Subscribe to our RSS Feed

၂ဝ၁၃ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သော မိန့်ခွန်း

From : မြဝတီ


SEA Games ပြိုင်ပွဲကြီးမှာ အိမ်ရှင် နိုင်ငံ အနေဖြင့် အားကစား အောင်နိုင်ဆု များစွာ ဆွတ်ခူး ရရှိ နိုင်ရေးအတွက် တပ်မတော်သား  အားကစား သမားများက တစ်ဖက် တစ်လမ်းမှ အားကစား စွမ်းဆောင်နိုင်မှု များဖြင့် နိုင်ငံ့ဂုဏ်၊ တပ်မတော်ရဲ့ ဂုဏ်ကို မြှင့်တင်နိုင်ရန် ရည်မှန်းချက်နဲ့ ကျင်းပနေတဲ့ အားကစား ပြိုင်ပွဲ ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲ ကနေ နိုင်ငံ့ ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင် အားကစား သမားများ ပေါ်ထွန်း လာလိမ့်မယ်လို့   ယုံကြည် မိပါကြောင်း၊ ဇေယျာသီရိ တပ်မတော် အားကစား ကွင်းသစ်ကြီးသည် နိုင်ငံ၏ နိုင်ငံတကာ အဆင့်မီ အားကစား ကွင်းကြီးများ ထဲတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ ဇေယျာသီရိ အားကစား ကွင်းကြီးကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးအား  ခမ်းနား ထည်ဝါစွာ လက်ခံ ကျင်းပနိုင်ရေး၊ တပ်မတော် အားကစား ကဏ္ဍ တိုးတက်မြင့်မား လာရေးနှင့် နိုင်ငံတကာ ပြိုင်ပွဲများကို အဆင့်အတန်း မြင့်မြင့် ကျင်းပနိုင်ရေး တို့အတွက် ၁ဝ-၁- ၂ဝ၁ဝ ပြည့်နှစ်မှာ စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့မှာတော့ အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တပ်မတော် အားကစား ကွင်းနှင့် အဆောက် အအုံများ တည်ဆောက် ဖွင့်လှစ် နိုင်ခဲ့ခြင်းသည် တပ်မတော် အားကစား အဆင့်အတန်း တိုးတက်ရေးကို များစွာ အထောက်အပံ့ ဖြစ်စေကြောင်း၊ နိုင်ငံတကာ အဆင့်မီ အားကစား ကွင်းသစ်များ တိုးတက် ဖြစ်ထွန်း လာခြင်း နှင့်အတူ အဖွဲ့လိုက် အားကစား စွမ်းရည်များ၊ တစ်ဦးချင်း အရည်အသွေး များလည်း သက်ဆိုင်ရာ အားကစား နည်းများအလိုက် တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစား နေကြရမည် ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲလုံ့လ၊ ဝီရိယအား များဖြင့် ကြိုးစား ယှဉ်ပြိုင်ကြပြီး တပ်မတော် အားကစား အဆင့်အတန်း မြင့်မား ရေးအတွက် မြှင့်တင် သွားကြရမည် ဖြစ်ကြောင်း၊ ထူးချွန် ထက်မြက်တဲ့ တပ်မတော် လက်ရွေးစင် အားကစား သမား ဘဝမှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင် အားကစားသမား အဆင့် သို့ ရောက်ရှိ အောင်ဆက်လက် ကြိုးစား သွားကြရန် လိုအပ်ကြောင်း၊ အားကစား မြှင့်တင်ခြင်းနှင့် စွမ်းဆောင် နိုင်မှုများသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင် ပေးနေသလို နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေ ခြင်း လည်း ဖြစ်ကြောင်း၊ အားကစား အောင်မြင်မှုဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို ရောင်ပြန် ဟပ်စေပြီး လူမျိုး၏ ဂုဏ်သိက္ခာ အဆင့် အတန်း နှင့် ဖွံ့ဖြိုး တိုးတက်မှု ကို ဖော်ညွှန်း နေကြောင်း၊ တပ်မတော်သား အားကစား သမားများ၏ အားကစား အောင်မြင်မှု များကလည်း တပ်မတော်၏ ဂုဏ်သိက္ခာနှင့် စွမ်းရည် ထက်မြက်မှုကို  ဖော်ညွှန်း ပြသလျက် ရှိကြောင်း၊ ထို့အပြင် ကျစ်လျစ် ခိုင်မာသည့် တပ်တွင်း စည်းလုံး ညီညွတ်မှု၊ စိတ်ဓာတ် ခိုင်မာမှုနှင့် ဇွဲသတ္တိ ပြည့်ဝမှု၊ စည်းကမ်း ကောင်းမွန်မှု၊ တပ်မတော် သားများ၏ ရည်မှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်တတ်မှု စိတ်ဓာတ်နှင့် ဓလေ့ စရိုက် ကောင်းများကို ဖော်ညွှန်းနေကြောင်း၊ အားကစား မြှင့်တင်ခြင်း လုပ်ငန်း များသည် တပ်တွင်း စည်းလုံး ညီညွတ်မှုကို တိုးတက်စေသည့် အပြင် တပ်နေပျော်၍ စစ်တိုက် တော်သူတွေ ဖြစ်လာ အောင်လည်း စွမ်းဆောင်ပေးလျက် ရှိကြောင်း၊ ကျန်းမာကြံ့ခိုင်၊ ပြည့်မဏ္ဍိုင်၊ ကြံ့ခိုင် ကိုယ်လက်၊ တိုင်းပြည်အတွက် ဆိုသည့် တပ်မတော် ကြံ့ခိုင်ရေး ဆောင်ပုဒ် နှင့်အညီ နိုင်ငံ တော် ကာကွယ်ရေး တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နိုင်ရန် အတွက် ကျန်းမာကြံ့ခိုင်မှုက ထိရောက်သော အထောက်အပံ့ ကောင်းဖြစ်ကြောင်း၊ အားကစား လှုပ်ရှားမှု များသည် နိုင်ငံ တော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရာတွင် အစွမ်းထက်သော အကောင်းဆုံး လက်နက်များ ဖြစ်ကြောင်း၊ တပ်တွင်း အားကစား လှုပ်ရှားမှုက တပ်မတော် အားကစား အဆင့်အတန်း မြင့်မား တိုးတက်ရေး အတွက် အထောက်အပံ့ ကောင်းများ ဖြစ်သလို မြန်မာ့ လက်ရွေးစင် အားကစား သမားများကို မွေးဖွားပေးရာ အရင်းအမြစ်များ ဖြစ်ခြင်းကြောင့်  တပ်တွင်း အားကစား လှုပ်ရှားမှု များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် သွားကြရန် လိုကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ အကြိမ်ကြိမ် ရရှိခဲ့သည့် မြန်မာ့ ဘောလုံး ရွှေခေတ်၏ မြန်မာ့လက်ရွေးစင် အသင်းတွင် တပ်မတော်သား ဘောလုံးသမား အကျော် အမော်များ ပါဝင် ခဲ့ကြကြောင်း၊ အထူးသဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ရွပ်ရွပ် ချွံချွံ ထမ်းဆောင်ရင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ပေးဆပ် စွန့်လွှတ်ခဲ့ ရသည့် တပ်မတော် သားများသည် နိုင်ငံတကာ မသန်စွမ်း အားကစား ပြိုင်ပွဲများတွင် ဆုတံဆိပ် ပေါင်းများစွာ ရယူ ပေးခဲ့ပြီး မသန်သော်လည်း စွမ်းကြသည် ဆိုတာကို ပြသ ခဲ့ကြကြောင်း၊ ဒါဟာ တပ်မတော်၏ စိတ်ဓာတ်နှင့် စွမ်းရည် ထက်မြက်မှု များကြောင့် ဖြစ်ကြောင်း၊ ထူးချွန် ထက်မြက်တဲ့ နိုင်ငံ့ ဂုဏ်ဆောင်၊ တပ်မတော် ဂုဏ်ဆောင် လက်ရွေးစင် အားကစား သမားများကို တပ်တွင်းအား ကစား လှုပ်ရှားမှုနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ကနေ မွေးထုတ် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ လက်ရွေးစင် အသင်းများကို အားဖြည့် ပူးပေါင်းနိုင်မည့် ထူးချွန်သော မျိုးဆက်သစ် အားကစား သမားများ စဉ်ဆက်မပြတ် ပေါ်ထွန်း နေစေရန်လည်း တပ်မတော် အားကစား ပြိုင်ပွဲများက မွေးထုတ်ပေးလျက် ရှိကြောင်း၊ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် တည်ဆောက် ရာမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်း ရေး၊ အမျိုးသား အကျိုးစီးပွား တိုးတက်ရေး၊ ပြည်သူများ၏ လူနေမှု ဘဝ မြင့်မားရေး တို့အတွက် ဘက်ပေါင်း စုံက ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုလို ဆောင်ရွက်ရာ မှာ အားကစားကဏ္ဍ ခေတ်နောက်ကျ မကျန်ခဲ့ ရအောင် မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်၊  မြန်မာ့ အားကစားမှ ကမ္ဘာ့အားကစား ဆီသို့ ဆိုသည့် ရည်မှန်းချက် များဖြင့်အား ကစား အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်းမြှင့်တင် ဆောင်ရွက်နေကြောင်း၊ ယခုလို နိုင်ငံတကာ အဆင့်မီ အားကစား ကွင်းကြီးကို တိုတောင်းသည့် တည်ဆောက်ချိန် ကာလ အတွင်း စံချိန်မီ တည်ဆောက် ပေးနိုင် ခဲ့ခြင်းသည် မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သလို တပ်မတော် အားကစား မြှင့်တင်ရေး အတွက် များစွာ အထောက် အကူ ရစေခြင်းကြောင့် ပါဝင်ဆောင်ရွက် ပေးကြသူ အားလုံးကို ကျေးဇူးတင် ပါကြောင်း၊  အားကစား မြှင့်တင်ခြင်းတွင် အားပေး ကူညီခြင်း အထူး လိုအပ်ကြောင်း၊ ယနေ့ ပြုလုပ်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပွဲတော်တွင် တပ်ဌာနချုပ် အသီးသီး အပြင် စေတနာ ရှင်များ၊ မိသားစု ဝင်များက တစ်တပ် တစ်အား ပါဝင်အားပေး ကူညီမှု ပြုခဲ့ကြတာ တွေကြောင့် အားလုံးကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ အားကစား အောင်မြင် မှုသည် နိုင်ငံ တော်၏ ဖွံ့ဖြိုး တိုးတက်မှုကို ရောင်ပြန် ဟပ်စေသည် ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံ တော်၏ အားကစား အဆင့်အတန်း  မြှင့်တင်ခြင်းဖြင့် နိုင်ငံ့ဂုဏ်၊ လူမျိုး ဂုဏ်ကို အကောင်းဆုံး ဖော်ဆောင် နိုင်ရန် အတွက်(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပပြု လုပ်သွားမှာ ဖြစ်ကြောင်း၊ ဒီပြိုင်ပွဲကြီးသည် နိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲ တိုးတက်မှု ပုံရိပ်သစ်များကို ဖော်ညွှန်း ပြသမည့် ပွဲလည်း ဖြစ်ကြောင်း၊  ပြိုင်ပွဲကြီးကို ဂုဏ်သိက္ခာ ရှိရှိဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး အတွက်လည်း ဘက်ပေါင်း စုံ၊ ကဏ္ဍ ပေါင်းစုံက အရှိန် အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ SEA Games ပြိုင်ပွဲ ကြီးကို  အစိမ်းရောင် အားကစားပွဲ၊ သန့်ရှင်းသော အားကစားပွဲ၊ ချစ်ကြည် ရင်းနှီးသော အားကစား ပွဲဖြစ်စေရေး အတွက် မဟာ ဗျူဟာမြောက် ရည်မှန်းချက်များ ချမှတ် ဆောင်ရွက် လျက် ရှိကြောင်း၊ ''စည်းကမ်းရှိမှ တိုးတက်မည်'' ဆိုသည့်အတိုင်း အားကစား သမားတစ် ယောက် အတွက် စည်းကမ်း လိုက်နာမှု ကောင်းမွန်ရန် အရေးကြီးကြောင်း၊ အားကစား နည်းစနစ် များသည် တင်းကျပ်သည့် စည်းကမ်းနှင့် နည်းလမ်းများကို အခြေခံ ထားခြင်း ဖြစ်ကြောင်း၊ တပ်မတော်၏ အသက် ဝိညာဉ်သည် စစ်စည်းကမ်း ဖြစ်ကြောင်း၊ တပ်မတော် သားများ ဖြစ်သည် နှင့်အညီ စစ်စည်းကမ်းကို တိကျစွာ လိုက်နာရ မည်ဖြစ်ကြောင်း၊ အားကစား ဆိုင်ရာ နည်းစနစ်နှင့် စည်းကမ်း များကိုလည်း တိတိကျကျ လေးလေးစားစား  လိုက်နာ ကျင့်သုံး သွားကြရန် လိုအပ်ကြောင်း၊ အသေးအဖွဲ့ စည်းကမ်း လေးမှအစ အလေးထား လိုက်နာ ကျင့်သုံးပြီး ပြုမူပြောဆို နေထိုင် သွားကြရန် လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

. www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်