Subscribe to our RSS Feed

အစိုးရတပ်နှင့် KIA တိုက်ပွဲကြောင့် ဒေသခံများ ဒဏ်ရာရသေကြေမှုများဖြစ်ပေါ်

From : http://www.kachindailynews.com/2013/01/kia_3887.html

ဇန်န၀ါရီ (၂၉) ရက်နေ့က KIA လက်နက်ကိုင်တပ်ဖွဲ့ကနေပြီး အင်အား (၄၀) လောက်နဲ့ မရမ်းရွာနားမှာရှိတဲ့ အစိုးရရဲ့ အမြောက်တပ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မရမ်းရွာမှ ဒေသခံ တစ်ဦးမှ ပြောပါသည်။ KIA တပ်သားတွေရဲ့ လေ့ကျင့်သားမပြည့်ဝမှုနှင့် ပရမ်းပတာပစ်ခတ်မှုတွေကြောင့် KIA မှပစ်ခတ်လိုက် တဲ့ ဗုံးသီးနှင့် ကျည်ဆံတွေဟာ တပ်စခန်းအနီးအနားမှာရှိတဲ့ အရပ်သားနေအိမ်တွေ အပေါ် ကျရောက်ပြီး (၂၅) နှစ်အရွယ် ကလေးတစ်ယောက်သေဆုံးသွားခဲ့ပါသည်။

ဦးဂျမ်မော်လို့ခေါ်တဲ့ အသက် (၉၀) ကျော်အဖိုးကြီးတစ်ယောက်နဲ့ အသက် (၄၀) ၀န်းကျင်ရှိ တဲ့ ယောင်္ကျား တစ်ယောက်နှင့် (၂) နှစ်အရွယ်ခန့် ကလေးတစ်ယောက် ဒဏ်ရာရပြီး   မြစ်ကြီးနား   ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါသည်။ ကချင်ပြည်နယ် လဂျားယန်ဒေသလို အစိုးရတပ်တွေ တိုက်ခိုက်မှုပြီးသွားတဲ့ နောက်ပိုင်းမှာ KIA တပ်တွေဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အစိုးရတပ်မဟုတ်တဲ့ နေရာတွေကို မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အပြစ်မဲ့တဲ့ ရွာသူ/ရွာသားတွေဟာ မကြာခဏဆိုသလို ထိခိုက်သေဆုံးလျက်ရှိနေကြောင်းသိရှိရပါသည်။
ကချင်ပြည်သူတွေအနေနဲ့ ယခင်တုန်းက KIA တပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားမှုရှိခဲ့သော်လည်း ယနေ့ အချိန်အခါမှာတော့ KIA တပ်ဖွဲ့ရှိနေခြင်းသည် မိမိတို့ ကချင်တိုင်းရင်းသား ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ အတွက် အလိုမရှိတော့ဘူး။ KIA တပ်ဖွဲ့ကို အစိုးရတပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းလိုက်တာ က ပိုကောင်းတယ်လို့ မရမ်းရွာမှာနေထိုင်ကြတဲ့ ဒေသခံတွေက ပြောပြ ခဲ့ပါသည်။
 www.MyanmarExpress.net
 

1 comments:

ဘယ်သူတွေ ရှုံးသလဲဆိုတာ

ဖြေစရာမလိုတော့ဘူးထင်တယ်

သေသွားကျိုးသွားကန်းသွားကြတဲ့

ပြည်သူတွေရဲ့ပုံတွေတာကြည့်ကြပါဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်