Subscribe to our RSS Feed

မနက်ဖြန် သြဂုတ်လ ၃၁ ရက် ၁၄ နာရီ ABSDF မြောက်ပိုင်းလူသတ်မှု တရားခံ နိုင်အောင် ရန်ကုန်လေဆိပ်ရောက်မည်.. ကျောင်းသားအရေးလှုပ်ရှားသူများ သူများ ဘာလုပ်ကြမှာလဲ


မနက်ဖြန် သြဂုတ်လ ၃၁ ရက် နေ့၊ နေ့လည် (၂) နာရီ မှာ ABSDF မြောက်ပိုင်းလူသတ်မှု တရားခံ နိုင်အောင် ဟာ ရန်ကုန်လေဆိပ်ရောက်မည်ဖြစ်ပြီး၊ ရက်ရက်စက်စက် အသတ်ခံရသူ ကျောင်းသားများအတွက် ယနေ့ ကျောင်းသားအရေးလှုပ်ရှားသူများ၊ ကျောင်းသားခေါင်းဆောင်များ၊ ကျောင်းသားသမ္မဂ္ဂဖော်ဆောင်ရေး အဖွဲ့များ (အထက်မြန်မာပြည်၊ အောက်မြန်မာပြည်) ၊ တံတားနီ များ၊ တံတားဖြူများ၊ ခွပ်ဒေါင်းများ ဘာလုပ်ကြမလဲဆိုတာ လူထုက စိတ်ဝင်စားလျှက် ရှိကြောင်း သတင်းရရှိပါတယ်။

ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပါတယ်။

မြောက်ပိုင်း ကိုယ်စားလှယ် အဖြစ် ဗဟိုညီလာခံ လာရောက်တတ်ရောက်စဉ် ဒေါက်တာနိုင်အောင့် အမိန့်ဖြင့် ဗဟိုတွင် ဖမ်းဆီးနှိပ်ဆက်ခံရသူ
ကိုစိုးလင်း မှ

"မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့က ကျွန်တော့်ကို ဖမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင်ရဲ့ ခွင့်ပြုချက်နဲ့ပဲ လုပ်ခဲ့ကြတာပါ။ ကိုနိုင်အောင့် ရှင်းလင်းချက်မှာ ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ (ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲ ရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့လူမဟုတ်တဲ့ အကြောင်း အတန်တန် ငြင်းဆိုခဲ့ပါတယ်။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ။"

လို့ ပြောဆိုထားသလို

အာဏာလုဖက် မိုးသီးဇွန်ကလည်း ကျောင်းသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုက ဒေါက်တာနိုင်အောင် အပေါ်မှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောဆိုထားပါတယ်။





ပြည်တွင်းမှ ကျောင်းသားခေါင်းဆောင်များ၊ ကျောင်းသားအရေး လှုပ်ရှားသူများကတော့ မြောက်ပိုင်းလှုပ်ရှားမှုမှာ သေဆုံးသွားတဲ့ ကျောင်းသားများအတွက် တစုံတရာ တုန့်ပြန် ကိုယ်ချင်းစားမှု အရိပ်အယောင် မပြခဲ့သလို တရားခံကို ဖော်ထုတ်ခြင်း၊ အရေးယူခြင်း မရှိတဲ့အပြင် ကြိုဆိုဖို့တောင် ပြင်ဆင်နေကြောင်း သိရပါတယ်။

ABSDF ၏ အရှုတ်တော်ပုံများနဲ့ ရက်စက်မှုများကို http://www.myanmarexpress.net/search/label/%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7%20ABSDF တွင် ဖတ်ရှုနိုင်ပါတယ်။


Myanmar Express

2 comments:

ဒီကောင်တွေလက်ထဲတိုင်းပြည်ကျရင်တော့
ငါးပါးမက အပါး၁၀၀မှောက်မယ်
သတိရှိကြပါ

မင်းကိုနိုင်တို့ ကိုကိုကြီး တို့ဘယ်သွားသေနေကြတာလဲ
၈၈မျိုးဆက်ကျောင်းသားဆို မတရားအသတ်ခံရတဲ့ထွန်း
အောင်ကျော်ကိုလဲသိတယ်ဆို ဖော်ထုတ်လေ မဆိုင်တဲ့
လယ်ယာတွေကိုအသာထား ကိုယ့်ချင်းသတ်ဖြတ်တာကို
ပြောလေ ဖော်ထုတ်လေ ဘာလဲ ဟိုကောင်ကသန်းကြွယ်
သူဌေးဖြစ်နေပြီဆိုတော့ဒီကောင်ပြည်ဝင်လာရင် မင်းတို့
ကပ်စားရအောင်အမှန် မဖော်ကြဘဲညိမ်နေကြတာလား
အမှန်တရားကိုလိုလားတယ်ဆိုတဲ့ကောင်တွေရဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်