Subscribe to our RSS Feed

လေယာဉ်ပျံသန်းစဉ် အီလက်ထရောနစ် ပစ္စည်းများ အသုံးပြုနိုင်ရန် FAA မှလေ့လာ


From : .MRTV4

အမေရိကန်ပြည်ထောင်စုရှိ လေကြောင်း စီမံကွပ်ကဲရေး အဖွဲ့အစည်း FAA ဟာ ခရီးသည်တွေကို လေယာဉ် စီးနင်းချိန်အတွင်း၎င်းတို့ရဲ့ i-Pad နဲ့ အခြားအီလက်ထရောနစ် ပစ္စည်းတွေကို အသုံးပြုနိုင်ဖို့ စမ်းသပ် လေ့လာသွားမယ်လို့ သိရပါတယ်။ အဆိုပါ လေ့လာမှုကို ၂၀၁၃ခုနှစ်၊ မတ်လအထိ အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး လေ့လာချိန်ကာလဟာ ပိုမိုရှည်ကြာနိုင်ကြောင်း တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ခရီးသည်တွေဟာ ၎င်းတို့ရဲ့ စမတ်ဖုန်း၊ Tablet ကွန်ပျူတာ အစရှိတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို လေယာဉ်ပေါ် သယ်ဆောင်ခွင့်ရပေမယ့် အမြင့်ပေ၊ ပေ တစ်သောင်းအောက်မှာ လေယာဉ်ပျံသန်းနေစဉ် လေယာဉ် မောင်းသူတွေရဲ့ အချက်ပြ မောင်းနှင်မှုတွေကို အနှောင့်အယှက် မဖြစ်စေဖို့ ၎င်းတို့ရဲ့ အီလက်ထရော နစ်ပစ္စည်းတွေကို ပိတ်ထားရပါတယ်။

ယခု FAA ရဲ့ လေ့လာမှုမှာတော့ ခရီးသည်တွေရဲ့ အီလက်ထရောနစ် ပစ္စည်းတွေဟာ လေယာဉ်ရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာတွေမှာ အဟန့်အတား အနှောင့်အယှက် မဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အဲ့ဒီလိုလေ့လာနိုင်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမှာ ဖြစ်ပြီး အဆိုပါ အဖွဲ့မှာ မိုဘိုင်းနည်းပညာ ကုမ္ပဏီများ၊ လေယာဉ် ထုတ်လုပ်သူများ၊ လေယာဉ်မှူးများ၊ လေယာဉ်အမှုထမ်းများ၊ လေကြောင်းလိုင်းများနဲ့ ခရီးသည်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်