Subscribe to our RSS Feed

ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကုလသမဂ္ဂ ၀န်ထမ်း ၃ ဦးကို ဘူးသီးတောင် တရားရုံးက စီရင်ချက် ချမှတ်


From : rfa

ရခိုင်ပြည်နယ် အကြမ်းဖက်ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကုလသမဂ္ဂ ၀န်ထမ်း ၃ ဦးကို ဘူးသီးတောင် တရားရုံးက စီရင်ချက် ချမှတ်လိုက်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးခွဲက ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးခွဲက ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းကို ကိုးကားပြီး အေပီ သတင်းတစ်ပုဒ်က ဖေါ်ပြရာမှာ အဆိုပါ ၀န်ထမ်းတွေဟာ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၂ ဦးနဲ့ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ၁ ဦးတို့ ပါဝင်ပြီး ၃ ဦးစလုံးဟာမြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေမှာ မီးရှို့တာ နဲ့ ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြား အမုန်းတရားတွေပြန့်နှံ့အောင် လှုံ့ဆော်ခဲ့မှုတွေနဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂ ၀န်ထမ်း စုစုပေါင်း ၁၂ ဦးမှာ ၆ ဦးက လွတ်မြောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

နယ်စီးမခြား ဆရာဝန်များအဖွဲ့ doctors without borders အဖွဲ့က ၀န်ထမ်း ၂ ဦး ၊ UNHCR ၀န်ထမ်း ၂ ဦး၊ ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WHO က ၀န်ထမ်း ၂ ဦး စုစုပေါင်း ၆ ဦးဟာ ဆက်လက် ထိမ်းသိန်း ခံထားရဆဲလို့ ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီအဖွဲ့တွေက ပြောဆိုခဲ့ပါတယ်။


Myanmar Express

1 comments:

yes , I agree with you.He is crazy.I don't know why he is working for UN.Take so-called-rohinjyas to UN.We will appreciate it.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်