Subscribe to our RSS Feed

ဘင်္ဂလားဒေ့ရှ်တွင် မြန်မာနိုင်ငံမှဝင်ရောက်လာသော ဘင်္ဂလီများကို ဘင်္ဂလားဒေ့ရှ်ပတ်စ်ပို့အတုဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးနေသော လူမှောင်ခိုဂိုဏ်းအား ဖမ


From : လေးဝတီ

၂၉-၈-၂၀၁၂ ရက်နေ့က မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိနေသော ဘင်္ဂလီအမျိုးသမီး မာဟ်မူးဒါအာက့်တာရ်၏ မိသားစုအပါအ၀င် လူစုစုပေါင်း ၁၆ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချာဟာဇာလာလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း လေးဝတီမှ သတင်းရရှိပါသည်။ အဆိုပါအမျိုးသမီးတို့မိသားစုမှာ လွန်ခဲ့သည့် ၂လခန့်ကတည်းက ဘင်္ဂလားဒေ့ရှ် တက္ကနာနယ်စပ်သို့ တရားမ၀င်ဝင်ရောက်လာခဲ့ပြီး လင်ယောင်္ကျားဖြစ်သူမှာ လွန်ခဲ့သည့် ၆ လခန့်က မလေးရှားနိုင်ငံသို့ထွက်ခွာသွားကြောင်း၊ သူမတို့မိသားစုအား ဖမ်းဆီးမိသည့်အချိန်တွင် သူမကိုင်ဆောင်ထားသည့် ပတ်စ်ပို့စာအုပ်တွင် နေရပ်လိပ်စာကို မွိုင်မမ်းရှိမ်းမှဟု ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း သတင်းများက ဖော်ပြသွားပါသည်။ သူမနှင့်အတူဖမ်းဆီးမိသောသူများ၏ ပတ်စ်ပို့များတွင်လည်း နေရပ်လိပ်စာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒေသအမျိုးမျိုးဖြင့် ဖော်ပြထားကြောင်း တွေ့ရှိရသည်။

"ကျွန်မတို့အနေနဲ့ အဲဒီပတ်စ်ပို့ကို အတုလား အစစ်လား မသိပါဘူး။ မလေးရှားကို အလုပ်လုပ်ဖို့ပို့ပေးမယ်ပြောပြီး ပွဲစားကငွေအများကြီး တောင်းသွားပါတယ်" ဟု အဆိုပါအမျိုးသမီးက ပြောပါသည်။

အဆိုပါလူမှောင်ခိုဂိုဏ်းမှ ပွဲစားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်များကို ဓာတ်ပုံကတ်ခွာပြုလုပ်ပြီး တစ်ဦးလျှင် တာကာငွေ သိန်းဂဏန်းခန့်ရယူကာ မြန်မာနိုင်ငံမှ ဘင်္ဂလီများကို မလေးရှား၊စင်္ကာပူစသည့် နိုင်ငံများသို့ အမြောက်အမြားပို့ပေးလျက်ရှိကြောင်း၊ ယခုလေဆိပ်တွင်ဖမ်းဆီးမိသော ဘင်္ဂလီများကို လူမှောင်ခိုကူးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစား ၆ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ လက်ပူးလက်ကြပ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

အထက်ပါသတင်းအား အတည်ပြုရန်အတွက် ချာဟာဇာလာလ် လေဆိပ်တာဝန်ခံ ရဲမှူးကြီး အေဟိုးတေချာမူဟောက့် ကိုလေးဝတီက ဆက်သွယ်မေးမြန်းသည့်အခါ ၎င်းက-

"မြန်မာဖက်ခြမ်းက တရားမ၀င်ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို အဲဒီပွဲစားတွေက တစ်ယောက်ကို တာကာငွေ တစ်သိန်းခွဲကနေ နှစ်သိန်းထိတောင်းယူပြီး ပတ်စ်ပို့အတုနဲ့ လေယာဉ်လက်မှတ်ဝယ်ပေးပြီးတော့ မလေးရှား၊စင်္ကာပူစတဲ့နိုင်ငံတွေကို လူထောင်ချီပို့ခဲ့ပါတယ်။ ဒီမြန်မာဖက်က၀င်လာတဲ့လူတွေထဲက အများစုဟာ အဲဒီမှာ ရာဇ၀တ်မှုတွေကိုကျူးလွန်ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့လူတွေဖြစ်ပါတယ်။ အဲဒီလူတွေဟာဘင်္ဂလားဒေ့ရှ်ပတ်စ်ပို့ကိုင်ပြီး နိုင်ငံခြားကိုထွက်သွားတဲ့အချိန်မှာ ရောက်တဲ့နိုင်ငံတွေမှာ ပြဿနာတွေတက်တော့ ကျွန်တော်တို့နိုင်ငံအတွက် သိက္ခာကျစရာဖြစ်လာပြီး ခုဆိုရင် နိုင်ငံတကာအလုပ်သမားဈေးကွက်မှာ ဘင်္ဂလားဒေ့ရှ်အလုပ်သမားတွေဟာ နာမည်ပျက်တွေအများကြီး ဖြစ်ပြီး ဘင်္ဂလားအလုပ်သမားတွေကို ခေါ်ယူမှုတွေ အရင်ကထက် ကျဆင်းလာတာကို ကြုံနေရပါတယ်။"ဟု ပြောဆိုသွားပါသည်။

ယခုဖမ်းဆီးရမိသော ပွဲစားများနှင့် ဘင်္ဂလီများထံမှ တာကာငွေ ၂၃သိန်းကျော်နှင့် ပတ်စ်ပို့အတု၊လေယာဉ်လက်မှတ်များ သိမ်းဆည်းရမိပြီး ဘင်္ဂလားဒေ့ရှ်လ၀ကဥပဒေဖြင့် တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသွားပါသည်။

ဆင်းရဲကျပ်တည်း၍ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်ဟု နိုင်ငံတကာမှလက်ခံယုံကြည်နေကြသည့် အဆိုပါဘင်္ဂလီရိုဟင်ဂျာများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ ပတ်စ်ပို့အတုလုပ်၍ နိုင်ငံခြားသို့ခရီးထွက်ရန် ဤမျှများပြားလှသည့်ငွေကြေး ပမာဏကို မည်ကဲ့သို့ရရှိခဲ့သနည်း ဟူသောမေးခွန်းတစ်ခုက စောင့်ကြည့်လေ့လာသူများအတွက် ယခုအချိန်ထိ အဖြေမရနိုင်သေးကြောင်း သိရှိရပါသည်။

Myanmar Express


2 comments:

မြန်မာနိုင်ငံသား လို့ပြောရအောင် ဘာတေ အထောက်အထားများ ရှိလို့လဲ ကုလားတေ လူပါးဝ လွန်းတယ် သမတကလည်း ပျော့ညံ့လွန်းတယ် ကွာ.....

သူတို့ လိမ်တိုင်းခံနေရမှာလား ဘင်္ဂါလီပါဆိုမှ ဘင်္ဂလားဒေ့ရှ် ကပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်