Subscribe to our RSS Feed

ကြွေးမြီပြဿနာဖြေရှင်းနိုင်ရေး သမိုင်းဝင် ကျွန်းဆွယ်အချို့ ရောင်းချသွားရန် ဂရိနိုင်ငံစီစဉ် လျက်ရှိ


ဂရိနိုင်ငံသည် ၎င်းတို့အပေါ်တင်ရှိ နေသည့် ကြွေးမြီများကို ပြန်လည် ပေးချေနိုင်ရေးအတွက် နိုင်ငံအတွင်းရှိ သမိုင်းဝင် ကျွန်းဆွယ်အချို့နှင့် ကမ်းရိုးတန်းအချို့တို့ကို ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Photo: ကြွေးမြီပြဿနာဖြေရှင်းနိုင်ရေး သမိုင်းဝင် ကျွန်းဆွယ်အချို့ ရောင်းချသွားရန် ဂရိနိုင်ငံစီစဉ် လျက်ရှိ  အေသင် သြဂုတ် ၂၄  ဂရိနိုင်ငံသည် ၎င်းတို့အပေါ်တင်ရှိ နေသည့် ကြွေးမြီများကို ပြန်လည် ပေးချေနိုင်ရေးအတွက်   နိုင်ငံအတွင်းရှိ သမိုင်းဝင် ကျွန်းဆွယ်အချို့နှင့် ကမ်းရိုးတန်းအချို့တို့ကို  ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း   သိရသည်။ ဂရိဝန်ကြီးချုပ် အန်တိုနစ်ဆာမာ ရက်စ်သည် နိုင်ငံအတွင်း သုံးနှစ်ကြာ ဖြစ်ပွားလျက်ရှိသော ကြွေးမြီပြဿနာ များကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံပိုင်ကျွန်းများနှင့် ကမ်းရိုးတန်းတို့ကို ရောင်းချရေးကဲ့သို့သော သာမန်မဟုတ်သည့်   အဆိုပြုချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂရိနိုင်ငံသည် ကျွန်းပေါင်း ၆ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး  ကြွေးမြီပြဿနာ ဖြေရှင်းနိုင် ရေးအတွက် အမှန်တကယ် ရောင်းချခဲ့မည်ဆိုပါက နိုင်ငံ၏ သမိုင်းဝင်ကမ်းရိုး တန်းတစ်ခုဖြစ်သော အက်တီကာ ကမ်းရိုးတန်း၊ လူမနေထိုင်သည့် ကျွန်းများ အပါအဝင် ရထားလမ်းများ၊ လေဆိပ်တို့ကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းရောင်းချ သွားမည်ဟု သိရသည်။ နိုင်ငံအပေါ် တင်ရှိနေသော ကြွေးမြီ စတာလင်ပေါင် ၁၈၈ ဘီလီယံကို ပြန်ပေးချေနိုင်ရေး အတွက် ယူရိုဇုန် အတွင်းရှိ ချမ်းသာကြွယ်ဝသည့်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေး နိုင်ရန်အတွက် ဝန်ကြီးချုပ် အန်တိုနစ် အနေဖြင့် ကြိုးစားလျက် ရှိကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်