Subscribe to our RSS Feed

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်များ တွေ့ဆုံမည်


From : 7day

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်များ၌ ကရင်ပြည်နယ် ဘားအံမြို့တွင် တွေ့ဆုံရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူလူထုဘ၀ လုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်များ နေရာပြန်လည်ချထားရန်နှင့် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို
အဓိကထား ဆွေးနွေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မူလက တတိယအကြိမ်မြောက် တွေ့ဆုံမှုကို သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း မတွေ့ဆုံဖြစ်ခဲ့ပေ။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့သည် ၂၀၁၂ ဇန်န၀ါရီလတွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက်၊ ဧပြီလဆန်းတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်