Subscribe to our RSS Feed

အခက်အခဲ အမျိုးမျိုးကြောင့် KIA ငယ်သားများ လက်နက်ကို စွန့်လွှတ် ထွက်ပြေးနေ

From : http://www.kachindailynews.com/2013/01/kia_29.html

ဖားကန့်နယ်တစ်ဝိုက်မှာ KIA နဲ့စစ်တပ် တိုက်ပွဲဖြစ်နေပါပြီး တိုက်ပွဲတွေပြင်းထန်လာတာနဲ့ အမျှKIA ဘက်က သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေများပြားလျက်ရှိလာပါသည်။ KIA တပ်ဖွဲ့ဝင်အများစု ဟာ ရွာတွေကနေ အတင်းခေါ်ထားတဲ့သူများ ဖြစ်ပြီး   သေသေချာချာလေ့ကျင့် ပေးထားတာ မရှိသည့် သူများဖြစ်ပြီး တစ်ပွဲထိုး တိုက်ဖို့လောက်သာသင်ထားပြီး အဓိကမိုင်းထောင်တတ်အောင်သာ သင်ကြားပေး ထားသူများသာ ဖြစ်ပါသည်။ ဒီလို မျိုး အစိုးရတပ်နဲ့ အကြာကြီးတိုက်ပွဲဖြစ်လာသည့်အခါ ကျတော့ KIA တပ်သားများ အတုန်းအရုံးကျလျက် ရှိလာပါသည်။ 

           ဖားကန့်မြို့နယ်မှာရှိနေကြသည့် KIA တပ်ဖွဲ့ဝင်တွေကတော့ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်မှာ ကိုကြောက် ပြီး သူတို့ရဲ့ လက်နက်တွေစွန့်ပြီး တပ်စခန်းများကနေ ထွက်ပြေးနေကြ လျက်ရှိသည်။ တစ်ချို့ ဆိုရင် အစိုးရတပ်စခန်းတွေမှာ သွားရောက်နေထိုင်နေကြသလို တစ်ချို့ကတော့ ကုမ္ပဏီတွေမှာ အလုပ်သမား အဖြစ်ဝင်လုပ်နေကြပါသည်။ KIA တပ်ထဲမှာ ကျန်နေတဲ့သူများ ကလည်း ထွက်ပြေးဖို့ နည်းလမ်းမျိုးစုံ ရှာဖွေ လျက်ရှိသည်။ KIA ခေါင်းဆောင် များက ထွက်ပြေးတဲ့သူများ၊ တိုက်ပွဲမှာ စွန့်စွန့်စားစား မတိုက်ချင်သူများကို ပစ်သတ်လိုက်ဖို့ အမိန့်ပေး ထားကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦး ၏ပြောပြ ချက်အရသိရှိရသည်။
          KIAငယ်သားများ၏ ဘ၀ကတော့ လစာလဲမရ၊ စားစရာကလဲ လောက်လောက်ငငမ ရှိ၊   သေနတ် ပစ်ဖို့ ကျည်ဆံကျတော့လဲ အများကြီးပေးမထားပါဘူး။ ဒီကြားထဲမှာ တိုက်ပွဲဖြစ်လို့ရှိရင် သူတို့ KIA ခေါင်းဆောင်များ၏ နောက်ကပစ်မဲ့ ကျည်ဆံကိုလဲ ကြောက်နေရပါသေးသည်။ ဒါတွေကြောင့်မို့လို့ အခုခါမှာတော့ KIA တပ်သားများ အနေနဲ့ သူတို့ခေါင်းဆောင်တွေအလစ်မှာ ထွက်ပြေးနေလျက်ရှိသည်။ ငြိမ်းချမ်းရေးယူထားတုန်းက KIA တပ်ဖွဲ့ဝင်များ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နိုင်ပေမယ့် စစ်တပ်နဲ့ တိုက်နေရတဲ့အခါကျတော့ အိပ်ချိန်မရတဲ့အပြင် အသက်လုပြီး ပြေးလွှားနေကြရကြောင်း ၎င်းတပ်ဖွဲ့ဝင်၏ ပြောပြချက်အရသိရှိရသည်။
 
 www.MyanmarExpress.net
 

1 comments:

ဘာမှမသိနားမလည်တဲ့ တိုင်းရင်းသားတွေကို ရှေ့တန်းတင်အသေခံခိုင်းပြီး ခွေးသူတောင်းစားဂမ်ရှောင်ကတော့ နောက်ကနေ ကောင်းစားနေတယ်။ရင်နာစရာပဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်