Subscribe to our RSS Feed

ဒီမိုကရေစီအပေါ် သစ္စာမရှိသော ဒီမိုကရေစီခေါင်းဆောင်


From : ကိုတင်ဝင်း


ဇွန်လ (၁၆)ရက်နေ့ နော်ဝေးမှာပြောတဲ့ နိုဘယ်လ်မိန့်ခွန်းကို ကြားလိုက် မြင်လိုက်ရတာ ရင်ကွဲပက်လက်ခံစားလိုက်ရတယ်။

ကျုပ်တို့ဦးထိပ်ပန်ဆင်ခဲ့တဲ့ သစ္စာတရား မြင့်မိုရ်တောင်ကြီးပြိုကျသွားသလိုပါပဲ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ အစွမ်းကုန်ကူညီပေးခဲ့ကြတဲ့ အနောက်နိုင်ငံ တွေ၊ ကျုပ်တို့နိုင်ငံကိုကမ္ဘာက သတိပြုမိအောင် ဖော်ဆောင်ပေးတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်တဲ့လား။

ဟိုး ၈၈ အရေးအခင်းကတည်းကနေ အခုချိန်ထိ မိသားစုတွေ တစ်ကွဲတစ်ပြားဖြစ်ခံပြီး ထောင်ကျခံလုပ်ဆောင်ခဲ့တဲ့အမျိုးသား၊အမျိုးသမီးတွေ၊ ဘ၀ရှေ့ရေးမှိန်းမှိန်ခံ ၊အနစ်နာ ခံပြီး ကျောင်းထုတ်ခံကာ ချီတက်ခဲ့တဲ့မျိုးချစ်ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အတွက်ဆိုရင် လောကငရဲလို့ တင်စားတဲ့ ထောင်ထဲမှာ အသက်ပေးခဲ့တဲ့လူတွေ စသည်ဖြင့်ပေါ့ဗျာ။ သူတို့ရဲ့ သွေး၊ချွေးတွေ၊ ပေးဆပ်ခဲ့မှုတွေကို ထည့်မတွက်တော့ ပါလား။

ဒီမိုကရေစီခေါင်းဆောင် အမည်ခံထားတဲ့ ခင်ဗျားတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ ဖော်ဆောင်လို့ရစတမ်းတဲ့လား။ လူကြားကောင်းအောင်၊ ဂရုဏာသက်ပြီး ထောက်ခံကြ အောင်၊ ပြည်သူ့ မျက်ရည်ချူချဖို့ ပြောနေကျစကားဖြစ်တဲ့ အနှစ် ၂၀ အချုပ်ကျခံပြီး ကြိုးပမ်းခဲ့ပါတယ် ဆိုတဲ့ ခင်ဗျားက ထမင်းချိန် ထမင်း၊ စားချိန်စား၊ အိပ်ချိန်အိပ်နဲ့ သက်တောင့်သက်သာနေခဲ့ရတာပါဗျာ။ ခင်ဗျားရဲ့ ဆွေတော်မျိုးတော် အဖြူကောင်တွေ ကို ဒီလောက်အထိ ဦးထိပ်ထားရလောက်အောင် သူတို့က ဘာများ ဦးနှောက်ပူလောက် အောင် လုပ်ပေးခဲ့လို့လဲ။

တကယ် ဘ၀တွေရင်းခဲ့ရတာ ပြည်တွင်းက သာမာန်လူတန်းစား ကျုပ်တို့တစ်တွေပါ။

အခုအစိုးရလက်ထက်မှာ ခင်ဗျားက ကမ္ဘာတစ်ပတ် ကြွကြွရွရွ လျောက်လှမ်းကာ လက်မထောင်နိုင်ပြီဆိုတော့ တစ်ချိန်က ရဲဘော်ရဲဘက်တွေကို မျက်နှာလွှဲခဲပစ် လုပ်ပြီပေါ့။ စင်ပေါ်ရောက်ပြီဆိုတော့ အဖြူသွေးတွေကို ဂုဏ်ဖော်ပြီး ကျေးဇူးအထူး တင်ရှိပြီပေါ့။

ကျုပ်တို့အားလုံးရဲ့ ရင်ထဲက ဒီမိုကရေစီကို ခင်ဗျားက သစ္စာဖောက်လိုက်တာပဲ ၊ မစုရေ။

Myanmar Express

7 comments:

သိပ်မှန်ပါတယ်
စကားထဲမှာ ကိုယ့်လူမျိုးကိုယ်လူရာသွင်းတာ တစ်ခွန်းမှ မပါ
အဖြူကောင်တွေနဲ့တွေ့ရင်မြူးနေတာ
ကြည့်ရတာရင်နာတယ်

ကိုယ့်တိုင်းပြည်အပေါ် သစ္စာမရှိလို့ကတော့
လုံးဝ မထောက်ခံပါ
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားကို အလေးမထားတဲ့သူ
အလိုမရှိ

ကိုတင်ဝင်းရေ...အားနာပါရဲ့...ဒီစောက်ရူးမကို ဆရာတင်တော့ ခင်ဗျားညံ့ပီ နှစ်၂၀ကျော်တောင် ဆရာတင်တာ မပြောပါနဲ့...ခင်ဗျားတို့ ဒီမိုမျက်ကန်းတွေ အစားရှက်လွန်းလို့...

ေ ဒါ် စု ခ င် ဗျား တို င်း ပြ ည် အ တွ က် လု ပ်ေ န တာ လား ၊ ခ င် ဗျား နာ မ ည် ရ ဘို့ အ တွ က် လား။ ခ င် ဗျား မဲ ဆ န္ဒ န ယ် အ တွ က် ကျေ ငွ လှူ တ ယ် ၊ အ ခု ရ ခို င် အ တွ က်ေ ရာ ဘ ယ် မှာ လဲ ။ ခ င် လု ပ် ရ ပ်ေ ကြာ င့် ဗို လ် ချု ပ် အော င် ဆ န်း ရဲ့ ဂု ဏ် သိ ဏ္ခာ မ ကျေ စ ပါ နဲ့ ။ ခ င် ဗျား လု ပ် ရ ပ်ေ အ တွ က် သ မို င်း က စ ကား ပြော လာ မှာ နော် ။ ခ င် ဗျား ပြော စ ကား ၊ လု ပ် ရ ပ် ေ တြ က အ ာ ဂါ တ ေ တြ ပါ ေ န တ ယ် လို့ ယူ ဆ တ ယ် ။

ေ ဒါ် စု ခ င် ဗျား တို င်း ပြ ည် အ တွ က် လု ပ်ေ န တာ လား ၊ ခ င် ဗျား နာ မ ည် ရ ဘို့ အ တွ က် လား။ ခ င် ဗျား မဲ ဆ န္ဒ န ယ် အ တွ က် ကျေ ငွ လှူ တ ယ် ၊ အ ခု ရ ခို င် အ တွ က်ေ ရာ ဘ ယ် မှာ လဲ ။ ခ င် လု ပ် ရ ပ်ေ ကြာ င့် ဗို လ် ချု ပ် အော င် ဆ န်း ရဲ့ ဂု ဏ် သိ ဏ္ခာ မ ကျေ စ ပါ နဲ့ ။ ခ င် ဗျား လု ပ် ရ ပ်ေ အ တွ က် သ မို င်း က စ ကား ပြော လာ မှာ နော် ။ ခ င် ဗျား ပြော စ ကား ၊ လု ပ် ရ ပ် ေ တြ က အ ာ ဂါ တ ေ တြ ပါ ေ န တ ယ် လို့ ယူ ဆ တ ယ် ။

Dear Ko Tin Win,
Please join together with Rakhine National who are planning to protest when "The Lady" will arrive Yangon Airport, if you believe what is the democracy and freedom to express, you have right to show her what's your feeling from your heart better than just talking.

ဗို လ် ချု ပ် သ မီး လို့ မေ ပြာ နဲ့ေ နာ် စု ကြ ည်ေ စာ က် ရှ က် ကို မရှိ ဘူး လီး ပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်