Subscribe to our RSS Feed

“ယူနီကုဒ်ရေးဆွဲသည့် NLP အဖွဲ့ကိုဖျက်သိမ်း”


From : Planet

ကွန်ပျူတာသုံးမြန်မာစာ ယူနီကုဒ်စနစ်နှင့်ပတ်သက်၍ လူသိများပြားသည့် Natural Language Processing (NLP) အဖွဲ့ကိုဖျက်သိမ်းလိုက်သည်ဟု အဆိုပါအဖွဲ့မှ ၀န်ထမ်းတစ်ဦးကပြောသည်။ “အခုလ ၂၃ ရက်နေ့ကမှ အဖွဲ့ကိုဖျက်သိမ်းလိုက်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင်သုံးဦးကို နည်းပညာဌာနရဲ့ အင်ဂျင်နီချုပ်ကခေါ်ပြီးပြောတာ။ စာအရဆိုရင် ၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့ကတည်းက ဖျက်သိမ်းခဲ့တာလို့ပြောတယ်။ သ
ိတာတော့အခုမှသိတာပါ”ဟု အဆိုပါဝန်ထမ်းကပြောသည်။

NLP အဖွဲ့သည် ယခင်က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်လက် အောက်၌ ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစတင်၍ သတင်းအချက်အလက်နှင့်နည်းပညာဌာန လက်အောက်သို့ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ “အခုဝန်ထမ်း ၃၇ ဦးရှိတယ်။ ဘာကြောင့်ဖျက် သိမ်းတယ်ဆိုတာလည်း တိတိကျကျတော့မသိသေးဘူး။ လျော်ကြေးရမှာလားဆိုတာလည်းမသိသေးပါဘူး။ ဒီလ ၃၁ ရက်နေ့အထိတော့ ရုံးတက်ဦးမှာပါ”ဟု ၎င်းကပြောသည်။

အဆိုပါအဖွဲ့သည် ကွန်ပျူတာသုံးမြန်မာစာနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သောအဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိအစိုးရ၀န်ကြီးဌာနများ၌ စံသက်မှတ်ချက်အဖြစ်အသုံးပြုနေသည့် Myanmar 3 ဖောင့်ကိုရေးဆွဲခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်