Subscribe to our RSS Feed

Zaw Khun Naw မေးလို့ ဖြေရပါသည်

From :Sai Aung



ဇန် ၃၁
KIA ကို သူခိုး ၊ ဓားပြ ၊ သောင်းကျန်းသူ ၊ သူပုန်တပ်ဖွဲ့လို့ ယူဆတာမဟုတ်ပါ၊ ယူဆတယ်ဆိုတာ ဟုတ်လိမ်နိုးနိုးအခြေအနေကို ယူဆတယ်လို့ပြောတာ။ အခုဟာက KIA ကိုအဖျက်သမားသောင်းကျန်းသူ ၊ တိုင်းဖျက်ပြည်ဖျက်၊ ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့အဖွဲ့၊   ပြည်သူလူထု ငတ်ငတ်   သေသေ ငါတို့ကြီးပွားချမ်းသာအာဏာရှိရင်ပြီးရော ဘယ်သူသေသေငတေမာရင်ပြီးရော စိတ်ဓာတ်ရှိတဲ့ အဖွဲ့၊ ကိုယ်တစ် ဦးတစ်ယောက်အာဏာတည်မြဲ တစ်စင်ထောင်နိုင်ဘို့အတွက် ကိုယ့်လူမျိုး ကိုယ့်ဆွေးမျိုး ကိုတောင် စတေးရဲတဲ့ အဖွဲ့၊ ကိုနေထိုင်တဲ့ နေရာဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖျက်လိုဖျက်ဆီး လုပ်ပြီး ပြည်သူလူထုကို ဆင်းရဲ တွင်းထဲရောက်အောင်တွန်းပို့နေတဲ့အဖွဲ့၊ ကိုယ့်တိုင်းပြည်ထဲက   ပြည်သူပိုင်သယံဇာတ သတ္ထုနဲ့သစ်တွေ တိုင်းတစ်ပါးကို သူခိုးဈေးနဲ့ရောင်းနေတဲ့အဖွဲ့၊ တရုတ် ကုန်သည်တွေရဲ့ စီးပွားရေးအရ အသုံးချခြင်းကို အလူး အလဲခံနေရမှန်းမသိ ခံနေရတဲ့အဖွဲ့လို့ လုံးဝ သတ်မှတ် ထားတာပါ ။ ယူဆရုံတင်မဟုတ်ပါ ……..

BIA ကိုဘယ်လိုမြင်သလဲ မြန်မာပြည်မှာနေ မြန်မာပြည်ရဲ့ရေကိုသောက်ပြီး မြန်မာ့သမိုင်းကို နကန်း တစ်လုံးတောင်မသိတဲ့ငတုံးကို ရှင်းပြရှင် “ကျွဲပါးစောင်းတီး နွားပလာာတကျွေး ” သလိုဖြစ်နေမှမို့ မူလတန်း ကျောင်းမှာသင်တဲ့ မြန်မာသမိုင်းစာအုပ်ပြန်ဖတ်ကြည့်ပါ၊ BIA တောင်မှမသိတာ ဘာဖြစ်လို့ ပင်လုံစာချုပ်၊ ပင်လုံ ညီလာခံတွေပြောနေတာလဲ။ BIA ကြောင့်လွတ်လပ်ရေးရခဲ့တာ၊ အဲဒီ BIA မရှိခဲ့ရင် ခင်ဗျားတို့ နှာခေါင်းရှည်ရှည်၊ ဆံပင်နီနီနဲ့ မျိုးမစစ်တဲ့ကောင်တွေ ဖြစ်နေပြီ။
KIA ရဲ့ အတ္တကြီးမားမှုကြောင့် ပြည်သူလူထုတွေ ဒုက္ခရောက်တယ် မရောက်ဘူး ဆိုတာ   သေနတ်ပြလို့ ပိုက်ဆံတောင်ပုံရာပုံ ရနေတဲ့သူတွေသိနိုင်မလား၊ ဒုက္ခသည်စခန်းတွေကို   ရောက်နေ တဲ့ ပြည်သူလူထုတွေကို ထီပေါက်လို့ပျော်ပွဲစားထွက်လာကြတာလား? လို့မေးကြည့်ပါ။ သူတို့ရဲ့ရင်ထဲက ခံစားချက်အမှန်ကို သိအောင် မေးကြည့်ပါ။ အရိုးရှင်းဆုံး ဥပမာပေးပါတယ် ၊ KIA မသောင်းကျန်းရင် စစ်တပ်မလာဘူး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဝင်ငွေက ကချင်ပြည်နယ်ကထွက်တဲ့ သယံဇာတတွေပေါ်မှာ ရပ်တည်နေတာမဟုတ်ပါ။ ၁၉၈၈ ခုနှစ် ကတည်းက စီးပွားရေးပိတ်ဆို့တဲ့ဒဏ်တွေကို ခံခဲ့ရပေမယ့် ဖွံ့ဖြိုး တိုးတက်မှုဆိုတာဘဲရှိခဲ့ပါတယ်။ ဒေသ အလိုက် နည်းတာများတာဘဲ ရှိပါတယ်။ KIA က ၀မ်ပေါင်နိုင်ငံထူထောင်ဘို့ကြိုးစားမှဘဲ ကချင်ပြည်နယ်မှာ ထမင်းငတ်သေရမယ့် အခြေအနေတွေဖြစ်ခဲ့ တာလေ။
လိုင်ဇာကိုချေးမှုန်းတယ်ဆိုတာ ဘာကိုပြောတာပါလဲ။ ချေမှုန်းတယ်ဆိုရင် အခုလိုင်ဇာ ဗဟိုဌာနချုပ်နဲ့ လိုင်ဇာမြို့ကို စစ်တပ်ကရောက်နေပြီလား? လဂျားယန်စခန်းက စစ်သည်တွေကို ရိက္ခာပို့နိုင်ဘို့လုပ်တာဘဲ ရှိသေးတယ်။ KIA ကိုမချေမှုန်းသေးပါဘူး။ စစ်တပ်စခန်းကို ပိတ်ထားတဲ့လမ်းကို ဖွင့်တဲ့သဘောဘဲ ရှိပါသေး တယ်။
 “ လက်ရှိတိုက်ပွဲတွေဖြစ်နေတာဟာ ကချင်အမျိုးသားလွတ်မြောက်ရေးအရေးတော်ပုံ ငြိမ်အောင် KIA ကို ချေမှုန်းတာလို့ ” မသုံးနှုန်းသင့်ဘူး။ အဲဒါ ပုရွက်ဆိပ် ဘဲရှိသေးတယ်၊ ဆင်မဟုတ်ဘူး၊ ထိုးစစ်ဆင်တာ မဟုတ်ဘူး။ လမ်းကြောင်းဘဲ ဖွင့်သေးတာ။ KIA ကိုလုံးဝ (လုံးဝ)မတိုက်သေးဘူး။ တိုက်ပြီဆိုရင် လိုင်ဇာ မပြောနဲ့ အင်ဂွန်းလ၊ အောင်လွတ်၊ ၀န်ဂေါဘွမ်၊ မုန်ဆန်ယန် က ခေါင်းဆောင်ကြီး များ မြေခွေးကျင်းထဲမှာ ဂုံနီ အိတ်ခြုံပြီး အိပ်ရတဲ့ဘ၀ကို ရောက်နေမှာ …
KIA ကနေ နိုင်ငံခြားကို ပညာတော်သင်ဘယ်လောက် လွှတ်ထားတယ်ဆိုတာ သိပါတယ်။ အခြားက ကချင်လူငယ်တွေကို အသေခံတိုက်ပွဲ ၀င်ခိုင်းထားတဲ့အချိန်မှာ ဦးဇောင်းဟရား၊ ဦးဂေါ်ရီ   ဇော်ဆိုင်း၊ အင်ဘန်လ၊ ဦးဂမ်ရှောင် ၊ ဦးအက်စ်ဂွန်မော်နဲ့ ဗဟိုကော်မတီဝင်တွေရဲ့ သားတွေ ၊ သမီးတွေ ထိုင်း၊ စင်္ကာပူ၊ အမေရိကန်၊ အင်္ဂလန်နဲ့ အနောက်နိုင်ငံတွေမှာ ပညာတော်သင်တွေ လွှတ်ထားပါတယ်။ အဲဒီပညာတက်ကြီးတွေထဲက ဘယ် သူတွေများ ကချင်ပြည်နယ်ကို ပြန်လာပြီး (KIO/KIA အဖွဲ့မပါ) ကျန်တဲ့ကချင်လူထုရဲ့ အကျိုးကို ဘယ်လိုများ သယ်ပိုးနေပါသလဲ ဖြေပါ ။ ပြည်သူလူထုရဲ့ ၀မ်းဗိုက်ကိုနင်း၊ လည်ချောင်းထဲကနေ ကုပ်ထုတ်ပြီး ရလာတဲ့ ပိုက်ဆံတွေ၊ နိုင်ငံပိုင်သစ်တောနဲ့ သယံဇာတတွေကို တရားမရှိ၊ ဓါးမရှိ လက်ညိုးထိုးရောင်းစားပြီးမှ ရလာတဲ့ ပိုက်ဆံတွေကို ဘယ်မှသုံးသလဲ သိပါတယ်။ ခေါင်းဆောင်ပိုင်းတွေရဲ့ တစ်ဦးချင်းပိုင်ဆိုင်တဲ့ ဟော်တယ်တွေ၊   ကျောက်စိမ်းအရောင်း ဆိုင်တွေ၊ လောင်းကစားရုံတွေဖွင့်တဲ့နေရာမှာသုံးတယ်၊ ဦးအင်ဘန်လရဲ့ နာတာရှည် ရောဂါကို   ဒေါ်လာသန်းပေါင်းမြောက်မြားစွာ အကုန်ကျခံပြီး ကုတယ်။ လက်နက်ခဲယမ်းတွေဝယ်တဲ့ နေရာမှာ သုံးနေပါတယ်။ “ ဒုက္ခသည်တွေကို ထောက်ပံ့နေတာရှိတယ်လေ ” လို့ပြောချင်ရင် ဒုက္ခသည် ၁၀၀ ယောက်မှာ KIA တပ်ဖွဲ့ဝင်နဲ့ မိသားစု (၇၅) ယောက်လောက်ပါနေတာကို တစ်ချက်ခုတ် (၃) ချက်ပြတ် ဒုက္ခသည် အမည်ခံ နဲ့ အဖွဲ့အစည်းမျိုးစုံက   မျောက်ပြဆန်တောင်းလို့ ရလာတဲ့   ထောက်ပံ့ မှုတွေဟာ KIA အတွက် နောက်ထပ် တစ်ဖက်တစ်လမ်းကနေ ၀င်ငွေရနေတာ မဟုတ်ဘူးလား? သမာအာဇီဝနည်းနဲ့ ရှာလို့ရတဲ့ငွေကို KIO / KIA အဖွဲ့အစည်းနဲ့ မိသားစုမဟုတ်တဲ့ ကချင်ပြည်သူလူထု အတွက် ဘာလုပ်ပေးခဲ့သလဲ။ ကိုယ့်အာဏာမြဲဖို့၊ ကိုယ့် တပ်ဖွဲ့၊ ကိုယ့်မိသားစု အကျိုးအတွက် သူများနဲ့မတူအောင် ပညာမျိုးစုံတက်ပြီး အမြော်အမြင်ကြီးမားနေတာ အကြွင်းမဲ့ ယုံကြည်ထားပါတယ်။
စစ်တပ်ဟာ KIA မှမဟုတ်ဘူး အကြမ်းဖက်၊ ဥပဒေမဲ့လုပ်ရပ်တွေလုပ်တဲ့ မည်သူကိုမဆို တားမြစ်ထိန်း သိမ်းချေမှုန်းဘို့ တာဝန်ရှိပြီးသားပါ။ ဗမာတွေ အကြမ်းဖက်ရင်လည်း ဒီစံနှုန်းထားအတိုင်းဘဲ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာဘာမှမခွဲခြားဘူး။
KIA ကအရင်စခဲ့လို့ အပြစ်တင်တဲ့အဆင့်ကို အများကြီးကျော်သွားပြီ။ စိတ်ထဲကနေ အပြစ်တင်တဲ့ အဆင့်မဟုတ်တော့ဘူး။ သွေးမြေကျလို့ တုန့်ပြန်တဲ့အဆင့်ကို ရောက်နေပြီ။ စစ်တပ်ရဲ့သဘော သဘာဝကို ကျေညှက်အောင်မသိ ဘယ်သူကမှ အသိအမှတ်ပြုတာမရှိတဲ့ စစ်ကျောင်းကနေဆင်းပြီး ပခုံးပေါ်မှာ ဘိလပ် ရည်ပုလင်းအဖုံးတွေ တစ်ခုပြီးတစ်ခုတင်ထားတဲ့ လူတွေကို ရှင်းပြရတာ သိပ်ခက်ပါတယ်။ နေရာတစ်မှာ အခြေ ချထားတဲ့ ရဲဘော် ၄/၅ ယောက် ရေဆိပ်မှာ   ရေသွားချိုးဘို့ ထွက်သွားတာကို မြင်လိုက်ရပြီး စစ်တပ်တလှုပ်လှုပ် နဲ့ စစ်ရေးပြင်ဆင်နေပါပြီလို့ အမြဲပြောနေတာဟာ ခပ်ညံ့ညံ့ဆင်ခြေတွေဖြစ်နေတယ်။
စစ်သားတွေဟာ စစ်ကိုတစ်ခြားသူတွေထက်ပိုပြီး စိတ်နာတယ်။ ဘာလို့လဲဆိုတော့ အသက်တွေ၊   သွေးတွေ၊ ချွေးတွေ၊ ဘ၀တွေရင်းနှီးပေးဆပ်ထားရတာလေ။ အဲလိုလူမျိုးတွေကို စိတ်သွားဆွရင်တော့ မျက် ဆောင်းထိုးရင်တောင် ပြာကျတဲ့ ဘူလူးထက်ဆိုးသွားမယ်။ အခု KIA အဖွဲ့ ဥပဒေဘောင်တွင်းမှ စည်းကမ်းစနစ် တကျနဲ့ နေကြည့်လိုက် ဘာသေနတ်သံမှ မကြားစေရဘူး။ ပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်ရင်၊ တရားဥပဒေ စိုးမိုးမှုကိုထိခိုက်ရင် ဘယ်လိုလူမျိုးကိုမဆို လက်ပိုက်ကြည့်နေလို့ မရလို့ပါ။
မြန်မာနိုင်ငံတွင်းမှာ ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်တဲ့ လူတွေဘဲနေထိုင်နေကြတာပါ။ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးတွေ အများစုနေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းဒေသတွေမှာ ဘာဖြစ်လို့ ငြိမ်းချမ်းပြီး စည်ပင်သာယာဝပြောနေရတာလဲဆိုတော့ ပညာတက်သော အမျှော် အမြင် ကြီးသော ပုဂ္ဂိုလ်ကြီးများ စဉ်းစားသုံးသပ်ကြည့်လေ။
 www.MyanmarExpress.net
 

6 comments:

good,we support our myanmar army.

Myanmar Army FTW... Cheer!!!

စဉ်းစားပြီးရလာတဲ့ အဖြေကတော့ ဗမာ့ တပ်မတော်ကြီး ကချင်ပြည်ရောက်ကတည်းက စစ်ပွဲတွေစလာတာဘဲ။ kia မရှိလဲ တော်လှန်ရေးကရှိနေမှာဘဲ။ KIA လုပ်နေ တာကပှန်ကန်ရေးမဟုတ်ဘူးလေ။ တော်လှန်ရေးကြီးကို။ KIA ဆိုတာက ကချင်ဘဲမဟုတ်ဘူးလေ နောက်ပိုင်း လာ ရောက်နေထိုင်တဲ့တိုင်းရင်းသားတွေလဲပါတာဘဲ ပြီးတော့ အတူနေခဲ့တဲ့ရှမ်းလဲပါတာဘဲ။ ပြောချင်တာက ဗမာစစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်ပုံကိုမကြိုက် လို့ဝိုင်းတော်လှန်ကြတာပေါ့။ ပုန်ကန်တယ်ဆိုတာက အုပ်ချုပ်သူလုပ်ဖို့ အုပ်ချုပ်မှု့အဖွဲ့အစီးတစ်ခုလုံးကိုပုန်ကန်တာကိုပြောတာ ပါ။KIA နဲ့အပေါင်းအပါတွေ ကပုန်ကန်ဖို့စိတ်မဝင်စားဘာဘူး။အစကနေ စောက်ပုံလာအောင်နေရင်KIA ပေါ်မလာတော့ဘူး။သည် လိုလူသည်လိုပုံနဲ့ဆက်အုပ်ချုပ်ချင်ရင်တော့ ကချင်ပြည်ကလူတွေ အကုန်တော်လှန်ရင်းရှော ကျန်တာက စစ်တပ်အဖေတရုတ် စစ်အစိုးရ စစ်သားနဲ့ အစိုးရနဲ့ဆိုင်တောစီးပွားရေးကောင်နေံဘဲကျန်မှာ။ မြစ်ဆုံတောင်သူတို့အိမ်သာမီးထွန်းဖို့ဖျက်လိုဖျက်စီြးံကံ တဲ့ကောင်တွေ။သည်လိုအစိုးရကိုများ... ။။၊၊။။။
သမိုင်းကြာင်းပြောတဲ့လူတွေက kia ဆ်ုတာ ၁၉၆၀နောက်ပိုင်းမှ ပေါ်လာတာဖြစ်ပြီး ကချင်တော်လှန်စ တာက၁၉၅၀-၁၉၆၀ ကြားကနေစနေပြီဆိုတာသိသင့်တယ်။မသိရင် ၃ဂျိုင်းကင်း ကအဖေတွေသွားမေး။ တော်လှန်ရေးစတာ လွတ်လပ်ရေးရပြီး ၁၀နှစ်မရှိသေးဘူးနော်။ယုံကြည်မှုနဲ့ တည်ဆောက်ခဲ့တဲ့ပြည်ထောင်စုကြီးက အောင်ဆန်းလဲရှော ပြီးတော့ စစ်အစိုးရကအလိမ်အညာ အစိုးရဆိုတာယုံကြညါသွားပြီးနောက် မျော်လင့်စရာမရှိ အဲသည်မှာ စစ်တပ်ကသူပုန်လို့ပြောတဲ့တိုင်းရင်းသား တော်လှန်ရေးတွေစတော့တာဘဲ။kia ဘာလုပ်လဲတော့ မတွေ့လို့မသိဘူးစစ်တပ်ကရွာထဲအမြောက်ဆံကို သေနတ် ပစ်တလိုပစ်တာနော့ကိုတိုင်ကြုံဘူးတယ်။
ကို့ထမင်းကိုစားတဲ့ပြည်သူတစ်ယောက်အနေနဲ့မင်းတို့အစိုးရမကလို့ဘယ်ကောင်မသောက်ဂရုမစိုက်ဘူး ကြားလား။ မင်းတို့အောက်ပြည်မဟုတ်ဘူး။မှတ်ထား။အေမင်းတို့ထမင်းစားရင်တော့မသိဘူးပေါ့လေ။ဓါပေမယ့်မှတ်ထား ငတ်ပြီးသေလဲမင်းတို့ထမင်းမစားဘူးကွ။ငါတို့က ကချင်ကွ။မင်းတို့သာ ပါးစပ်ထဲရှိလျောက်ပြော မစဉ်းစား မြင်တလုမရေး Xပရတ်လား ပရက်လား တွေရက်လား မသိ စောက်ရှက်မရှိ ကိုယ်ဘယ်လိုပုံပေါက်နေလဲကြည့် ကြအုန်း။ အေးသည်လိုပြောနေတာက ခံရတုန်းကနာတာထက် ခံရတဲ့လူတွေကအဲလိုအပြောခံရ တာပိုနာတယ် နာကြည်းတယ်၊kia လည်း မျော်လင့်တလို ဖြစ်မလာရင်ပျောက်သွားမှာဘဲ အဲနောက်တဖွဲ့ပေါ့။သေချာတာက ကချင်ပြည်နယ်သည်လွတ်လပ်တော ပြည်နယ်ဖြစ်ရမည်။အရင်ကတည်းကနေမင်းတို့နဲ့မဆိုင်တဲ့ အရာဘဲ။စောက်ရူးနားကန်းတွေရဲ့။မင်းတို့နဲ့ဆက်ပြောနေဖ်ု့အကြောင်းမရှိ Off ပြီ။ ဝlo

Hi! Yes, It's absolutely right. I never ever heard about the kachin country in here.

စောက်ရူးကောင် ကွန်မက်ဖတ်ရ့တာ၊ ရူ့းချင်ချင်တောင်ဖြစ်တယ်ကွ။ မင်းတို့ကေအိုင်အေ စသောင်းကျန်းတာ စစ်အစိုးရခေတ်မဟုတ်ဘူးကွ။ လူရာဝင်ပြီးရေးချင်ရင် အရင်သမိုင်းကို လေ့လာဦး။ ကေအိုင်အေ စဖွဲ့တာ ဖဆပလ အစိုးရက Buddha နိုင်ငံတော်ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်တာကို မကျေနပ်လို့ စခဲ့တာ။ နောက် စစ်အစိုးရ ကို မကျေနပ်လို့ တော်လှန်တာဆိုရင်လဲ ဘာဖြစ်လို့ စစ်အစိုးရ လက်ထက်မှာ အပစ်အခတ်ရပ်စဲခဲ့ရတာလဲ။ ဆယ်စုနှစ် တစ်ခုကျော်ကြာ ဘာလို့ စစ်အစိုးရနဲ့ ပေါင်းခဲ့ရတာလဲ။ စောက်ရေးမပါတဲ့ ဆင်ခြေဆင်လက်တွေနဲ့။ မင်းရေးတိုင်း လက်ခံလိမ့်မယ်လို့ မထင်နဲ့ ငနွားရဲ့ ။ အားလုံးက ဦးဏှောက်ရှိတယ်ကွ။ မင်းလို ကျပ်မပြည့်တဲ့ကောင်တွေ နောက်ကို အွန်လိုင်း မတက်လာနဲ့ကွ။ မျက်စေ့နောက်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်