Subscribe to our RSS Feed

အချိုးကျကိုယ်စားပြုရေး ထင်သလောက်မရှူပ်ထွေး (Proportional Representation explained) (အပိုင်း - ဂ)

From : .. SMM

Open Party List system

Closed party list system သည်အမတ်များကိုပါတီကချပေးသည့်ပုံစံသည် FPTP ၏လူကိုအဓိကပြုရွေးချယ်သည့်အချက်နှင့်ယှဉ်လျှင်တပမ်းရှူံးနေသဖြင့်ထိုအချက်ကိုဖြည့်ဆီးသည့်အနေဖြင့် Open party list systemကိုအသုံးပြုလာကြသည်။ အောက်တွင် Open List system အသုံးပြုမည့်မြဲပား (နမူနာ) ကိုဖေါ်ပြထားသည်။

ဤနည်းတွင်ကိုယ်မဲထည့်မည့်ပါတီအမည်အောက်တည့်တည့်ရှိကော်လံကိုဦးစွာရွေး၍ -ထိုကော်လံအတွင်း
ထက်အောက်ဒေါင်လိုက်ဖေါ်ပြထားသောကိုယ်စားလှယ်လောင်းများ၏အမည်များတည့်တည့်ရှိလေးဒေါင့်ကွက်
ငယ် (box) ကလေးများအတွင်းမိမိပထမအကြိုက်ဆုံးလူကို (၁) - ဒုတိယအကြိုက်ဆုံးလူကို (၂) -တတိယအကြိုက်ဆုံးလူကို (၃) စသည်ဖြင့်ပေးထားသောအမည် အားလုံးကိုအမှတ်စဉ် တပ်ပေးသွားရန်ဖြစ်သည်။


မဲဆန္ဒရှင်သည်မဲတစ်ပြားတည်းဖြင့်ပါတီကိုရောအမတ်လောင်းများအားလုံးကိုပါမေဲ ပးနိုင်တာထူးခြားသည်။
Open list မဲပြားက Closed list ထက်သာလွန်ချက် (improvement) မှာပါတီကချပေးသောအမတ်လောင်း
များအမည်ဘေးတွင်ဦးစားပေးအစီအစဉ်နံပါတ်များမပါတော့ဘဲမဲဆန္ဒရှင်များကိုဖြည့်ခွင့်ပေးထားသဖြင့်မိမိ တို့ ကြိုက်သောသူကိုရွေးချယ်ဘို့ အခွင့်အလမ်းပိုပွင့်သွားခြင်းဖြစ်သည်။


မဲတစ်မဲထည်းနှင့်ပါတီနှင့်တကွအမတ်လောင်း အများအပြားကိုလည်းရွေးချယ်ခွင့်ရှိလာသည်။

[ဤနည်းသည်မဲပေးသူကပိုကြိုက်နိုင်သော်လည်းရွေးကောက်ပွဲကော်မရှင်အတွက်မူ- မဲပြားများကိုမဲဆန္ဒရှင်များပေးထားသောဦးစားပေးအစီအစဉ် (preferences) အလိုက်ပြန်စီစဉ်တွက်ချက်ရသဖြင့်အလုပ်ရှူပ်သည်]


သို့ ရာတွင် Open list system အရကိုယ်စားလှယ်လောင်းများကိုအုပ်စုထည်းတွင်ဦးစားပေးအစီအစဉ်ဖြင့်ဆန္ဒ
ပြု ခွင့်ရှိသည့်တိုင်အောင်ပင် FPTP ၏တစ်ဦးတည်းရွေးစံနစ်အရ (single member constituency) တွင်မဲ ဆန္ဒ


ရှင်ကမိမိနှစ်သက်ရာလူကိုအမည်တပ်၍တိုက်ရိုက်မဲပေးရွေးချယ်နိုင်ခြင်းကြောင့်ဖြစ်ပေါ်လာသောပြည်သူနှင့်
ကိုယ်စားလှယ်နီးစပ်မှု (close constituency tie) ကိုမယှဉ်နိုင်ဖြစ်နေပြန်သေးသည်။ဤသို့ ဖြင့်တတိယမြောက်PR နည်းစံနစ်ဖြစ်သော နှစ်မျိုးရော အချိုးကျစံနစ် (Mixed Member Proportional - MMP) ကိုတဆင့်တက်၍
တီထွင်လာကြပြန်သည်။ MMP စံနစ်သည်အချိုးကျခြင်းအနှစ်သာရကိုဆက်လက်၍အဓိကထားသောကြောင့်
PR စံနစ်ဟုသတ်မှတ်နိုင်သော်လည်း FPTP ၏တိုက်ရိုက်ရွေးခြင်းနည်းကိုပါထည့်သုံး၍အများအားဖြင့်အားဖြင့်
လွှတ်တော် (Legislature) ၏အမတ်ဦးရေတဝက်လောက်ကိုရွေးချယ်ကာကျန်တစ်ဝက်လောက်ကိုမူလအတိုင်း
ပါတီ list system အရ ရာခိုင်နှူံးအချိုးအစားပြည့်မှီအောင်ပါတီက ကြိုတင်ပြုစုထာသောစာရင်းထည်းမှဖြည့်ယူသည်။ MMP နည်းအရစီစဉ်ထားသောအောက်ပါဥပမာမဲပြားကိုလေ့လာလျှင်ပိုရှင်းပါသည်။


ဤမဲပြားတွင်လက်ဝဲဘက်အခြမ်းသည် FPTP နည်းကိုသုံး၍လူပုဂ္ဂိုလ်ကိုမဲပေးတာဖြစ်သည်။ အောက်ဆုံး
အကြောင်း (write in) သည်စာရင်းတွင်မပါသူမိမိကြိက်ရာလူကိုတသီးပုဂ္ဂလအမတ်အဖြစ်အဆိုပြုရန်ဖြစ်သည်။
မဲပြား၏ယာဘက်အခြမ်းသည် ပါတီကိုမဲပေးရန်ဖြစ်သည်။ (MMP အရပါတီကိုမေဲ ပးရာတွင်ပါတီက closed list နည်းဖြင့်စီစဉ်ထားသောအမတ်လောင်းများကိုပါမဲပေးခြင်းဖြစ်သည်)။


ဤယာဘက်အခြမ်းကရသောထိုပါတီ၏တနိုင်ငံလုံးစုစုပေါင်းရမဲသည်တနိုင်ငံလုံးကပါတီအားလုံးသို့ မဲထည့် ကြသောအတည်ပြုမဲစုစုပေါင်း၏ရာခိုင်နှူံးမည်မျှဖြစ်သည်ကိုတွက်ရန်ဖြစ်သည်။ ထိုရာခိုင်နှူံးအတိုင်းလွှတ်တော်အတွင်းရှိသောအမတ်နေရာအားလုံးအချိုးကျအတိုင်းဝေခွဲရန်ဖြစ်သည်။ ဥပမာပါတီ A သည်ရွေး ကောက်ပွဲ ဝင်ပါတီအားလုံးသို့ ထည့်ကြသောမဲစုစုပေါင်း၏ ၄ဝ% ကိုရသည်ဆိုပါလျှင်၎င်းပါတီသည်လွှတ်တော်တွင်ရှိ သောအမတ်နေရာအားလုံး၏ ၄ဝ % ကိုရရှိမည်။ ထို့ နောက်လက်ဝဲဘက်ခြမ်းမှ FPTP စံနစ်အရအနိုင်ရပြီးသား အမတ်နေရာများကိုရာခိုင်နှူံးအရထိုက်သင့်သော အမတ်နေရာစုစုပေါင်းထည်းမှနှုတ်ပြီးကျန်အရည်အတွက်ကိုပါတီ
ကကြိုတင်ပြုစုပြီးမဲပြားပေါ်တွင်တင်ပြထားသောအမတ်စာရင်းထည်းမှအမတ်လောင်းများဖြင့်ဖြည့်စွက်မည်ဖြစ်
သည်။


ဥပမာ FPTP ဖြင့်တိုက်ရိုက်ရွေးအမတ်ဦးရေ ၂၈ ဦးနိုင်ထားသောပါတီသည်အချိုးကျစံနစ်အရရာခိုင်နှူံးသင့်
ထားသောအမတ်ဦးရေစုစုပေါင်း ၄ဝ ရသင့်သည်ဆိုပါက ထို ၄ဝ ထည်းမှ FPTP ၂၈ ဦးကိုနှူတ်၍ကျန် ၁၂ ဦးကိုပါတီကကြိုတင်ပြုစု၍မဲပြားပေါ်တွင် ရိုက်နှိပ်ပြထားသောအမတ်လောင်းများ ကိုပါတီ၏ဦးစားပေးအစီအစဉ်အ တိုင်းဖြင့်ဖြည့်စွက်ခန့် ထားပေးသွားမည်ဖြစ်သည်။ ဤနည်းဖြင့်အချိုးကျကိုယ်စားပြုအနှစ်သာရကိုဆက်လက် ထိမ်းသိမ်းလေသည်။


ထို့ ကြောင့်ဥပမာအားဖြင့်အမတ်နေရာအရည်အတွက် ၅ဝဝ ရှိသောလွတ်တော်တွင် ၄ဝ % အနိုင်ရထားသော ပါတီသည်အမတ်နေရာ ၂ဝဝ ရမည်ဖြစ်သည်။ အကယ်၍ထိုပါတီသည် FPTP အရတိုက်ရိုက်ရွေးအမတ် ၁၂၅ ယောက်ရှိနေပြီးဆိုပါစို့  - ထိုအခါကျန်သည့်အမတ်နေရာ ၇၅ နေရာကိုပါတီ၏စာရင်းထည်းမှဖြည့်စွက်၍အချိုး ကိုက်အောင်လုပ်ယူမည်ဖြစ်သည်။


တခါတရံဖြစ်တတ်သည်မှာပါတီတစ်ခုသည်ရွေးကောက်ပွဲ တစ်ခုတွင်အလွန်လူကြိုက်များ၍ မဲဆန္ဒနယ်တစ်ခု တွင် FPTP စံနစ်အရနေရာအများအပြားရွေးချယ်ခံထားရသည်။ သို့ မဟုတ်ထိုမဲဆန္ဒနယ်ရှိနေရာအားလုံးကိုအနိုင်ရထားသည်ဆိုပါစို့ ။ထို အခါမျိုးတွင်လက်ယာဘက်အခြမ်းရှိပါတီရမဲအလိုက်တွက်ယူသည့် တနိုင်ငံလုံး အတွက်ဖြစ်သောရာခိုင်နှုံးထက်ကျော်လွန်နေနိုင်သည်။

အထက်သုံးခဲ့သောပါတီ A ဥပမာတွင် FPTP အရအနိုင်ရအမတ်က ၂၈ ဦးသာရှိသည်။ အချိုးကျစံနစ်အရထို
မဲဆန္ဒနယ်တွင် ပါတီ A ရထိုက်သောစုစုပေါင်းအမတ်နေရာက ၄ဝ ဖြစ်နေသဖြင့် ၁၂ နေရာအပိုဆောင်းထပ် ၍ရသည်ကိုတွေ့ ခဲ့ရသည်။ ယခုကြုံရသည့်အခြေအနေမှာပါတီ A ကိုထိုမဲဆန္ဒနယ်တွင်လူကြိုက်အလွန်များ နေသဖြင့် ၂၈ နေရာမဟုတ်ဘဲထိုမဲဆန္ဒနယ်ရှိ ၄၂ နေရာစလုံးတွင် FPTP ဖြင့်ပင်အနိုင်ရကြသည်ဆိုပါစို့ ။

ထိုအခါ တနိုင်ငံလုံးရသင့်သည့်ရာခိုင်နှူံးထက် ၂ နေရာပိုနေသည်ကိုတွေ့ ရမည်။ ထိုအပို ၂နေရာကို Overhang seats ဟုခေါ်သည်။ ပုံမှန်အခြေအနေတွင်ဤသို့ ဖြစ်လေ့ဖြစ်ထမရှိပါ။ အလွန်ထူးခြားသောအခြေအနေ၌ သာရှားရှားပါးပါးဖြစ်တတ်သည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်