Subscribe to our RSS Feed

အမျိုးသားပညာရေး ဥပဒေမူကြမ်း ကို ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည် နည်းပညာကောလိပ်နဲ့ မန္တလေး နည်းပညာကောလိပ် ကျောင်း ၃ ခုပေါင်းမှ ကျောင်းသား ၂၄ ဦးသာ ကန့်ကွက် ဆန္ဒပြ


 တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ကျောင်းသားပေါင်း မြန်မာ ၂ သိန်းခွဲ ကျော်ရှိပေမယ့် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ၊ ကျောင်းသူ ၂၄ ယောက်ကသာ  အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဥပဒေအဖြစ် အတည်မပြုနိုင်အောင် ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ် သွားမယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဉာဏ်ထိန်လင်းက အခုလိုပြော ပါတယ်။

"အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကအတည်ပြုသွားပြီ၊ ကျနော်တို့ ဒီဥပဒေအတည်မပြုမီ ကန့်ကွက်သွားဖို့ အချိန်အရမ်းနည်းသွားတဲ့အတွက် ကျနော်တို့ စာရွက်ဝေတဲ့အဆင့်ကိုထားခဲ့ပြီးတော့ ဒီဆန္ဒပြပွဲကို လုပ်ဖြစ်သွားတာပါ၊ ဒီဆန္ဒပြပွဲကိုလည်း နှစ်ပတ်ကို တစ်ကြိမ်လောက် လုပ်သွားဖို့ရှိတယ်၊ သမ္မတ လက်မှတ်မထိုးတဲ့အချိန်အထိ ကျနော်တို့ အရှိန်အဟုန်နဲ့လုပ်ဖို့ရှိတယ်၊ သမ္မတလက်မှတ်ထိုးတဲ့အခါ တကယ်လို့ ဒီဥပဒေပဲ အတည်ပြုသွားမယ်ဆိုရင် ကျနော်တို့ ဒီဥပဒေဖျက်သိမ်းရေးအတွက် ဆက်ပြီးတော့ တောင်းဆိုတိုက်ပွဲဝင်ဖို့ရှိတယ်"

အဲဒီ ကျောင်းသူ ကျောင်းသားတွေဟာ ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည် နည်းပညာကောလိပ်နဲ့ မန္တလေး နည်းပညာကောလိပ် ကျောင်း သုံးကျောင်းမှဖြစ်ပြီး စုစုပေါင်း ၂၄ ယောက်ရှိပါတယ်။ 


ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဆွေးနွေးခဲ့ပြီးနောက် မကြာခင် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။


.. www.MyanmarExpress.net
 

5 comments:

Crazies. They do not know what is there in the National Education Act. Unlike 1920 Act, the Act is formulated by the best Myanmar educators available at hand in the country. 1920 Education Act was made by British Colonial Government with purpose of prolonging their colonial rule on Myarmar people. For that reason Myanmar people protested in 1920

ဆန္ဒခွပြနေတော့ အဲ့နှစ်ဆယ့်လေးကောင်ဘယ်အချိန်စာသင်လဲဟင်

သူတို့ဆန္ဒပြတဲ့ပညာရေးဥပဒေအကြောင်းသိဖို့မပြောနဲ့။မြန်မာနိုင်ငံအကျယ်အဝန်းတောင်သိရဲ့လားလို့မေးကြည့်ပါအုန်းအီးယောင်ဝါးနွား
ကျေင်းသားလေးတစုရယ်။

ကျောင်းသားအလုပ်​​ကျောင်းသားမလ်ုပ်
၈၈ တုန်းကလို ဆွဲပစ်​ကွာ
မြန်​မာနိုင်​ငံက မတန်​ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်