Subscribe to our RSS Feed

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်

From : the voice

မိုဘိုင်းဖုန်း နှုန်းထားများကို အတိအကျ ပြောသော် လည်း ပြည်သူအများ မျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြား သွားသည်။

နိုင်ငံတော် လုံခြုံရေးနှင့် မဆိုင်သဖြင့် မိုဘိုင်းဖုန်း ဈေးနှုန်းများကို မည်မျှအထိ လျော့ချပေးမည်ကို သိလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏစိုးက မေးမြန်းသဖြင့် ၄င်းက ယင်းကဲ့သို့ ဖြေကြားခဲ့သည်။

"ပြည်သူတွေ မျှော်လင့်ထားတဲ့ ဈေးနှုန်း အထိ လျော့ချဖို့ အစီအစဉ်ရှိတဲ့အတွက် ပြည်သူတွေ အံ့သြလက်ခံမယ်လို့ ထင်ပါတယ်"ဟု ဦးဝင်းသန်းက ဆိုသည်။ မိုဘိုင်းဖုန်းများ ဈေးနှုန်း အဆမတန် လျော့ချပြီးလျှင် ကျေးလက်တွင် အရစ်ကျဝယ်ယူထားသော ပြည်သူများ သွင်းထားသည့် ပိုငွေများကို ပြန်ပေးရန် စီစဉ်ထားကြောင်း ဦးဝင်းသန်းက ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးသည် ပြည်သူများ မျှော်လင့်ထားသည့် ဈေးနှုန်းချိုသာသော မိုဘိုင်းဖုန်းများရရှိရန် ဈေးလျော့ချရေးအပြင် ဈေးနှုန်းချိုသာစွာ လုပ်ကိုင်လိုသည့် မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့်များ ကိုလည်း ပေးအပ်သင့်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက အကြံပြုသည်။


  www.MyanmarExpress.net
 

12 comments:

ဆင်းရဲမှုလျော့ချရေးအတွက်

များစွာအထောက်အကူဖြစ်ဖို့

့အမြန်ဆုံးဆောင်ရွက်ကြပါဗျာ။

၁၅ သိန်းတန်တေတွလည်း တစ်ခုခုလုပ်ပေးပါဦး

ပိုတဲ့ ငွေကို ပြန်ပေးမယ်ဆိုတာ ဂယ်လားဟင်!!!!

ဟုတ် လား ကောင်း သား ဘဲ ။ အ ခု လား (၅) နှစ် လောက်
စောင့် ရ အုံး မှာ လား ။

၁၅ သိန်းတန်ဖုန်းတွေကို ၁၅ရက် အခမဲ့ဖုန်းပြောခွင့်ပြုသင့်ပါကြောင်း။

how much 5000 kyat?
Now we give 35000 kyats for Card Lost case from Magwe Division

ဖုန်းတွေဈေးလျော့တာတော့ဟုတ်ပါပြီ... ဖုန်းဘေတွေကတော့ ဈေးတက်သွားမယ်ထင်ပါတယ်

ခုလဲ စစ်တပ်နှင့် ZTE company ပေါင်းပြီးလုပ်ထားတဲ ဂိုတာဖုန်းတွေကို အော်ပရေတာမယူပဲ ခပ်တည်တည်နှင့် ဈေးကွက်ထဲမှာ ၈သောင်းနှင့် ရောင်းမလို့ လုပ်နေပါတယ်။
အရင်က စစ်တပ်က အော်ပရေတာမယူပဲ ၈ိုတာဖုန်းရောင်းမှာကို ကန့် ကွက်ခဲ့တဲ့ ဆက်သွယ်ရေးကလူတွေတော်တော်များများ လည်း ပြုတ်ကုန်ပြီ၊
လူယုံတော်ကြီး မြတ်ဟိန်းကို စစ်တပ်ရဲ့ ဂိုတာဖုန်းတွေ ကို အော်ပေ၇တာ မယူပဲ ရောင်းနိုင်အောင်လုပ်ခိုင်းလိုက်တယ်ဆိုတာ သတင်းရပါတယ်။

hey..no need to pay any charges for phone card loss,it' s free.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်