Subscribe to our RSS Feed

မိုဘိုင်းဖုန်း၏ တည်နေရာအား ရှာဖွေသိရှိနိုင်ခြင်းနှင့် စွယ်စုံသုံးလမ်းညွှန် ပါဝင်သည့် ဆော့ဖ်ဝဲလ်အခမဲ့ဖြန့်ချိ


From : ခေတ်လူငယ်

မိုဘိုင်းဖုန်းတစ်လုံး၏ တည်နေရာအား ရှာဖွေသိရှိနိုင်သည့် Phone Finder နှင့် စွယ်စုံသုံးလမ်းညွှန် (Multi-Directories) ပါဝင်သည့် GOthere Myanmar မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အား Giga Gates Co.,LTD မှ အခမဲ့ ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နေ့စဉ်အသုံးဝင်သည့် လမ်းညွှန်များ၊ တည်နေရာ အချက်အလက်များ၊ ဖတ်ရှုသင့်သော သတင်းများနှင့် ဖုန်းတစ်လုံး၏ တည်နေရာကို ရှာဖွေသိရှိနိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး Android OS စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ '' Android OS 2.2 နဲ့အထက်မှာ သုံးလို့ရပါတယ်။ Version အနေနဲ့ Beta 1.0 ပေးထားပါတယ်။ မကြာခင် နီးစပ်ရာ နေရာတိုင်းမှာ အခမဲ့ ရယူနိုင်အောင် လုပ်ပေးသွားမှာပါ။ အခု လတ်တလောအနေနဲ့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.go-there-myanmar.com မှာ အခမဲ့ Download လုပ်လို့ရပါတယ်'' ဟု Giga Gates မှ Projector Director ကိုမိုးသန့်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်