Subscribe to our RSS Feed

ယနေ့ အရည်အချင်းမရှိပဲ ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေသူများ ကိုယ်အသုံးမကျတာကို အစိုးရဖက် လှည့်ပြီး အပစ်တင်မှုနောက်ဆက်တွဲ နောက်လာနောက်သားတွေ ခံရ


ယနေ့ အရည်အချင်းမရှိပဲ ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေသူများ ကိုယ်အသုံးမကျတာကို အစိုးရဖက် လှည့်ပြီး အပစ်တင်မှုနောက်ဆက်တွဲ နောက်လာနောက်သားတွေ ခံရနေသလို ဖြစ်နေကြောင်း ယနေ့ ကျောင်းသားမိဘများက ပြောဆိုကြသည်။

ဘွဲ့ရတွေ များပြီး အရည်အချင်းမရှိကြသဖြင့် အရည်အချင်းရှိသူများကိုသာ ဘွဲ့ပေးတော့မည်ဖြစ်ရာ ကျောင်းသားလက်ခံမှု လျှော့ချလိုက်ခြင်းကြောင့် နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့် အမှတ်ကန့်သတ်ချက်သည် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၅၀၀ ထိရောက်ရှိနိုင်ကြောင်း သတင်းရရှိသည်။

အထူးသဖြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့် ကန့်သတ်ချက်မှာ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၅၀၀ ကျော်ထိရောက်ရှိ သွားနိုင်ပြီး ဆေးတက္ကသိုလ်များ၊ အဆင့်မြင့်နည်းပညာတက္ကသိုလ်များ၊ ရေကြောင်းပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် နိုင်ငံခြားဘာသာတက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမည်ဖြစ်သည်။

“အခု ယောက်ျားလေးတွေက အဆင့်မြင့်နည်းပညာ တက္ကသိုလ်တွေကို အဓိက လျှောက်ကြတယ်။ မိန်ကလေးတွေကတော့ ဆေးတက္ကသိုလ်ကို လျှောက်ကြတယ်။ ကျောင်းဝင်ခွင့်က ထက် ၀က်လောက် လျှော့ချလိုက်တော့ အမှတ်သတ်မှတ်ချက်တွေ မနှစ်ကထက် ၁၀ မှတ်လောက် တက်သွားဖို့ရှိတယ်”ဟု တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ကျောင်းဝင်ခွင့်ဦးရေ လျှော့ချလိုက်ခြင်းကြောင့် နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် ကျောင်းဝင်ခွင့် ရရှိရန် ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၅၀၀ ကျော်နှင့် ကျောင်းသားများအနေ ဖြင့် ၄၈၀ ခန့် ရရှိထားရန် လိုအပ်နိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။

ယင်းအခြေအနေကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသားများအနေဖြင့် ယခင်နှစ် အသက်

မွေးဝမ်းကျောင်းဝင်ခွင့် အမှတ်မီခဲ့သော်လည်း ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူရဖွယ်ရှိနေသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်ကန့်သတ်ချက်

တက္ကသိုလ် -------- ကျား --- မ
ဆေးတက္ကသိုလ်များ -- ၄၆၈ ၄၉၈
ရေကြောင်းပညာတက္ကသိုလ် -- ၄၈၆ ၄၉၃
သွားဘက်ဆိုင်ရာ -- ၄၅၇ ၄၉၄

ဆေးတက္ကသိုလ်များ
ဆေးဝါးတက္ကသိုလ်များ ၄၇၃ ၄၇၃
ဆေးဘက်ဆိုင်ရာ ၄၅၈ ၄၅၈

နည်းပညာတက္ကသိုလ်များ
လေကြောင်းနှင့် အာကာသ
ပညာတက္ကသိုလ်၄၃၁ ၄၃၁
အခြေခံကျန်းမာရေး
တက္ကသိုလ် ၄၃၄ ၄၅၇

ပညာရေးတက္ကသိုလ်များ သိပ္ပံတွဲ(၄၂၄)၊ သိပ္ပံတွဲ(၄၅၉)၊
ဝိဇ္ဇာတွဲ(၃၉၉) ၀ိဇ္ဇာတွဲ(၄၁၆)
နိုင်ငံခြားဘာသာတက္ကသိုလ်
(အင်္ဂလိပ်စာ)
ရန်ကုန်(၄၈၆)၊ ရန်ကုန်(၄၈၆)၊
မန္တလေး(၄၇၄) မန္တလေး(၄၇၄)

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်