Subscribe to our RSS Feed

လွှတ်တော်အမတ်တွေ အသုံးစရိတ် ကြိုတင်ငွေ လေးသိန်းရ

From : .. the voice

လွှတ်တော် အစည်းအဝေးတွေ ရပ်နားချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေဆီ ကွင်းဆင်းလေ့လာနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို နေ့စဉ်အသုံးစရိတ်တွေ ထဲကနေ ငွေကျပ်လေးသိန်းစီ ထုတ်ယူသုံးစွဲခွင့် ပြုမယ်လို့ သိရပါတယ်။

လွှတ်တော်အစည်းအဝေး လုပ်နေချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ခံစားခွင့် ရရှိနေတဲ့ စရိတ်တွေထဲကနေ ကြိုတင်သုံးစွဲခွင့် ပြုထားတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ခုလို ထုတ်ပေးတာဟာ စီးပွားရေး အဆင်မပြေတဲ့ ကိုယ်စားလှယ်တွေအတွက် အထောက်အကူတစ်ခု ဖြစ်ပေမယ့်လည်း စာရင်းတင်ပြမှု ကွဲလွဲနေရင် နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားတစ်ခု ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေမှာ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ခံစားခွင့်၊ အကျိုးခံစားခွင့်ဟာ ကြိုတင်ငွေ ထုတ်ယူသုံးစွဲနိုင်တယ်လို့ ပါတာကြောင့် ပြည်ထောင်စုလွှတ်တော် ဥပဒေ နည်းဥပဒေတွေနဲ့ညီ မညီ ပြန်ပြီး စစ်ဆေးဖို့ လိုတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

ခုလို ငွေလေးသိန်းထုတ်ပေးတဲ့ ညွှန်ကြားချက်ကို ပြည်သူ့လွှတ်တော်က ထုတ်ပြန်ထားပေမယ့်လည်း လွှတ်တော်မှာ ညွှန်ကြားထားတာ မရှိသေးဘူး လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။
 
.. www.MyanmarExpress.net
 

1 comments:

ခုလောက်ဆို နိုင်ငံလင်း တို့နှင်းဆီပန်းအ၀ိုင်းဘက်သုတ်ခြေတင်လောက်ပြီ
အရက်ကြွေးတွေလဲဆပ်အုံး
စည်ပင်ရိပ်သာက ဒိုဘီဖိုးတွေလဲပေးလိုက်ဖို့ကောင်းပြီ
တက် ကစီ ခတွေလဲအကြေရှင်းပေးလိုက်ပါ လွှတ်တော်ရဲ့စေတနာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်