Subscribe to our RSS Feed

ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်း၊ ဦးခင်မောင်မြင့် နှင့် ဦးလွန်းမောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြု


နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၂၃/၂၀၁၂)

အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ရာထူးမှနှုတ်ထွက်ခွင့် ပြုလိုက်သည်-
(၁) ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
(၂) ဦးဇော်မင်း လျှပ်စစ်(၁) ၀န်ကြီးဌာန



နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၂၄/၂၀၁၂)

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်အား ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၅/၂၀၁၂)

ဒုတိယ၀န်ကြီး ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ပြောင်းလဲတာဝန် ပေးလိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်



Myanmar Express

3 comments:

သမတကြီးခင်ဗျား. မှန်ကန်သောလုပ်ရပ်ဖြစ်ပါတယ်၊ သမတကြီးရဲ့နေက်မှာ ပြည်သူတရပ်လုံး ရှိပါတယ်၊ ပြတ်ပြတ်သားသား သာလုပ်ပါ။

ဆောက်လုပ်ရေးဝန်ကြီးရဲ့လမ်းများကောင်းမွန်ရေးဆိုတဲ့ယူဆချက်ကိုတော့လက်ခံပါတယ်။ဒါပေမဲ့ ၆ ဘီးတွေကိုတော့ vic တွေ wheeltex တွေ အထိလိုက်ပြီးကြပ်တာမှားသွားတယ်။အဲဒီဆုံးဖြတ်ချက်ကနိုင်ငံတော်အတွက်တစ်လကိုဒီဇယ်ဂါလံနှစ်သ်န်းအထက်နစ်နာစေခဲ့ပါတယ်။တစ်ဂါလံကို ၃၀၀၀ကျပ်ဆိုရင်တစ်လသိန်းပေါင်း ၆ထောင်ကျော် ၂ နှစ်ဆိုတော့ ၁၅ ဘီလီယံလောက် နစ်နာခဲ့ပါတယ်။ ယာဉ်ပိုင်ရှင်တွေကပိုပြီးနာခဲ့သလို ပြည်သူတွေကအနာဆုံးပေါ့။ ဒါကြောင့် သမ္မတကြီးရဲ့ဆုံးဖြတ်ချက်ကိုပြည်သူတွေကကြိုဆိုကြတာပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်