Subscribe to our RSS Feed

ကေအိုင်အို ဆိုင်းဒါတိုက်နယ်မှူးရုံး၏ ဒေသခံများအပေါ်ဆက်ကြေးကောက်ရန် ဆင့်ခေါ်စာနှင့်ပါတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း)မှ ပြင်းထန်စွာကန့်ကွက်


ယမန်နေ့ကရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း)မှ ဥက္ကဌ ဦးစိုင်းထွန်းရင်အပါအ၀င်
အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊နတ်ကြီးကုန်းရပ်ကွက်တွင်ဒေသခံ ရှမ်းလူမျိုးများနှင့်တွေ့ဆုံကာ
 ကေအိုင်အေမှ ဒေသခံ ရှမ်းလူမျိုးများအား အတင်းအကြပ်ဆက်ကြေးကောက်၊ လူသစ်စုခြင်းများ၊လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပါတ်သက်၍မည်သို့မည်ပုံ
တုံ့ပြန်ဆောင်ရွက်သွားကြမည်၊ နိုင်ငံတော်နှင့်တပ်မတော်သို့
အချိန်နှင့်တပြေးညီ သတင်းပေးပို့တင်ပြနိုင်ရေး၊
ရှမ်းမျိုးနွယ်စုများအချင်းချင်း အပြန်အလှန်ဆက်သွယ်ကြရန် နည်းလမ်းများအား အကျယ်တ၀င့်ရှင်းလင်းပြောကြားကာ ဆွေးနွေးခဲ့ကြသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း)အဖွဲ့အနေဖြင့် မိုးကောင်းမြို့နယ်
နတ်ကြီးကုန်းရပ်ကွက် ရှမ်းပိုင်းမှ KIO ဆိုင်းဒါတိုက်နယ်မှူးရုံး၏ ဆင့်ခေါ်စာပါ
ဆက်ကြေးမပေးသူမျာားအား သတ်ပစ်မည်ဆိုသည့်ကိစ္စနှင့် ပါတ်သက်၍ ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ 

ကေအိုင်အေအဖွဲ့သည် အစိုးရနှင့်တပ်မတော်မှ ငြိမ်းချမ်းရေးအတွက်ရှေးရှူကာ အပစ်အခတ်ရပ်စဲထားသည့်ကာလတွင် ဒေသခံများအပေါ် အတင်းအကြပ် လူသစ်စုဆေင်းခြင်း၊ ဆက်ကြေးများကောက်ခံခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ပြုလုပ်နေမှုများကြောင့်
 ပြည်တွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများက ပြင်းထန်စွာ ရှုံ့ချကန့်ကွက်နေသည့်အပြင် 
 နိုင်ငံတကာမှလည်း KIA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သတိထားစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။


 မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက် ရှမ်းပိုင်းမှ KIO ဆိုင်းဒါတိုက်နယ်မှူးရုံး၏ ဆင့်ခေါ်စာနှင့်ပါတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း)၏ သဘောထားထုတ်ပြန်ချက်


၁။ KIO တိုက်နယ်အုပ်ချုပ်ရေးရုံးမှ ဆိုင်းဒါးတိုက်နယ် အထွေထွေအုပ်ချုပ်ရေးရုံး မိုးကောင်းချောင်း၏ ငွေကြေးကိစ္စရပ်များနှင့်ပါတ်သက်ပြီး ဆင့်ခေါ်ခြင်းကိစ္စအား ပြင်းထန်စွာ ကန့်ကွက်ပါသည်။

၂။ ၂၁၀၃ အောက်တိုဘာလ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထုတ်ပြန်ချက်အား လူထုအတွင်း ကျယ်ပြန့်စွာသိရှိနိုင်ရေးနှင့် KIO/KIAတို့၏ လက်အောက်ခံဌာနအသီးသီးမှ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရေးအား တိကျစွာ ဆောင်ရွက်ရန်

၃။ တောင်းခံထားသည့်ဆက်ကြေးငွေများ မပေးသည့်အတွက် ပေးပို့စာတွင်ပါရှိသော သတိပေးစာပိုဒ်နှင့်အညီ တုန့်ပြန်ဆောင်ရွက်လာပါက ထိရောက်စွာအရေးယူနိုင်ရေး ငြိမ်းချမ်းရေးကော်မတီသို့ အကြောင်းကြားပေးရန်

၎။ ငွေကြေးတောင်းခံစာပေးပို့သူများအား  အမှန်တကယ် ရှိမရှိ KIO ရုံး (T-A-T)သို့ အသိပေးအကြောင်းကြားထားရန်

၅။ ငွေကြေးတောင်းခံသူများ တစ်စုံတစ်ရာ ထိခိုက်မှုရှိပါက KIO ရုံး (T-A-T)တို့မှ
မိမိတို့အဖွဲ့နှင့်ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပေးရန်

၆။ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်နေစဉ်ကာလအတွင်းတပ်မတော်မှ ပြောကြားထားသည့်
 ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရေးဆိုသည့်အချက်ကို လေးစားလိုက်နာဆောင်ရွက်ရန်

















0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်