အနီးကပ် ကျလေသည်။ ခရီးသွားလာရင်း တော်ကီဖုတ်ရန် အတွက် လူငယ်မှ အမျိုးသမီးကို အခုလို အတူခရီးသွားရတာ ၀မ်းသာ ပါတယ်ဟု ခပ်တိုးတိုး အစပျိုး၏။

ထိုအခါ အမျိုးသမီးက ရုတ်တရတ် စူးဝါးသော အသံဖြင့် “ ရှင့်အိမ် လိုက်ဖို့ ခေါ်ရအောင် ကျွန်မကို ဘာမှတ်နေလဲ” ဟု ထပြော၏။ ကားပေါ်ပါသူများ နှာဘူးဟု သတ်မှတ်သည့် အကြည့် ဖြင့် လူငယ်ကို ၀ိုင်းကြည့်ကြ၏။ ခဏအကြာ အဆိုပါ အမျိုးသမီးမှ ကျွန်မက The Ladies ဂျာနယ်က သတင်းထောက်ပါ။ သူများကို ဘယ်လို အပုပ်ချရင် ဘယ်လို အထင်မှားစေနိုင်လဲ ဆိုတာ ခွန်ဒီးယမ်းဆီမှာ သင်ခဲ့ရပါတယ်။ စိတ်မကောင်းပါဘူး၊ စတာပါရှင် လို့ ခပ်တိုးတိုး ပြန်ပြောလေ၏။

လူငယ်မှ သူမဘက် လှည့်ပြီး ရုတ်တရတ် ကျယ်လောင်စွာဖြင့် “ ဘာ၊ တစ်ည တစ်သိန်း၊ ငါမှာ အဲလောက် ပိုက်ဆံ မပါဘူး ” ဟု ခပ်ကျယ်ကျယ် ပြန်ပြောလေ၏။ ကားပေါ်ပါသူများ ဤအမျိုးသမီးဟာ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုသည့် အကြည့်ဖြင့် ၀ိုင်းကြည့်ကြ၏။ မိနစ် အနည်းငယ် အကြာ လူငယ်မှ “ကျွန်တော်က Weekly သတင်းထောက်ပါ။ ကိုယ်ခံရင် ဘယ်လိုပြန်အပုပ်ချရမလဲ ဆိုတာ ကိုဝေဖြိုးဆီမှာ သင်ခဲ့ရပါတယ်။ ပြန်စတာပါ” ဟု ခပ်တိုးတိုး ပြန်ပြောလေသတည်း။

OPE

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်