Subscribe to our RSS Feed

ပြည်ပရောက် ဒီမိုလုပ်စား နာမည်ပျက်စာရင်းဝင် ၂၀၈၂ ဦးကို ပယ်ဖျက်ပြီး


From : မြဝတီ

နိုင်ငံတော် အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင် လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများကိုလည်း အလေးထား အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ယခင်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင် ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများအပါအဝင် အချို့အား အကြောင်း အမျိုးမျိုး ကြောင့် အမည်မည်း စာရင်း (Black List) သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက် ထားရှိခဲ့ သော်လည်း ယခုအခါ ပြောင်းလဲ လာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ပေး မှုများ ဆောင်ရွက် ပေးလျက် ရှိသည်။

ယခင် သတ်မှတ်ထားသည့် အမည်မည်း စာရင်းဝင် စုစုပေါင်း (၆၁၆၅)ဦး ရှိသည့် အနက် ပြောင်းလဲလာသည့် မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး စုစုပေါင်း (၂ဝ၈၂)ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်၍ ဖြေလျော့ပေး လိုက်ကြောင်းနှင့် အမည်မည်း စာရင်းမှပယ်ဖျက် ခြင်းခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက် ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Express

4 comments:

မလာ စေနဲ ခွေတွေ ကို

Not allow those fucking guys who against the gov to make profits and shouting or barking from abroad.especially like Moe Thee, Aung Naing, Aung Htoo, Dr lun swe..ect.

အခုမြန်မာတွေ ကောင်စားတော့ မှလာခြင်ကြတယ်လား အရင်က ဒို့ပြည်တွင်းက လူတွေဆင်းရဲ နေတာာလှည့် ကြည့်ခဲ့လား မေးလိုက် ခွေးေးတွေကို ဟိုမှာသေလို့ သာကူးတွေ ကိုပြောပေးပါ

To Zaw Lwin အခုမြန်မာတွေ ကောင်စားတော့ မှလာခြင်ကြတယ်လား - Too early to say like that. Expection from insider is too high and still don't know how to bake a cake and don't want a baker from outside. My point is eat together, learn together to make a cake. Don't fight. Play nice. Give a chane whoever is capable from inside and outside.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်