Subscribe to our RSS Feed

နေပြည်တော် ရဲ ထောက်လှမ်းရေး အရာရှိတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြ


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိ တစ်ဦးဟာ မနေ့ညနေပိုင်းက မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

ရဲသတင်းထောက်များမှ တိုင်းပြည်နဲ့ လူမျိုးအတွက် နေ့မအား ညမနား အလုပ်လုပ်နေကြရပေမယ့် ရဲတပ်ဖွဲ့များအပေါ် မနာလိုမုန်းတီးသူများက မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ဝေဖန်အပြစ်တင်မှုများ လုပ်နေခြင်းကြောင့် ကိုယ့်ကိုယ့်ကို မီးရှို့ကာ ဆန္ဒပြသွားခြင်း ဖြစ်ကြောင်း နီးစပ်သူ တစ်ဦးမှ ပြောသည်။

အသေခံမီးရှို့ ဆန္ဒပြသွားသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့် ဆိုသူဖြစ်ပြီး၊ သူသေဆုံးမှုနဲ့ပက်သက်လို့ အခြား အသေးစိတ် အချက်အလက်တွေ ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ရဲစခန်းမှုး ရဲအုပ်ဦး ကျော်မြင့်က သတင်းထောက်များကိုပြောခဲ့သည်။

ရဲအုပ်ဝင်းမင်းသန့်ဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်း ရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇဘုရားဝင်း အတွင်းမှာ မီးလောင်ကျွမ်း သေဆုံးခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေက ပြောသည်။


အစိုးရသစ်လက်ထက်မှာ ဆန္ဒပြခွင့်ရတယ်ဆိုပြီး လိုတာမရတိုင်း ဆန္ဒပြသူ အများအပြေား ရှိခဲ့ပြီး ယခင် အစိုးရလက်ထက်ကလည်း ပြည်ပရောက် ပြည်တွင်းဖြစ် နိုင်ငံခြားသား များက ဟော်ဟစ်ဆဲဆို ဆန္ဒပြမှု များ ၊ နိုင်ငံတော် အလံကို မီးရှို့ ဆန္ဒပြခဲ့မှုများ ရှိခဲ့ပေမယ့် ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာ ခံပြီး မီးရှို့ ဆန္ဒပြမှု မျိုးကို ဘယ်သူမှ မလုပ်ရဲခဲ့ပေ။


သေဆုံးသူ ရဲအုပ် ဝင်းမင်းသန့်သည် ပြည်တွင်း၊ ပြည်ပရှိ ဟန်ရေးပြ အော်ဟစ် လမ်းလျှောက် ဆန္ဒပြသူများအားလုံး
(အထူးသဖြင့် အွန်လိုင်း သူရဲကောင်းများ) အတွက် အတုယူဖွယ် သူရဲကောင်းတစ်ဦးဖြစ်ပြီး နောက်ထပ် ပြည်သူ့အတွက် ကိုယ်ကျိုးစွန့် ဆန္ဒပြလိုသူ များအနေနဲ့ ယခုလို လုပ်ရဲဖို့လိုကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

Myanmar Express

2 comments:

N L D မှ လူ များ အဲ ဒီ လောက် ထိ အ နစ် နာ မ ခံ ရဲ ပါ

ကျန်တဲ့ရဲအုပ်တွေ၊ရဲတပ်သားတွေလည်းအဲဒီလိုအသေခံဆန္ဒပြကြပါ။ဟဲဟဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်