Subscribe to our RSS Feed

ရွာသားတွေ မိုင်းနင်းမိရင် နင်းမိတဲ့မိုင်းအတွက် အလျော်တောင်းလျက်ရှိ

From :http://www.kachindailynews.com/2013/01/blog-post_5574.html

မန်စီမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၊ ၀န်ထမ်းများအနေနဲ့ အစိုးရတပ်နှင့် KIA တပ်တို့ ထိုးစစ်ရပ်စဲလိုက်ပြီဆိုတဲ့ သတင်းများကြောင့် ၀မ်းသာနေလျက်ရှိသည်။ အစိုးရတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မရှိပေမယ့် KIAက အစိုးရစခန်းများနှင့် ရွာတွေကို လာရောက်တိုက်ခိုက် တာတွေရှိနေ ပါသည်။ အစိုးရတပ်နဲ့ နီးနီးစပ်စပ်မရှိတဲ့ ရွာတွေမှာတော့ KIA တပ်ဖွဲ့မှ အချိန်မရွေး ၀င်ထွက်သွားလာနေပြီး ငွေကြေးတောင်းခံမှုများ၊ လူသစ်စုဆောင်းမှုများ ရှိနေပါသည်။ KIA တပ်တွေ အနေနဲ့  အစိုးရတပ်တွေ လာနိုင် မယ် ထင်တဲ့ လမ်းတွေမှာ မိုင်းတွေထောင်ထားပါသည်။ အစိုးရတပ်တွေမလာတော့တဲ့ အတွက် KIA ထောင်ထားတဲ့မိုင်းတွေကို ရွာသားတွေနဲ့ နွားတွေပဲ နင်းမိလျက်ရှိသည်။

           KIA မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် လျော်ကြေးနဲ့ ကရုဏာကြေးတွေ မပေး တဲ့အပြင် မိုင်းတွေရဲ့ ကုန်ကျတဲ့တန်ဖိုးတွေကို ရွာလူကြီးတွေက ပေးဆောင်နေကြရသည်လို့ ရွာလူကြီးတစ်ဦး ဖြစ်တဲ့ ဦးမထုနော်ခေါင်က ပြောပြပါသည်။``ကျွန်တော်တို့ရွာတွေမှာ သူတို့က စစ်တပ်ကိုကြောက်လို့ မိုင်း ထောင်ထားပြီး စစ်တပ်ကမလာတော့ ရွာသားများကပဲ မိုင်းနင်းပါသည်။ မိုင်းနင်းလို့သေလဲ သူတို့ကို မိုင်းတစ်လုံးရဲ့ ကုန်ကျငွေပြန်ပေးရတယ်။ အဲဒီလိုမပေးရင် ငါတို့ဒီမှာနေ လို့မရဘူး။ ကြောက်တော့ ပေးနေ ရတယ်``သည်ဟု ပြောဆိုခဲ့ပါသည်။
          မန်စီမြို့နယ်အတွင်းမှာနေထိုင်ကြသည့် ဒေသခံများအနေနဲ့ KIAနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားမှာ ၊ ကေအိုင်အေကထောင်ထားတဲ့မိုင်းများကို ရွာသားတွေနင်းမိမှာ စိုးရိမ်ကြောက်လန့်နေ လျက်ရှိသည်။ KIA အတွက် တော့ လူတစ်ယောက်သေဆုံးတာထက် မိုင်းတစ်လုံးဆုံးရှုံးတာ ကို နှမြော တသဖြစ်နေကာ KIA အဖွဲ့အနေနဲ့ သူတို့ထောင်ထားခိုင်းတဲ့မိုင်းများကို ဘယ်တော့မှ ပြန်ပြီး သိမ်းသွားတာမျိုးမရှိသည့် အတွက် ဒေသခံများ ဖားရှာ၊ငါးရှာ၊သစ်ဝါးခုတ်တောင် မလုပ်ရဲအောင်ဖြစ်နေ ကြသည်ဟုသိရှိရပါသည်။      
 
 www.MyanmarExpress.net
 

1 comments:

သြော် တော်တော်လေးတရားပါတယ် ကိုKIAတို့ရယ် ခင်ဗျားတို့ တပ်မတော်က မလာပါဘူးဆိုတာတောင် ကြောက်ချေးပါပြီး ထောင်ထားတဲ့မိုင်းလေ ၊ ရွာနားထောင်ထားရင် ရွာသားတွေနဲ့ကျွဲနွားတွေပဲနင်းမိမှာပေါ့.... နင်းမိလို့လဲသေရသေးတယ် မိုင်းဖိုးလဲပြန်တောင်းသေးတယ်ဆိုတော့ စစ်တပ်မဟုတ်လို့မနင်းမိစေချင်ရင် ကို့စခန်းထဲကိုပြန်ထောင်ပေါ့ မသာလေးတွေရဲ့ အဲဒီလိုမလုပ်ချင်ရင်လဲ မိုင်းထောင်တဲ့နေရာတွေကို မြေပုံဆွဲထားပြီး ရွာတွေသာလိုက်ပေးထားလေ အခုက ခင်ဗျားတို့ သောက်ရူးထပုံက မဟုတ်သေးပါဘူး ဒီ Comment ကို KIA တစ်ကောင်ဖတ်မိရင်လဲ မင်းတို့ပထွေး ဂိန်ရှောင်ကိုပြောလိုက် အဲဒီလိုလုပ်လို့ ..အသုဘတွေ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်