Subscribe to our RSS Feed

အိုဘားမားမှ အမေရိကန်တာဝန်ရှိသူများ သမ္မတကြီးဦးသိန်းစိန် နှင့် တွေ့ဆုံဆွေးနွေးစေချင်သဖြင့် ဦးသိန်းစိန် လာခါနီး ဗီဇာပိတ်ထားခြင်းကို အရေးပေါ်ရုတ်သိမ်း


အမေရိကန် သမ္မတ အိုဘားမားမှ အမေရိကန်တာဝန်ရှိသူများ သမ္မတကြီး ဦးသိန်းစိန် နှင့် တွေ့ဆုံဆွေးနွေးစေချင်သဖြင့် ဦးသိန်းစိန် လာခါနီး ဗီဇာပိတ်ထားခြင်းကို အရေးပေါ်ရုတ်သိမ်း လိုက်ကြောင်း သတင်းရရှိပါတယ်။

သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ တွင် ကုလသမဂ္ဂအထွေထွေညီ လာခံတက်ရောက်ရန် အမေရိ ကန်နိုင်ငံ နယူးယောက်မြို့သို့သွား ရောက်မည်ဖြစ်ပြီး၊ အမေရိကန်မှ အစိုးအဖွဲ့ တာဝန်ရှိသူများသာ မက ကွန်ဂရက်လွှတ်တော် အမတ်များကပါ မြန်မာသမ္မတကြီးနဲ့ တွေ့ဆုံ ဆွေးနွေးလိုခြင်းကြောင့် မြန်မာ အစိုးရအပေါ် ချမှတ်ထားသည့် ဗီဇာပိတ်ပင်မှုအား သမ္မတ အိုဘားမားမှ အရေးပေါ် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ Tommy Vietor က "သမ္မတအိုဘားမားအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသမ္မတနဲ့ မြန်မာအစိုးရတို့နဲ့ ပိုမိုပြီး ထိတွေ့ဆက်ဆံသွားလိုတဲ့ သဘောထားကို ထုတ်ဖော်ပြ သလိုက်ခြင်း ဖြစ်တယ်" လို့ ပြောကြားခဲ့သည်။

ယခုနှစ် အတွင်း မြန်မာသမ္မတကြီး ဦးသိန်းစိန်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူများက အမြဲ ချီးကျူး ဂုဏ်ပြု ပြောကြားလျှက်ရှိပြီး မိန့်ခွန်းပြောတိုင်းလည်း ဦးသိန်းစိန်၏ ထူးချွန်မှုကို ထည့်ပြောခဲ့သည့်အပြင် အခြားနိုင်ငံခေါင်းဆောင်များအနေဖြင့် သမ္မတကြီး ဦးသိန်းစိန်ကို အတုယူရန်လည်း အမြဲပြောဆိုခဲ့သည်။


၂၀၁၂ ခုနှစ် အတွင်းမှာပင် အမေရိကန်မှ မြန်မာနိုင်ငံကို ချဥ်းကပ်မှု အကြီးအကျယ်လုပ်ခဲ့ပြီး သံအမတ် ခန့်အပ်ခဲ့ခြင်း၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရိကလင်တန်အား စေလွှတ်ခြင်း နှင့် ပိတ်ဆို့မှုများကို ရုတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်