Subscribe to our RSS Feed

ပြည်ထောင်စုအဆင့် နှင့် ခုံရုံး ကိစ္စ ဆွေးနွေးမှု ဒေါ်စု ပါဝင်ဆွေးနွေးသော်လည်း ခုံရုံးကိစ္စ၊ ပြည်ထောင်စု အဆင့်ကိစ္စ အကြောင်း မပြောပဲ မဆိုင်တာလျှောက်ပြော


“နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဟာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်ပြီး မှားယွင်း ဆောင်ရွက် ခဲ့မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန်” အဆိုကို နေပြည် တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည်လည်း အားကျမခံ မက်တက်ရပ် ဆွေးနွေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေထဲမှာ ခုံရုံး က များယွင်း သည်/ မမှားယွင်းသည်၊ မည်သို့လုပ်ဆောင်လျှင် ပိုကောင်းသည်၊ မည်သို့မလုပ်ဆောင်သင့် ဆိုပြီး အချက်နှင့် အလက်နှင့် သက်သေ သာဓက နှင့် အဖြေထွက်မယ့် အကြောင်းကို မဆွေးနွေးနိုင်ပဲ ခေါင်းစဉ်နဲ့ မဆိုင်တာတွေ လျှောက်ပြောခဲ့လို့ လွှတ်တော်အမတ်များက စိတ်ပျက်သွားကြကြောင်း သတင်းရရှိပါတယ်။

ခုံရုံးပြဿနာနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး က ဆွေးနွေးခဲ့ကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်မှ လွဲပြီး အခြား လွှတ်တော်အမတ်အားလုံးက အဘယ်ကြောင့် ကြေညာချက်ထုတ်သင့်ကြောင်း၊ ဥပဒေ ပုဒ်မ ဘယ်လောက်မှာ ဘယ်လိုရေးထားကြောင်း၊ ဘယ်လို သာဓက ကြောင့် ဒီလိုဖြစ်သင့်ကြောင်း.. စသည်ဖြင့် အထောက်အထားများနဲ့ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အထူးသဖြင့် ဥပဒေ ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူတွေ အများအပြာ ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေ အကြောင်းလည်း မပါ၊ ခုံရုံးအကြောင်းလည်း မပါ၊ လုပ်သင့် မလုပ်သင့် ဆွေးနွေးတာလည်း မဟုတ်ပဲ

"" အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။ စိတ်ပျက်စရာ မလိုပါဘူး၊
ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရင် နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်မှာပါ""

ဆိုပြီး အချက်အလက်နဲ့ ဆွေးနွေးသူတွေကို ကိုယ်တိုင် ထောက်ပြ မဆွေးနွေးနိုင်ပဲ ဝင်ပြီး ဆရာလုပ်သွားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ် ပြောဆိုမှုကြောင့် ဥပဒေအကြောင်း ဆွေးနွေးသူတွေဟာ ခေါင်းစဉ်ပျောက်သွားလို့ အစ ကနေ ပြန်ဆွေးနွေးခဲ့ရကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တော်တော် စိတ်ပျက်သွားကြကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးစဉ်မှာလည်း ဘယ်သူမှ စိတ်ဝင်တစား နားမထောင်တော့ဘူးလို့ သိရပါတယ်။ အချို့လွှတ်တော်အမတ်များဆိုလျှင် နောက်ရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမယ်ဆိုလျှင် လွှတ်တော်ကို ခွင့်ယူမယ်လို့ ပြောဆိုမှုတွေ ရှိကြောင်း သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးချက်တွေကို အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြန်လည် ရှင်းလင်းပြီးနောက် ဒီအဆိုကို ထောက်ခံမဲ ၄၄၇ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲနဲ့ လွှတ်တော်က အတည်ပြု လိုက်တယ်လို့ သိရပါတယ်။

Myanmar Express

4 comments:

Aung san suu kyi is piece of shit.doesnt really dont know political. she's just want to be popular.

"" အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။ စိတ်ပျက်စရာ မလိုပါဘူး၊ ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရင် နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်မှာပါ""
<<<<,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, အထက်ပါ စကားစုလေးက တကယ်ဆို လွှတ်တော်ထဲမှာ ပြောရမဲ့ စကား မဟုတ်ဘူးးး လွှတ်တော် အမတ်တွေဟာ ဥပဒေတွေနဲ့ ပတ်သတ်ပီး တင်ပြဆွေးနွေကြတယ်ဆို ဒီလိုပဲလေ.. အညင်းအခုံ စြေ်ကြတာ မဟုတ်ဘူးး ဒေးစု စကားက မြောက်ပေးသလို ဖြစ်နေတယ်.. နောက်ပီး ဒီစကားက လွှတ်တော်နဲ့ မတန်ဘူးး.. လမ်းဘေးမှာ စင်ထိုးပီး ပြောနေကြ ဒေါ်စု စကား လမ်းဘေး စင်ထိုး အဆင့်ပါ.. နောက်နေ့ လွှတ်တော် ထဲတော့ အဲ့လို လမ်းဘေး စင်ထိုး စကားတွေ မပြောမိအောင် လွှတ်တော် အမတ်တွေက ၀ိုင်းဝန်းပီး ဒေါ်စုကို ထိန်းပေးကြပါလို့.. ထိန်းနေတဲ့ ကြားက သူက ပောချင် သပါ့ဆို၇င်လဲ လွှတ်တော်၇ဲ့ အနီးမြေကွက်လွှတ် တခုမှာ စင်လေး တစင်လောက် လုပ်ပီး အဲ့မှာ တယောက်ထဲ ပေးအြောလိုက်ကြပါ .. သူ့မှာလဲ ပြောချင်လွန်းလို့ ထပီး ပြောလိုက်ပြန်တော့လဲ သံလမ်း တခြား ဘီး တခြား ဖြစ်နေတယ်...

"" အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။ စိတ်ပျက်စရာ မလိုပါဘူး၊ ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရင် နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်မှာပါ""
<<<<,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, အထက်ပါ စကားစုလေးက တကယ်ဆို လွှတ်တော်ထဲမှာ ပြောရမဲ့ စကား မဟုတ်ဘူးးး လွှတ်တော် အမတ်တွေဟာ ဥပဒေတွေနဲ့ ပတ်သတ်ပီး တင်ပြဆွေးနွေကြတယ်ဆို ဒီလိုပဲလေ.. အညင်းအခုံ ဖြစ်ကြတာ မဟုတ်ဘူးး ဒေါး်စု စကားက မြောက်ပေးသလို ဖြစ်နေတယ်.. နောက်ပီး ဒီစကားက လွှတ်တော်နဲ့ မတန်ဘူးး.. လမ်းဘေးမှာ စင်ထိုးပီး ပြောနေကြ ဒေါ်စု စကား လမ်းဘေး စင်ထိုး အဆင့်ပါ.. နောက်နေ့ လွှတ်တော် ထဲတော့ အဲ့လို လမ်းဘေး စင်ထိုး စကားတွေ မပြောမိအောင် လွှတ်တော် အမတ်တွေက ၀ိုင်းဝန်းပီး ဒေါ်စုကို ထိန်းပေးကြပါလို့.. ထိန်းနေတဲ့ ကြားက သူက ပြောချင် သပါ့ဆို၇င်လဲ လွှတ်တော်၇ဲ့ အနီးမြေကွက်လွှတ် တခုမှာ စင်လေး တစင်လောက် လုပ်ပီး အဲ့မှာ တယောက်ထဲ ပေးပြောလိုက်ကြပါ .. သူ့မှာလဲ ပြောချင်လွန်းလို့ ထပီး ပြောလိုက်ပြန်တော့လဲ သံလမ်း တခြား ဘီး တခြား ဖြစ်နေတယ်...

Well, that is true, where she came from she has no experienced in manning or organizational leadership skills. She was just simply opportunist housewife. when we looked back to her speeches in the past just street level talks, most of the time.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်