Subscribe to our RSS Feed

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲ

From : http://www.oppositeyes.info/2013/01/blog-post_1551.html

ယနေ့တွင်တော့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ တပ်မတော်(ရေ)တို့၏ ရေတပ်အင်အား နှိုင်းယှဉ်မှု ဗီဒီယို ဖိုင်ကို ကြည့်မိသည်။ သူတို့နိုင်ငံမှ ပြုလုပ်သည့် ဗီဒီယိုဖိုင် ဖြစ်သောကြောင့် နှိုင်းယှဉ်ချက်များသည်လည်း ကွာခြား လွန်း လှသည်။ ထိုဗီဒီယိုကို ကြည့်ပြီး ကာကွယ်ရေး အသုံးစရိတ်လျော့ချဖို့ တောင်းဆိုသူများကိုလည်း ဒေါသထွက် ရပေသည်။
ဘင်္ဂလားဒေ့ရှ်သားတို့၏ အင်တာနက် ဖိုရမ်တစ်ခုတွင် မေးထားသော အမေးအဖြေ တစ်ခုကလည်း စိတ်ဝင် စား စရာ ကောင်းသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ကြည်း ၊ရေ၊ လေ အင်အားက ဘယ်သူသာသလဲ။ တိုက် ပွဲ ဖြစ်ရင် ဘယ်သူ အနိုင်ရမလဲတဲ့။ ထိုမေးခွန်းကို ကျွန်တော်တို့ မြန်မာများ ဘယ်လိုဖြေကြမလဲဆို တာတော့ စိတ်ဝင်စားစရာပင်။ ဘင်္ဂလားတို့ကတော့ ယခုကဲ့သို့ ဖြေကြသည်။
အဖြေ (၁) ဒါကတော့ ဘယ်သူက ဘယ်နေရာမှာ၊ ဘယ်အချိန်၊ ဘယ်လို၊ ဘာကြောင့် တိုက်တယ်ဆို တဲ့အပေါ် မူတည်တယ်။
အဖြေ (၂)  လေကြောင်းအင်အားမှာ MIG-29 လိုမျိုး တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပိုင်ဆိုင်တာချင်း တူရင်တောင် ဘင်္ဂလားဒေ့ရှ်က အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ် တို့နဲ့ တရားဝင် လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားတဲ့ အတွက် သူတို့က သာပါတယ်တဲ့။
အဖြေ (၃) ၂၀၀၁ ခုနှစ်အတွင်း ဘင်္ဂလား-အိန္ဒိယ နယ်နိမိတ် အငြင်းပွားနေချိန် ဘင်္ဂလားဒေ့ရှ် ခြေလျင် တပ်ဖွဲ့ အင်အား ၆၀ ၀န်းကျင် ရှိတဲ့ နယ်စပ် စခန်းတစ်ခုကို အိန္ဒိယ စစ်သား ၁၀၀ ကျော်က လာရောက်တိုက်ခိုက် ခဲ့ချိန်မှာ တိုက်ပွဲအပြီး အိန္ဒိယ တပ်သား ၇၀ သေဆုံးပြီး ဘင်္ဂလားဒေ့ရှ်စစ်သား ၃ ယောက်ပဲ သေခဲ့တဲ့ သမိုင်း ရှိတာမို့ သူတို့ စစ်တပ်ဟာ ဘယ်ကိုမှ မကြောက်ပါဘူး။
အဖြေ (၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အင်အားပြည့်ဝတဲ့ တပ်မတော် ရှိတယ်၊ ဘင်္ဂလားဒေ့ရှ် တပ်သား များစွာ ဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ အာဖရိကနိုင်ငံတွေ ဖြစ်တဲ့ ဆူဒန်၊ကွန်ဂို လို အန္တရာယ်ကြီးမားတဲ့ ဒေသေ တွ မှာ တာဝန် ထမ်းဆောင်ကြတဲ့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်ပြီး ဘယ်နိုင်ငံလာလာ တိုက်ခိုက်ဖို့ အသင့် ပါပဲ။
ဝီကီတွင် ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ပတ်သက်၍ တရုတ်နိုင်ငံမှ လက်နက်ငယ်များသာမက သေးငယ်မြန် ဆန်သော ဒုံးပစ်ရေယာဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယာဉ်များကို ၀ယ်ယူခဲ့ သည်။ အမေရိကန် ဦးဆောင်သော ၁၉၉၁ စစ်ပွဲများဖြစ်သည့် ကူဝိတ်၊ ကန္တာရမုန်တိုင်း စစ်ဆင်ရေး၊နှင့် အာဖ ဂန် စစ်မြေပြင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စစ်ရေး အင်အား တောင့်တင်း မှုမှာ ကြည်းတပ် ၃ သိန်း၊ လေတပ် ၂သိန်း ၂သောင်း၊ ရေတပ် ၂ သောင်းနီးပါး ရှိသည်။ ယနေ့တွင် ဘင်္ဂလားေ ဒ့ရှ် တပ်မတော် ဆင်နွှဲနေသော စစ်ပွဲ မရှိဘဲ ၁၉၉၁ ကန္တာရမုန်တိုင်း စစ်ဆင်ရေးတွင် အင်အား ၂၃၀၀၊ UN Peacekeeping forces တွင် စစ်သား ၁၀၇၃၆ ပါဝင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အရေအတွက် အများ ဆုံး ပူးပေါင်းပါဝင်သည့် နိုင်ငံ ဖြစ်သည်။
ကဲ..ရေတပ် အင်အား ပြိုင်ဆိုင်မှု ဗီဒီယိုလေးကို ကြည့်လိုက်ပါ။ စစ်ဖြစ်သော်ရှိ၊ မဖြစ်သော်ရှိ ကျွန်တော်တို့ လည်း ခပ်မာမာ ပြန်ပြောနိုင်ဖို့ မိတ်ဆွေတို့ သိတဲ့ ဗဟုသုတလေးတွေ ဝေမျှပါအုံး။
ဒါကတော့ တပ်မတော်ရေတပ် အင်အား နှိုင်းယှဉ်တဲ့ ဗီဒီယိုပါ
ဒါကတော့ ၂၀၀၈ ခုနှစ်က အငြင်းပွားမှု အခြေအနေ ဗီဒီယိုပါ။ အောက်ကတော့ အဲဒီဗီဒီယို လင့်ခ်မှာ ပေးခဲ့ ကြတဲ့ ကောမန့်တွေပါ။ အဲဒီအချိန်ထိ အင်တာနက်က မြန်မာတွေ ကိုယ့်တိုင်းပြည်ကို သိက္ခာချ၊ အပုပ်ချ ဖို့ကလွဲပြီး ဘာမှ မစဉ်းစားခဲ့ကြပါဘူး။ 

 www.MyanmarExpress.net
 

16 comments:

သူများနိုင်ငံမှာစစ်အင်အားတွေတို.ချဲ.နေတာ။ လေယဉ်တင်သင်္ဘောတွေဝယ်နေတာ။ ဒို.နိုင်ငံကလွတ်တော်အမတ်တချို.က စစ်အသုံး စရိတ်လျော. ချဘို.ပြောနေကြတာ။ တကယ်စစ်ဖြစ်လို.တိုက်ကြရင် ဘယ်သူတွေကရှေ. ဆုံးကအသေခံရတာလဲ။ စစ်လက်နက်ပစ္စည်းမရှိဘဲ ရှေးခေတ်ကလို ဓါးကိုင်ခိုင်းပီး စစ်သားတွေကို တိုက်ခိုင်းအုန်းမလို. လား။ မြန်မာနိုင်ငံမှာ စစ် တပ်သာမရှိရင် လွှတ်တော်ထဲမှာ ဘယ်သူမှ အခုလို အေးအေးဆေးဆေးနဲ. ပြောနေနိုင်မှာမဟုတ်ဘူး

Dear Sir,
There is no smoke without fire.

In fact, the consecutive previous Gs
were authority on denigration and
demonization on their own citizen
of entire country except the Gs
mismanagement,unqualified and
rapacious personnel.

Please remember that;
- Bangladesh has only a short
spell of 41 years (1971 to 2012)
history till to date.
- The military ruled Bangladesh
for 15 years (1975 to 1990) by
General Ziaur Rahman and General
Ershad.
- Only The rest of 26 years have
almost been ruled by democratic
Gs lead by two female Prime Ministers
Khalida Zia and Shiek Hasina Wazed.

- This is what Bangladeshi made their
country history and I think all of us
know how we made our country history.
Thanks,

တို့တိုင်းပြည်မှာ သစ္စာဖောက်တွေ များလာနေပြီ အဲဒါကို ဘယ်လိုရှင်းထုတ်၇င်ကောင်းအလဲ... တို့တိုင်းပြည်ပြိုကွဲအောင် အနောက်အုပ်စုက နောက်ကနေ သွေးထိုးပေးနေတာ...ဒါကိုမသိနားမလည်တဲ့ လူနုံ လူအ တွေကအဟုတ်ကြီးထင်ပြီး ဖင်ငြောင့်ဆူး စူးအောင်ကပြီး တို့တိုင်းပြည်ပျက်စီးအောင်လုပ်တဲ့ အကောင်တွေကို ရှင်းထုတ်ဘို့အေ၇းကြီးနေပြီ...

This comparison is kind of chanllenge of Bangladesh. It is time for Myanmar to wake up. Stop dreaming about the past victory from long long time ago and look around other neighbouring countries. Be aware of how far we left behind from them.

Our military is very brave when opponent or opposition have no weapon because they know they will beat them. But when opponent have weapon they will run away from the first place. Very proud of our Generals who have three stars and above.

It is really different between Bang and myan, but it cannot be said that differences are created by Gs. For example, North Korea , Iran are not really Democratic States but they have power to rival with other States. So, i do not agree this comment. According to this comment, may I ask a question that every country has power to protect their country only when they are democratic?

Aung min thein 's comment is very good.North Korea'leader is very attractive &sexy.lran leader is very extremist like Bingali. They're very admirable.They make their citizens as rich as Bill Gate.Honourable leaders!

သည်ဆောင်းပါးနဲ့  တိုက်ရိုက်ကြီး ပတ်သတ်တာတော့ မဟုတ်ပါ ဒါပေမယ် ဆိုင်ကောင်းဆိုင့်ပါ လိမ့်မယ် မြန်မာပြည်မှာ အမြဲတမ်း တပ်အင်အား များနေသော်လည်း အရန်တ့ပ်က အင်အားနည်းနေပါတယ် ထိုကြောင့် အရန်တပ် အင်အားကို တိုးချဲ့ ပေးပါ ငွေကြေးအကုန်အကျ များနိုင်သော်လည်း အခြေအနေ အရ လိုအပ်ပါတယ် နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း က စစ်အင်အားတိုးချဲ့ လို့  အကုန်အကျ များရင် ငွေရအောင် ရှာဖို့ ပဲ ပြောခဲ့တာ ကို သတိရပါ ဗိုလ်ချုပ်ပုံကို အိမ်မှာချိပ်ထားမဲ့ အစား လုပ်သင့်တာကို လုပ်ပါ ဥပမာ ဗိုလ်ချုပ် ကို လေးစားတယ်ပြောပြီး စကော့ဈေးလို့  ပြောနေတာမျိုးကို ရှောင်ပါ နောက်ပြီး တပ်မတော် အနေနဲ့ အရန်တပ်ဖွဲ့ တွေကို စနစ်တကျဖွဲ့ ထတာက အရေးပေါ် လိုအပ်လျှင် ထုတ်သုံ့းရင် နောက်ပြီး UTC ပြန်ဖွဲ့ တာ ကောင်းပါတယ် UTC ဆင်းတွေက တောခိုတာမျိုး မကြားမိပါ ဝေလေလေ ကဗျာရူးများသာ တောခိုတာပါ နောက်ပြီး UTC တွေကို ဘာသာရပ် အလိုက် လေ့ကျင့် နိုင်ရင် ပိုကောင်းမလ မပြောတပ်ပါ ဥပမာ အင်ဂျင်နီယာ ကျောင်းသား တွေကို စစ်အင်ဂျင်နီယာ အခြေခံ တွေ သင်ပေးတာမျိ ပေါ့ DSTA ဝင်ခွင့် မရတဲ့ သူတွေလည်း တိုင်းပြည်ရဲ့  အရန်အင်အား အဖြစ် ပါဝင်ခွင့် ရတာပေါ့ ကျွန်တော် တို့  ခေတ်မှာ UTC မရှိတာ ဝမ်းနည်းဖို့ ကောင်းတယ်ဗျာ
MMU မှာတော့ အပတ်စဉ် 7 က စပြီး သောကြာနေ့  ၉နာရီကနေ ၁၀နာရီ၂၀ ထိ ပထမနှစ်တွေ အခြေခံ စစ်ရေးပြ လုပ်ရတယ်
နိုင်ငံခြားက ရေကြောင်း တဣသိုလ် တွေလိုပေါ့ဗျာ ဆရာတချို့  ကတော့ ဒါကို မကြိုက်ဘလို့  ကြားရပါတယ်
နောက်ဆုံး ပြောခြင်တာက UTC တက်တဲ့ ကျောင်းသားတွေကို အပိုအလုပ် လုပ်နေတယ်လို့  ဆရာမတွေ မထင်ပေ့းနဲ အခုလို စိန်ခေါ်ရင်ဘယ်လို လုပ်မလဲ ဆိုတာ တွေးကြည့် ပေးပါ

ပုံ zzz

ပြည် သူ့ တပ် မ တော် ကြီး အ ဘက် ဘက် က ပြည့် စုံ အောင် လုပ် ကြ ပါ ခေတ် မှီ လက် နက် ကြိး တွေ ဒုးံ ကြည် တွေ တိုက် လေ ယာဉ် တွေ စစ် သ င်္ဘော တွေ ပြည် တွင်း တင် ထွက် အောင် လုပ် ကြ ပါ စစ် စ ရိတ် 50% ပေး ပါ စက် ရုံ တွေ တည် ဆောက် ကြ ပါ အဲ ဒီ အ ချိန် ဘာ ကြောက် စ ရာ ရှိ လဲ မြန် မာ သွေး သိ ပြိး သား ပါ

သူ တို့ လောက် က တော့ ပြင်း တယ် လေ တိုက် ရင် လဲ မယ့ ကောင် တွေ ဖြစ် လို့ လဲ သိ လား စား စ ရာ မ ရှိ လို့

We must deeply admire on anonymous who suggested expenses for weapon should be raised.We can eat weapons for the sake of our country.What u anonymous also eat?bones or feaces!

Tatmadaw would lose to Benglash.
reason1. people do not fully support Tatmadaw
2. ethnic armed group would attack Tatmadaw
3. financially not good enough
4. weak international supports
& etc

မြန်မာတပ်မတော်ကနိုင်မှာပါ။ ဘင်္ဂလားစစ်တပ်ဟာနိုင်ငံတကာစစ်ပွဲတွေမှာ
ပါဝင်ခဲ့ပေမယ့်သူများဦးဆောင်မှု့နဲ့တိုက်ခဲ့တာပါ။
(၁) မြန်မာ့တပ်မတော်ဟာဒုတိယကမ္ဘာစစ်အတွင်းမှာ အင်အားကြီး စစ်တပ်များဖြစ်တဲ မဟာမိတ်တပ်ဂျပန်စစ်တပ်နှစ်ခုစလုံးနဲ့ပူးပေါင်းပြီး
စစ်ဆင်ရေးများပြုလုပ်ဘူးသလို၊နှစ်ခုစလုံးနဲ့လဲအပြင်းအထန်တိုက်ခိုက်ခဲ့ဖူး
ပါတယ်။ဒီစစ်ရေးအတွေ့အကြုံဘင်္ဂလားစစ်တပ်မှာမရှိပါဘူး။
(၂) လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလဲများပြားလှတဲ့ရောင်စုံ သူပုန်တွေကိုအနည်းငယ်သောအင်းအားနဲ့အောင်နိုင်ခဲ့သည့် သာဓကမှာလဲအလွန် ချီးကြူးထိုက်သောအရည်အချင်းပင်ဖြစ်ပါတယ်။
ထိုကာလမှာဖြစ်ခဲ့တဲ့ရေတပ်တိုက်ပွဲတွေမျိုးဘင်္ဂလားမှာမရှိခဲပါဘူး။
(၃) နိုင်ငံခြားကျူးကျော်မှု(တရုတ်ဖြူ၊ဗကပ(တရုတ်နီ))များကို
လဲအောင်မြင်စွာတွန်းလှန်နိုင်ခဲ့တယ်။သာလွန်အင်အာ့းတိုက်ခဲ့ခြင်း မဟုတ်ဘဲရန်သူထက်နည်းသောလက်နက်အင်အား၊လူအင်အားတို့နဲ့
နိုင်ခဲ့တာပါ။
(၄) နိုင်ငံခြားနဲ့စစ်ဖြစ်ခဲ့လျင်တစ်နိုင်ငံလုံးရှိတိုင်းရင်းသားများ၊ရဲ့စိတ်ဓါတ်
များကိုလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊များမှာပြန်ကြည့်ရင်တွေ့
နိုင်ပါတယ်။

ကိုယ့်ထက်အင်အားကြီးသောတပ်များကိုအင်အားအနည်းငယ်ဖြင့်အနိုင်
ယူနိုင်သောအတွေ့အကြုံများရှိသည့်အတွက် အင်းအားတူဆိုလျင်အသာ
လေးအနိုင်ယူတိုက်ခိုက်နိုင်စွမ်းရှိပါသည်။
စစ်နိုင်ခြင်းမှာအင်းအားအပေါ်၊လက်နှက်သာလွန်ခြင်းတွင်မူတည်မှုမရှိ
ကြောင်းကိုမြန်မာ့ပြည်တွင်းစစ်များ၊ဗီယက်နမ်စစ်ပွဲများတွင်တွေနိုင်ပါ သည်။

အဓိကကျသောအသေခံ၊အငတ်ခံတိုက်နိုင်သောစိတ်ဓါတ်များ၊တစ်ဦးတည်ကျန်သည်အထိတိုက်ရဲသောသတ္တိများမှာမြန်မာကိုဘင်္ဂလား
မမှီနိုင်ဘူးဆိုတာသမိုင်းကြောင်းများကိုလေ့လာနိုင်ပါတယ်။



Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်